Daily News

မကြာခင်လက်ထပ်တော့မည့် ချစ်သူမိန်းကလေးအိမ်သို့အလည်လာသွားခဲ့ရာ ချစ်သူလေးဧ။်အတော်ဆုံးဟင်းချက်လက်စွမ်းကို မြင်တွေ့ခဲ့ရသော ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက် ၂၀ကျော်အရွယ် ကောင်လေးတစ်ဦးသည် စေ့စပ်ကြောင်းလမ်းထားသော ချစ်သူမိန်းကလေးဧ။် အိမ်ကိုသွားလာဝင်ထွက်လုပ်ခဲ့စဥ် လုံးဝမထင်မှတ်ထားသည့် မိန်းကလေးဧ။်ဟင်းချက်လက်ရာနှင့်အတူ ထမင်းစားခဲ့ရသည်။

မိန်းကလေးသည် ချစ်သူကောင်လေးမှ အိမ်သို့လာလည်မည်ဟု ဆိုသောအခါ ထမင်းဟင်းချက်ကျွေးချင်လို့ဆိုပြီး အစောကြီးထကာ စျေးသို့သွား၍ ဟင်းချက်စရာများ ဝယ်ယူခဲ့သည်။

သို့သော်လည်း မိန်းကလေးသည် ငယ်စဥ်ကတည်းက ချက်ပြုတ်ရေးရာကို စိတ်မဝင်စားခဲ့ပဲ မိခင်ဖြစ်သူချက်ကျွေးသော ထမင်းဟင်းကိုသာ ဆင်သင့်စားသုံးခဲ့သည့်အတွက် ယခုအခါဘယ်လိုချက်ပြုတ်ရမည်ကို မသိ၍ အခက်တွေ့နေခဲ့သည်။

နောက်ဆုံးတွင် မိန်းကလေးသည် အလွယ်ကူဆုံးသော ဟင်းတစ်မျိုးဖြစ်သည့် ကြက်ဥကို စျေးကဝယ်လာတဲ့ ဆူးပုတ်ရွက်နှင့်အတူ ကြော်ခဲ့သည်။

မိန်းကလေးသည် ဆူးပုတ်ရွက်ကို မချွေပဲ အစည်းလိုက်ကြော်ခဲ့သည့်အတွက် ကောင်လေးမှ ထမင်းစားသည့်အခါ ထိုဟင်းကို မြင်ပြီးမရယ်ပဲမနေနိုင်ဖြစ်ခဲ့သည်။

ထို့နောက် ကောင်လေးသည် သူဧ။်အနာဂတ် ဇနီးသည်ဖြစ်လာမည့် ချစ်သူလေးဧ။်လက်ရာကို တင်းနစ်ရိုက်တံဟင်း စားဖူးလားဆိုပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Hlaing (Love Feeling)

Zawgyi



မိန်းကလေးသည် ချစ်သူကောင်လေးမှ အိမ်သို့လာလည်မည်ဟု ဆိုသောအခါ ထမင်းဟင်းချက်ကျွေးချင်လို့ဆိုပြီး အစောကြီးထကာ ဈေးသို့သွား၍ ဟင်းချက်စရာများ ဝယ်ယူခဲ့သည်။


နောက်ဆုံးတွင် မိန်းကလေးသည် အလွယ်ကူဆုံးသော ဟင်းတစ်မျိုးဖြစ်သည့် ကြက်ဥကို ဈေးကဝယ်လာတဲ့ ဆူးပုတ်ရွက်နှင့်အတူ ကြော်ခဲ့သည်။



Hlaing (Love Feeling)

Leave a Comment