success
“ပိုက်ဆံချမ်းသာလာတဲ့အခါ မှားလေ့မှားထရှိကြတဲ့ အမှားများ”
#Unicode Version
၁။ ငွေပိုသုံးလာပြီး ချွေတာမှုအားနည်းလာမယ်
အရင်က ငွေကြေးမချမ်းသာလို့ ငွေကို နည်းနည်းလေး သုံးတတ်ပေမယ့် ချမ်းသာလာတဲ့အခါမှာ ငွေကို များများသုံးလာပြီး ချွေတာမှု အားနည်းလာတဲ့ အမှားများ ဖြစ်တတ်ပါတယ်။ဒါကြောင့် ငွေပိုဝင်လာရင် ချွေတာပြီး စုဆောင်းပါ။
၂။ အလုပ်လုပ်တာအားနည်းလာပြီး အပျော်အပါး
ပိုများလာတတ်တယ်
ငွေကြေးချမ်းသာ ကြွယ်ဝလာပြီဆိုတာနဲ့ အလုပ်လုပ်တဲ့အပိုင်းမှာ အရင်ကထက် အားနည်းလာတတ်ပါတယ်။ ချမ်းသာလာတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းကလည်း များလာတော့ အပျော်အပါးမှာ အချိန်ပိုသွားနိုင်ပါတယ်။ဒါကြောင့် သတိထားပါ။
၃။ ချမ်းသာအောင်ကူညီပေးတဲ့ သူတွေကိုမေ့ပြီး မြှောက်ပင့်ပေးတဲ့ သူတွေနဲ့ သာယာတတ်တယ်
စည်းစိမ်ဥစ္စာတွေ ကြွယ်ဝလာပြီဆိုရင် မိမိကိုလူတွေက မြှောက်ပင့်ပြီးပေါင်းလာကြပါလိမ့်မယ်။ အဲဒီလို မြှောက်ပင့်သူတွေနဲ့ သာယာပြီး မိမိကိုချမ်းသာအောင် ကူညီသူများကိုတော့ မေ့နေတတ်ပါတယ်။ အဲဒီလို မဖြစ်ပါစေနဲ့။
၄။ မလိုအပ်တဲ့ပစ္စည်းတွေကို စိတ်ကျေနပ်ဖို့အတွက် ဝယ်ဖြစ်တယ်
ပိုက်ဆံမချမ်းသာတုန်းကတော့ ပစ္စည်းတစ်မျိုး ဝယ်မယ်ဆိုရင် တကယ်လိုအပ်ပြီး အသုံးတည့်တာတွေကိုပဲ ဝယ်ဖြစ်ခဲ့ပေမယ့် ချမ်းသာလာတဲ့အခါမှာ နည်းနည်းလေး လိုအပ်တာနဲ့ ဝယ်ဖြစ်ခဲ့လိုက်တယ်။ နောက်ဆုံးတော့ အိမ်မှာ အမှိုက်တွေဖြစ်သွားခဲ့တာပေါ့။ ဒါကြောင့် သတိထားပါ။
၅။ ဘဝမေ့ပြီး ဘဝင်မမြင့်စေနဲ့
မိမိရဲ့ အရင်တုန်းက ဘဝကို မေ့နေတတ်တယ်။ ချမ်းသာလာပြီဆိုရင် အစစအရာရာ ပြောင်းလဲသွားလို့ ဘဝမေ့ပြီး ဘဝင် မြင့်လာတတ်တယ်။ ဒီအတွက်တော့ ဘဝမေ့ပြီး ဘဝင်မမြင့်ပါစေနဲ့။
Credit: Original Writer\
#Zawgyi Version
Common Mistakes When You Get Rich
ပိုများလာတတ်တယ်
Leave a Comment