Sun. Aug 14th, 2022

#Unicode Version

၁။ သင့်ကိုမခံချင်အောင်‌ ပြောသူတွေကို ခွင့်လွှတ်လိုက်ပါ

တချို့က ပေါင်းသင်းဆက်ဆံရေး ညံ့သလို စကားပြော စွမ်းရည်လည်း မကောင်းကြပါဘူး။ တချို့ကျတော့စကားနဲ့ မခံချင်အောင် တမင် ရည်ရွယ်ပြီး ပြောတတ်ကြပါတယ်။ ဒါဟာ သင့်ကို တစ်နေရာရာမှာ ရှုံးနိမ့်နေလို့ပါ။ အေးဆေး တည်ငြိမ်မှုနဲ့သာ သည်းခံခွင့်လွှတ်လိုက်ပါ။ ဆိတ်ဆိတ်နေ ခြင်းဟာ အကောင်းဆုံး အနိုင်ယူလိုက်ခြင်း တစ်မျိုးပါပဲ။ သူတို့ နှစ်ကြိမ်ရှုံးနိမ့်သွားပါလိမ့်မယ်။

၂။ အတင်းအဖျင်းများကို ခွင့်လွှတ်လိုက်ပါ

တချို့က တစ်ပါးသူအတင်းကို ပြောရရင် အရသာတစ်ခုလို ဖြစ် နေတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ဝါသနာတစ်ခု လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အတင်းဝါသနာထုံသူတွေ ဘယ်လောက်ပဲ ပြောကြပါစေ။ သင့်ရဲ့ အမှန်တရားတွေကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ အတင်း အဖျင်းတွေဟာ အထင်လွဲ အမြင်လွဲ ၊ ဝေဖန်သုံးသပ်မှု အလွဲများသာ အများဆုံးပါဝင်နေတတ်တာမို့ အမှိုက်ထုပ် တစ်ထုပ်နဲ့သာ တူနေနိုင်ပါတယ်။ ဒါကြောင့် အဲဒီအမှိုက်ထုပ် ကို အချိန်ကုန်ခံ သယ်ဆောင်နေသူများကို ပြန်စောင့်ကြည့် ပြီး အချိန်ဖြုန်းမနေဖို့ လိုပါတယ်။

၃။ အလျင်လိုနေသူကို ခွင့်လွှတ်လိုက်ပါ

 

တချို့က အရေးကြီးကိစ္စတစ်ခုကိုသာ ရှေးရှုပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်မိ ဖြစ်တတ်ကြပါတယ်။ လမ်းသွားရင်း ဖြစ်စေ ၊ ကားစီးရင်းဖြစ်စေ ဒီအဖြစ်မျိုးကို ကြုံဖူးမှာပါ။ တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင်လည်း သတိလွတ်ပြီး ထိုသို့ပြုမူမိနိုင်တာမို့ သည်းခံခွင့်လွှတ်ပေးလိုက်ပါ။

Credit: Kaung Sam Thar

#Zawgyi Version

သင့္ကိုမခံခ်င္ေအာင္‌ ေျပာသူေတြကို ခြင့္လႊတ္လိုက္ပါ

၁။ သင့္ကိုမခံခ်င္ေအာင္‌ ေျပာသူေတြကို ခြင့္လႊတ္လိုက္ပါ

တခ်ိဳ႕က ေပါင္းသင္းဆက္ဆံေရး ညံ့သလို စကားေျပာ စြမ္းရည္လည္း မေကာင္းၾကပါဘူး။ တခ်ိဳ႕က်ေတာ့စကားနဲ႔ မခံခ်င္ေအာင္ တမင္ ရည္႐ြယ္ၿပီး ေျပာတတ္ၾကပါတယ္။ ဒါဟာ သင့္ကို တစ္ေနရာရာမွာ ရႈံးနိမ့္ေနလို႔ပါ။ ေအးေဆး တည္ၿငိမ္မႈနဲ႔သာ သည္းခံခြင့္လႊတ္လိုက္ပါ။ ဆိတ္ဆိတ္ေန ျခင္းဟာ အေကာင္းဆုံး အႏိုင္ယူလိုက္ျခင္း တစ္မ်ိဳးပါပဲ။ သူတို႔ ႏွစ္ႀကိမ္ရႈံးနိမ့္သြားပါလိမ့္မယ္။

၂။ အတင္းအဖ်င္းမ်ားကို ခြင့္လႊတ္လိုက္ပါ

တခ်ိဳ႕က တစ္ပါးသူအတင္းကို ေျပာရရင္ အရသာတစ္ခုလို ျဖစ္ ေနတတ္ၾကပါတယ္။ တစ္နည္းအားျဖင့္ ဝါသနာတစ္ခု လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ အတင္းဝါသနာထုံသူေတြ ဘယ္ေလာက္ပဲ ေျပာၾကပါေစ။ သင့္ရဲ႕ အမွန္တရားေတြကို ေျပာင္းလဲပစ္ႏိုင္မွာ မဟုတ္ပါဘူး။ တကယ္ေတာ့ အတင္း အဖ်င္းေတြဟာ အထင္လြဲ အျမင္လြဲ ၊ ေဝဖန္သုံးသပ္မႈ အလြဲမ်ားသာ အမ်ားဆုံးပါဝင္ေနတတ္တာမို႔ အမႈိက္ထုပ္ တစ္ထုပ္နဲ႔သာ တူေနႏိုင္ပါတယ္။ ဒါေၾကာင့္ အဲဒီအမႈိက္ထုပ္ ကို အခ်ိန္ကုန္ခံ သယ္ေဆာင္ေနသူမ်ားကို ျပန္ေစာင့္ၾကည့္ ၿပီး အခ်ိန္ျဖဳန္းမေနဖို႔ လိုပါတယ္။

၃။ အလ်င္လိုေနသူကို ခြင့္လႊတ္လိုက္ပါ

တခ်ိဳ႕က အေရးႀကီးကိစၥတစ္ခုကိုသာ ေရွးရႈၿပီး ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္မိ ျဖစ္တတ္ၾကပါတယ္။ လမ္းသြားရင္း ျဖစ္ေစ ၊ ကားစီးရင္းျဖစ္ေစ ဒီအျဖစ္မ်ိဳးကို ႀကဳံဖူးမွာပါ။ တစ္ခါတစ္ခါ ကိုယ္ကိုယ္တိုင္လည္း သတိလြတ္ၿပီး ထိုသို႔ျပဳမူမိႏိုင္တာမို႔ သည္းခံခြင့္လႊတ္ေပးလိုက္ပါ။

Credit: Kaung Sam Thar

Leave a Reply

Your email address will not be published.