Wed. Oct 27th, 2021

#Unicode Version

 

( 1 ) ဘွဲ့ရအောင် မနေခဲ့ရလို့။

( 2 ) အလုပ်က အရမ်းပင်ပန်းတယ်။

( 3 ) အချိန်ပြည့် ကျွန်လိုလုပ်နေရတာ။

( 4 ) လုပ်ရတာနဲ့ ရတဲ့လစာက မတန်ဘူး။

( 5 ) မိဘကတောင် ငါ့ကို မငေါက်ဘူး။

( 6 ) ချမ်းသာတဲ့အသိုင်းအဝိုင်းမှာ လူမဖြစ်ရတာနာတယ်။

( 7 ) ငါက အရမ်းဆင်းရဲတာ ဒါတွေ ဝယ်နိုင်မှာမဟုတ်ဘူး။

( 8 ) ထီပေါက်သလို နေ့ခြင်း ညခြင်း ချမ်းသာရင်ကောင်းမယ်။

( 9 ) ဘယ်တတ်နိင်မှာလဲ ငါက ကံမှမကောင်းတာ။

(10) ငါ့မှာ အားပေးမယ့်သူမှမရှိတာ ကြိုးစားနေလဲ အလကားပဲ။

(11) ဒီအလုပ်က စည်းကမ်းကြီးလို့ထွက်လာတာ မင်းလဲမလုပ်နဲ့။

(12) သူတို့လိုမှ မတော်တာ ငါလုပ့်နိင်ပါ့မလား။

(13) တစ်ယောက်ယောက်က အလုပ်လာခေါ်ရင် ကောင်းမှာပဲ။

(14) ငါ့လက်ထဲမှာငွေမှ မရှိတာ ဘယ်လိုလုပ်စီးပွား ဖြစ်မှာလဲ။

(15) ငါလည်းလုပ်နေတာပဲ ဖြစ်မလာတော့ မတတ်နိင်ဘူး။

အထက်ပါ အချက်တွေနဲ့ ဘဝမှာညည်းညူနေရင် မိတ်ဆွေရဲ့ ဘဝက ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး။ ဒီအကျင့်ဆိုး စရိုက်တွေကို အခုပဲ စွန့်လွှတ်ပြစ်လိုက်ပါ။

မိတ်ဆွေ အောင်မြင်မှုဆိုတာ ပန်းတိုင်တစ်ခုပဲ ပန်းတိုင်ဆိုတာ ဦးတည်ချက်ပေါ့။ ခရီးဆုံးတော့ မဟုတ်သေးဘူး။ အောင်မြင်ခြင်းဆိုတာ ကိုယ်ဝါသနာပါရာ အတတ်ပညာတစ်ခုခုကို အရင်းပြုပြီး ပေါက်မြောက်အောင် စွမ်းဆောင်နိုင်ခြင်းကို အောင်မြင်မူလို့ခေါ်ပါတယ်။

မိတ်ဆွေ ချမ်းသာခြင်းဆိုတာ ဘ၀အဆုံးမဟုတ်ပါဘူး။ အများစုက ပိုက်ဆံစုတာကို ကလေးကလား ဆန်တယ်လို့ တွေးနေတတ်ကြတယ်။

အဲ့ဒါကြောင့်လည်း ပိုက်ဆံစုဖို့ လူတော်တော်များများ မလုပ်နိင်ကြတာ။ ချမ်းသာခြင်းကို တွေ့မှ ဘဝဆိုတာက စတာပါ။ အောင်မြင်မူနဲ့ချမ်းသာခြင်းရဲ့ ကွာခြားမူက ဒါပါပဲ။

မိတ်ဆွေ ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးတဲ့သူတွေ အကျိုးလိုမှ ညောင်ရေလောင်းတာထက် လိုမှပေါင်းတဲ့ သူတွေကို လုံး၀ အချိန်ကုန်မခံပါနဲ့။

မိမိ အနာဂတ်က မိမိကိုယ်တိုင် ပုံဖော်နိင်အောင်ကြိုးစားပါ။ ပတ်၀န်းကျင်ရဲ့ ပုံဖော်ခြင်းခံရသူ မဖြစ်ဖို့အရေးကြီးတယ်။ အဓိက မှာချင်တာက ပိုင်ဆိုင်ဖို့အတွက် မိမိဘက်ကဘာတွေ ပေးဆပ်ရမလည်းဆိုတာ တွေးထားပါ။

မိတ်ဆွေ ငယ်ငယ်က မုန့်ခိုးစားလို့ မိဘက ရိုက်တဲ့အခါ ငါအသက်ကြီးလာရင် မုန့်တွေအများကြီးဝယ်စား ပစ်လိုက်မယ်ဆိုတဲ့ အတွေးမျိုး က​‌‌လေးဘဝမှာ ချန်ထားခဲ့လိုက်ပါ။ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ပေါ်က အင်္ကျီအဝတ်စားတွေ ဘာကြောင့် ဝတ်နေရတာလဲ မေးရင် မိတ်ဆွေ ဘာဖြေမလဲ?? ကျွန်တော် ပြောပြမယ်။
အရှက် တရားအတွက် မဖြစ်မနေ ဝတ်နေရမယ့်အရာပဲ။

ဘဝ ဆိုတာ ဒါပဲ။ အနာဂတ်အတွက် မဖြစ်မနေမိတ်ဆွေ ကြိုးစားနေရလိမ့်မည်။

 

Leave a Reply

Your email address will not be published. Required fields are marked *