success
“ချမ်းသာဖို့အတွက် ပိုက်ဆံသုံးပါ”
#Unicode Version
“Spend money to get rich”
နည်းနည်းထူးဆန်းသွားလားခင်ဗျ!!
ကျွန်တော်တို့က ချမ်းသာဖို့ ပိုက်ဆံစုပါပဲ သိခဲ့တာလေ။သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ။သူတို့ဘဝတွေဟာ ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။ကျွန်တော်တို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်း ကျွန်တော်တို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်။
ဘာဖြစ်လို့လဲ ??
ကျွန်တော်တို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ကျွန်တော်တို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ်။ ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပါဘဲ။
အလုပ်သမား = ဝင်ငွေ to အသုံးစရိတ်
သူဌေး = အသုံးစရိတ် to ဝင်ငွေ
ဒါဆို သူဌေးတွေ ဘယ်လို ပိုက်ဆံသုံးတာလဲ ??
သူဌေးတွေဟာ Investment Spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံဖို့အတွက် ပိုက်ဆံ သုံးကြပါတယ်။ သူတို့ရဲ့ ပိုက်ဆံတွေကို စီးပွားရေးတိုးတက်ဖို့ လုပ်ငန်းတွေချဲ့ထွင်ဖို့ ပညာသစ်တွေရဖို့ အတွက်သုံးကြတယ်။ဒီတော့ သူတို့သုံးသမျှက သူတို့အတွက် ဝင်ငွေပြန်ဖြစ်လာတယ်။ များများသုံးလေ များများဝင်ငွေရလေပေါ့။ ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်း ချမ်းသာတော့တာပဲ။
သာမာန်အလုပ်သမားတွေ ဘယ်လို ပိုက်ဆံသုံးကြလဲ ?
ရသမျှကို သုံးဖို့ပဲစဉ်းစားကြတယ်။ လစာလေးရပြီဆိုပါစို့။ အဝတ်အစားလေးပြေးဝယ်။ ဆိုင်ကောင်းလေးပြေးထိုင်။အရက်လေးသောက်။ ဖုန်းအသစ်လေးကိုင်။ သာမာန်အလုပ်သမားတွေဟာ
ဝင်ငွေကို ဘယ်လိုသုံးမလဲပဲ စဉ်းစားတယ်။ အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေရအောင် လုပ်မလဲ မစဉ်းစားကြဘူး။
ဒီလိုနဲ့ ဆင်းရဲပြီးရင်း ဆင်းရဲလာတာပေါ့။ သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ်။
အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ ရှာတယ်။
သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ်။ (များများသုံး များများချမ်းသာ) အလုပ်သမားတွေရဲ့ ဝင်ငွေဟာတော့ သူတို့အတွက် အသုံးစရိတ်ပဲဖြစ်သွားတယ်။
(များများသုံး များများဆင်းရဲ)
ကျွန်တော်တို့ရဲ့ပိုက်ဆံကို ဆင်းရဲဖို့အတွက် သုံးမလား ?
ချမ်းသာဖို့အတွက် သုံးမလား ?
ဆင်းရဲဖို့သုံးမယ်ဆိုရင်တော့ လိုချင်တာတွေလျှောက်ဝယ်ပေါ့။ ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့ ရင်းနှီးမြုပ်နှံပေါ့။
Credit : Original Writer
Sharing By: # One daily Media
#Zawgyi Version
ဘာဖြစ်လို့လဲ ??
“Workers spend what they get, Rich men get what they spend” တဲ့
Sharing By: # One Daily Media
Leave a Comment