Daily News

တစ်နေ့ကိုမဖြစ်စလောက် လောက်သာ ဝင်ငွေရှိပေမယ့်လည်း သားသမီးများအားလုံးကို ကျောင်းသို့ရအောင်ပို့ပေးခဲ့တဲ့ ဖခင်တစ်ဦး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၅၁ နှစ်အရွယ် Cristito Quimado အမည်ရှိဖခင်တစ်ဦးဟာ အမှိုက်သိမ်းသူတစ်ဦးဖြစ်ပေမဲ့လည်း သူ့ရဲ့သားသမီးအားလုံးကို ကျောင်းထားနိုင်ပြီး အသက် ၂၀ အရွယ် Jenny Rose Quimado အမည်ရှိ သူ့သမီးလေးကိုလည်း ကောလိပ်ဘွဲ့ရအောင် သေချာစီမံပေးနိုင်ခဲ့ပါတယ်။ Cristito Quimado ရဲ့အမှိုက်သိမ်းအလုပ်က တစ်နေ့လျှင် ၁၀ ဒေါ်လာလောက်သာရပေမဲ့လည်း သူဟာ အစားအစာအတွက်နဲ့ သူ့ရဲ့ကလေးများအားလုံးရဲ့ပညာရေးအတွက်ကျောင်းပို့ပေးခြင်းကို မရပ်တန့်စေခဲ့ပါဘူး။ Cristito Quimado ဟာ အမှိုက်သိမ်းသူအလုပ်က ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်တာကို သိတာကြောင့် သူ့ရဲ့ကလေးများကိုလည်း သူနဲ့တူညီတဲ့လမ်းမလျှောက်လမ်းရန် စိတ်ပိုင်းဖြတ်ထားခဲ့ပုံရပါတယ်။ ပညာရေးက ကျွန်တော့်ကလေးတွေကို ပေးနိုင်တဲ့တစ်ခုတည်းသောအရာပါ လို့လည်း Cristito Quimado က ပြောခဲ့ပါတယ်။

Cristito Quimado ဟာ မနက်တိုင်း မနက် ၃ နာရီမှာအိပ်ရာထကာ မနက် ၄ နာရီမှာအလုပ်သွားရပြီး သူ့ရဲ့သွေး၊ ချွေးနှင့်မျက်ရည်အားလုံးများက သူ့မိသားစုအတွက်သာဖြစ်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားမှုကြောင့်ဘဲ သူ့သမီးကိုလည်း ကောလိပ်မှဘွဲ့ရအောင် စီမံပေးနိုင်ခဲ့ပါတယ်။ “ အဲ့အလုပ်က သူ့အပေါ်မတရားနေရင်တောင် အဖေက သူ့မိသားစုအတွက်ခံနိုင်ရည်ရှိပြီး ဆက်လုပ်နေအုံးမှာပါ၊ အဖေက ဖခင်တစ်ယောက်အနေနဲ့ သူ့မိသားစုအတွက် သူဘာလုပ်ရမလဲဆိုတာကို သူကောင်းကောင်းသိနေတယ် “ လို့ သမီးဖြစ်သူ Jenny Rose Quimado က ပြောကြားခဲ့ပါတယ်။ nutrition and food technology ရှိ သိပ္ပံဘွဲ့ရရှိထားတဲ့ Jenny Rose Quimado ဟာ ယခုအခါ သူမရဲ့မိသားစုကို ပြန်လည်ထောက်ပံ့နိုင်အောင် အလုပ်စလုပ်ဖို့ကိုမစောင့်နိုင်တော့ကြောင်းလည်း ဆက်ပြောထားခဲ့ပါတယ်။

Cristito Quimado မှာ အခက်အခဲတွေရှိနေပေမယ့် သူ့ရဲ့အနစ်နာခံမှုကို နားလည်သဘောပေါက်နေခဲ့တဲ့ကလေးများရှိနေခြင်းကလည်း ကောင်းချီးမင်္ဂလာတစ်ပါးလိုပါပဲ။ သူက ယခုချိန်ထိအမှိုက်သိမ်းသူအဖြစ်သာ အလုပ်လုပ်နေဆဲဖြစ်ပေမဲ့လည်း သူဟာ တကယ့်ကို မိသားစုအတွက် ကိုယ်ကျိုးမငဲ့ အနစ်နာခံတတ်တဲ့လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဖခင် Cristito Quimado ကမ္ဘာပေါ်မှာ ပညာရေးကို ဘယ်အရာကမှအနိုင်ယူနိုင်ခြင်းမရှိဘူးဆိုတဲ့အချက်ကို သတိပြုမိခဲ့ပုံရပြီး သားသမီးတွေကို ပြီးပြည့်စုံတဲ့ဘဝမျိုးမှာ နေနိုင်ဖို့ အထူးမျှော်လင့်ထားခဲ့ပုံရပါတယ်။

.

.

.

