Daily News

ရေမြောင်းအနီးမှာ လဲလျောင်းနေတဲ့ အင်အားချည့်နဲ့နေတဲ့အဘွားအိုတစ်ဦးအား ကယ်ဆယ်ပေးခဲ့တဲ့ လုံခြုံရေးအစောင့်တစ်ဦး

ထိုင်းနိုင်ငံ Pathum Thani ပြည်နယ် ဘန်ကောက်မြို့အနီးရှိ တံတားတစ်ခုအောက်၌ ရေမြောင်းမှာ အထားခဲ့ခံခဲ့ရတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးရဲ့သတင်းကို တနင်္လာနေ့ (စက်တင်ဘာ ၆ ရက်) မှာ Shin Min Daily News သတင်းက ပြန်လည်ဖော်ပြထားခဲ့ပါတယ်။ တံတားအောက်ရှိ ရေမြောင်းအနီး ကြီးမားတဲ့ကြော်ငြာစာရွက်ကြီးတစ်ခုပေါ်မှာ လဲလျောင်းနေခဲ့တဲ့ အမည်မသိသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို လုံခြုံရေးအစောင့်တစ်ဦးက အမှတ်မထင်တွေ့သွားခဲ့ပြီး သူမကို ချက်ချင်းကယ်ဆယ်ကာ ရဲများကိုလည်း အကြောင်းကြားခဲ့ပါတယ်။

ထို့နောက် ထိုနေရာရှိ အဆိုပါအင်အားချည့်နဲ့ကာ ပိန်လှီနေတဲ့အဘွားရဲ့ အဝတ်အစားများနှင့်မျက်နှာသုတ်ပါဝါစတဲ့ သူမရဲ့ပစ္စည်းအထောက်အထားများကို အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

တွေ့ရှိခဲ့တဲ့လုံခြုံရေးအစောင့်က သူစတွေ့ခဲ့စဉ်က အဆိုပါအဘွားဟာ အလွန်ကို အားလျော့နေကြောင်းနှင့် ရေများသာ စီးဆင်းလာခဲ့ပါက သူမရေနစ်သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါအဘွားက သူမစိတ်လိုလက်ရ အိပ်ဖို့ မြောင်းထဲသို့ဆင်းသွားခဲ့ကြောင်းဖြေခဲ့ပေမဲ့လည်း သူမရဲ့ကိုယ်ခန္ဓာအခြေအနေအရ သူမကိုယ်တိုင် ထိုနေရာသို့မရောက်သွားနိုင်ဘူးလို့လည်း ရဲများကယူဆခဲ့ကြပါတယ်။

အဘွားကို ကယ်တင်ခဲ့ရာမှာ အဘွားဟာ သူမဘာသာတောင် သူမ မရပ်တည်နိုင်ခဲ့တာကြောင့် ရဲများရဲ့သံသယများက ပိုသေချာခဲ့ပါတယ်။ ထို့နောက် အဘွားရဲ့အထောက်အထားကို အတည်ပြုခဲ့ပြီးနောက်မှာ သူမဟာ မူလက Ayutthaya မြို့မှာ သူမရဲ့ကလေးများနဲ့အတူနေခဲ့တယ်ဆိုတာ ရဲများကသိရှိခဲ့ရပြီး အဘွားက ၎င်းတို့မသိထားတဲ့အကြောင်းတစ်ခုခုကြောင့်သာ ထိုနေရာမှာ ထားခဲ့ခံရပုံရကြောင်း ရဲများက ဆိုခဲ့ပါတယ်။

ရဲများက သူမရဲ့ပြန့်ကျဲနေတဲ့ပစ္စည်းများကြားမှ သူမရဲ့ဆေးရုံဝင်ခွင့်ကဒ်နှင့်ဆေးကဒ်များကိုပါ တွေ့ရှိခဲ့ပါတယ်။ အဘွားရဲ့အခြေအနေအား ရှင်းလင်းရန် လက်ရှိရဲများက သူမရဲ့ကလေးများကို ရှာဖွေနေပြီဖြစ်ပြီး လောလောဆယ်တော့ ထိုင်းပြည်တွင်းရှိ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက အဆိုပါအဘွားအား ဆေးရုံတင်ကာ လိုအပ်တဲ့ဆေးကုသမှုများပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ဘယ်လိုအကြောင်းအရင်းကြောင့် မရှင်းမလင်းဖြစ်နေပေမယ့်လည်း ဒီလိုအခြေအနေမှာ သူမကိုယ်သူမကာကွယ်ဖို့ဆိုတာမဖြစ်နိုင်တာကြောင့် ရဲများက မကြာခင်မှာ အဘွားရဲ့ကလေးများကို အမြန်ရှာတွေ့ပြီး အခြေအနေများလည်းအတည်တကျပြန်ဖြစ်လာလိမ့်မယ်လို့သာ မျှော်လင့်မိပါတယ်ဗျာ။

အဘွားလည်း သူမလက်ရှိခံယူနေတဲ့ဆေးကုသမှုကို ကောင်းကောင်းတုံ့ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Mia (KB Chimmy One)

Reference : mustsharenews

Leave a Comment