Daily News





credit Shoon (Cele Daily)

Unicode

ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို အတူတူရရှိအောင် ကြိုးစားကာ လူအများကို အံ့အားသင့်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည့် သားအမိနှစ်ဦး

အမေရိကန်နိုင်ငံတွင် Cynthia Kudjiဆိုသည့်မိခင်နှင့်သမီးဖြစ်သူ Jasmine Kudjiတို့ဟာ ဆေးတက္ကသိုလ်မှ ဆရာဘွဲ့ကို အတူတူရရှိအောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူ Cynthia Kudjiဟာ ဂါနာနိုင်ငံသူဖြစ်ပြီး သူမဟာ ဆရာဝန်အလွန်ဖြစ်ချင်သည့် ဆန္ဒရှိနေခဲ့သည့်အတွက် အမေရိကန်သို့ ဆေးကျောင်းတက်ရန် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အိမ်ထောင်ကျကာ သမီးလေးဖြစ်ဖွားရန်ဖြစ်လာခဲ့သည့်အတွက် ကျောင်းမတက်တော့ဘဲ ကျောင်းကို ရပ်နားထားခဲ့တာဖြစ်ပါတယ်။သမီးဖြစ်သူအရွယ်ရောက်လာသောအခါမှ သမီးဖြစ်သူဟာလည်း ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့သောကြောင့် မိခင်ဟာ ကျောင်းပြန်တက်ဖို့ စိတ်ကူးရရှိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ တက္ကသိုလ်တစ်ခုတည်းတွင် တက်ရောက်ခဲ့ရတာမဟုတ်ဘဲ တစ်ခုစီတက်ခဲ့ရတာဖြစ်ပြီး ဘွဲ့ရသည့်အချိန်မှသာ တစ်နှစ်တည်း အတူတူရရှိခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Leave a Comment