Daily News

ဓာတ်လှေကား ခဏခဏစီးရင်း မြင်ပါများတော့ ချစ်ကြိုက်သွားမိရာကနေ လက်ထပ်သည်ထိဖြစ်ခဲ့သော လူပုလေးတို့ ဇနီးမောင်နှံ

ဖိလစ်ပိုင်နိုင်ငံမှ Roqueနှင့် Tapalesအမည်ရှိသော ဇနီးမောင်နှံနှစ်ဦးသည် ရုပ်ရည်အသွင်အပြင်နှင့် ပက်သက်ပြီး အများဧ။်လှောင်ပြောင် ကဲ့ရဲ့ခြင်းတွေကို ခံနေရသည့်ကြားက ချစ်တဲ့စိတ်တစ်ခုတည်းနှင့် လက်ထပ်ခဲ့ကြသည်။

သူတို့နှစ်ဦးတွင် ကောင်လေးဖြစ်သူသည် မွေးရာပါ ပိုလီယိုရောဂါ ဝေဒနာကို ခံစားနေရခြင်းဖြင့် ကြီးထွားမှုနှုန်းရပ်တန့်ကာ မျက်လုံးတစ်ဖက်မှာလည်း ချို့ယွင်းခဲ့သည်။

သို့သော်လည်း ကောင်လေးသည် ကုမ္ပဏီတစ်ခုတွင် ဓာတ်လှေကားအစောင့်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရာ ချောမောလှပပြီး စိတ်ထားကောင်းသော မိန်းကလေးတစ်ဦးနှင့် တွေ့ခဲ့သည်။

မိန်းကလေးသည်လည်း ထိုကုမ္ပဏီဧ။် ဝန်ထမ်းတစ်ဦးဖြစ်ကာ အလုပ်လာစဥ် ဓာတ်လှေကားကို နေ့တိုင်းစီးရရင်း လူပုလေးနှင့် ချစ်ကြိုက်ခဲ့သည်။

ထို့နောက် သူတို့နှစ်ဦးသည် နှစ်ဖက်မိဘသဘောတူညီချက်နှင့်အတူ ပျော်ရွှင်ဖွယ် မင်္ဂလာပွဲလေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

Leave a Comment