Mia (KB Chimmy One)

Reference : goodtimes

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံမွ အသက္ ၅၁ ႏွစ္အ႐ြယ္ Cristito Quimado အမည္ရွိဖခင္တစ္ဦးဟာ အမႈိက္သိမ္းသူတစ္ဦးျဖစ္ေပမဲ့လည္း သူ႔ရဲ႕သားသမီးအားလုံးကို ေက်ာင္းထားႏိုင္ၿပီး အသက္ ၂၀ အ႐ြယ္ Jenny Rose Quimado အမည္ရွိ သူ႔သမီးေလးကိုလည္း ေကာလိပ္ဘြဲ႕ရေအာင္ ေသခ်ာစီမံေပးႏိုင္ခဲ့ပါတယ္။ Cristito Quimado ရဲ႕အမႈိက္သိမ္းအလုပ္က တစ္ေန႔လွ်င္ ၁၀ ေဒၚလာေလာက္သာရေပမဲ့လည္း သူဟာ အစားအစာအတြက္နဲ႔ သူ႔ရဲ႕ကေလးမ်ားအားလုံးရဲ႕ပညာေရးအတြက္ေက်ာင္းပို႔ေပးျခင္းကို မရပ္တန႔္ေစခဲ့ပါဘူး။ Cristito Quimado ဟာ အမႈိက္သိမ္းသူအလုပ္က ခက္ခဲတဲ့အလုပ္တစ္ခုျဖစ္တာကို သိတာေၾကာင့္ သူ႔ရဲ႕ကေလးမ်ားကိုလည္း သူနဲ႔တူညီတဲ့လမ္းမေလွ်ာက္လမ္းရန္ စိတ္ပိုင္းျဖတ္ထားခဲ့ပုံရပါတယ္။ ပညာေရးက ကြၽန္ေတာ့္ကေလးေတြကို ေပးႏိုင္တဲ့တစ္ခုတည္းေသာအရာပါ လို႔လည္း Cristito Quimado က ေျပာခဲ့ပါတယ္။

Cristito Quimado ဟာ မနက္တိုင္း မနက္ ၃ နာရီမွာအိပ္ရာထကာ မနက္ ၄ နာရီမွာအလုပ္သြားရၿပီး သူ႔ရဲ႕ေသြး၊ ေခြၽးႏွင့္မ်က္ရည္အားလုံးမ်ားက သူ႔မိသားစုအတြက္သာျဖစ္ခဲ့ေၾကာင္း အခိုင္အမာေျပာၾကားခဲ့ပါတယ္။ သူ႔ရဲ႕ႀကိဳးစားမႈေၾကာင့္ဘဲ သူ႔သမီးကိုလည္း ေကာလိပ္မွဘြဲ႕ရေအာင္ စီမံေပးႏိုင္ခဲ့ပါတယ္။ “ အဲ့အလုပ္က သူ႔အေပၚမတရားေနရင္ေတာင္ အေဖက သူ႔မိသားစုအတြက္ခံႏိုင္ရည္ရွိၿပီး ဆက္လုပ္ေနအုံးမွာပါ၊ အေဖက ဖခင္တစ္ေယာက္အေနနဲ႔ သူ႔မိသားစုအတြက္ သူဘာလုပ္ရမလဲဆိုတာကို သူေကာင္းေကာင္းသိေနတယ္ “ လို႔ သမီးျဖစ္သူ Jenny Rose Quimado က ေျပာၾကားခဲ့ပါတယ္။ nutrition and food technology ရွိ သိပၸံဘြဲ႕ရရွိထားတဲ့ Jenny Rose Quimado ဟာ ယခုအခါ သူမရဲ႕မိသားစုကို ျပန္လည္ေထာက္ပံ့ႏိုင္ေအာင္ အလုပ္စလုပ္ဖို႔ကိုမေစာင့္ႏိုင္ေတာ့ေၾကာင္းလည္း ဆက္ေျပာထားခဲ့ပါတယ္။

 

 

Cristito Quimado မွာ အခက္အခဲေတြရွိေနေပမယ့္ သူ႔ရဲ႕အနစ္နာခံမႈကို နားလည္သေဘာေပါက္ေနခဲ့တဲ့ကေလးမ်ားရွိေနျခင္းကလည္း ေကာင္းခ်ီးမဂၤလာတစ္ပါးလိုပါပဲ။ သူက ယခုခ်ိန္ထိအမႈိက္သိမ္းသူအျဖစ္သာ အလုပ္လုပ္ေနဆဲျဖစ္ေပမဲ့လည္း သူဟာ တကယ့္ကို မိသားစုအတြက္ ကိုယ္က်ိဳးမငဲ့ အနစ္နာခံတတ္တဲ့လူေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ ဖခင္ Cristito Quimado ကမာၻေပၚမွာ ပညာေရးကို ဘယ္အရာကမွအႏိုင္ယူႏိုင္ျခင္းမရွိဘူးဆိုတဲ့အခ်က္ကို သတိျပဳမိခဲ့ပုံရၿပီး သားသမီးေတြကို ၿပီးျပည့္စုံတဲ့ဘဝမ်ိဳးမွာ ေနႏိုင္ဖို႔ အထူးေမွ်ာ္လင့္ထားခဲ့ပုံရပါတယ္။

credit Mia (KB Chimmy One)

Leave a Comment