Daily News
သားဖြစ်သူနှင့် တစ်အိမ်တည်းနေသော်လည်း စားဝတ်နေရေးအတွက် ကိုယ့်ဝမ်းကိုယ်ကျောင်းနေရဆဲဖြစ်သော အဖိုးအို
ဗီယက်နမ်နိုင်ငံမှ အသက် ၈၇နှစ်အရွယ် အဖိုးအိုသည် စားဝတ်နေရေးအတွက် နေ့စဥ်လမ်းမပေါ်ထွက်၍ ဓားသွေးခြင်းအလုပ်ကို လုပ်ကိုင်နေရသည်။
အဖိုးအိုသည် ဇနီးဖြစ်သူဆုံးပါးသွားသည့်နောက် သားသမီးနှစ်ယောက်ရှိကာ အိမ်ထောင်ကိုယ်စီကျကုန်ပြီး သမီးကလည်း ခင်ပွန်းခေါ်ရာနောက် လိုက်ပါသွားခဲ့သည်။
ထိုစဥ် အဖိုးအိုသည် သားဖြစ်သူနှင့်အတူ တစ်အိမ်တည်းအတူနေခဲ့ရာ စားစရိတ်အတွက် မထောက်ပံ့သည့်အတွက် သစ်သားခုံလေးနှင့်အတူ ဆွဲခြင်းအစုတ်တစ်လုံးအား လွယ်ကာ နေ့စဥ် ဆယ်ကီလိုမီတာခန့် မြို့ထဲလမ်းပေါ်လျှောက်ရင်း တုံးနေသော ဓား ကတ်ကြေးတို့ကို ထက်သည်ထိ သွေးပေးခြင်းဖြင့် နေပူမိုးရွာမရှောင် ဝင်ငွေရှာခဲ့သည်။
အဖိုးအိုဧ။်အဖြစ်ကို မြင်တွေ့သူများမှာ အသက်အရွယ်အိုမင်းနေပြီဖြစ်၍ ပြုစုစောင့်ရှောက်ပေးမည့် သားသမီးနှင့်အတူ အိမ်မာအနားယူသင့်ပြီဟု ဆိုကြသော်လည်း အဖိုးအိုဧ။်လက်တွေ့ဘဝမှာတော့ ပင်ပန်းဆင်းရဲစွာ လုပ်စားနေရဆဲဖြစ်သည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)
Leave a Comment