One Daily News

မဆင်မခြင် မကောက်ယူသင့်သည့် ကောက်ရပစ္စည်း(၁၀)မျိုး

မဆင်မခြင် မကောက်ယူသင့်သည့် ကောက်ရပစ္စည်း(၁၀)မျိုး

ကျွန်ုပ်တို့ဟာ တစ်ခါတစ်ရံ လမ်းပေါ်မှ လက်စွပ် ၊ ပိုက်ဆံအိတ် အစရှိသည်တို့ကို ကောက်ရတတ်ကြပါတယ်။ဤကဲ့သို့ ကောက်ယူကိုင်တွယ်မိခြင်းဟာ အခန့်မသင့်လျှင် ကျွန်ုပ်တို့ရဲ့ ကျန်းမားရေးနှင့် လူနေမှုဘဝများကို ထိခိုက်တတ်ကြောင်းလဲ သတိပြုကြရပါမယ်။

(၁) ပိုက်ဆံအိတ်

သင်ဟာ ရိုးသားစွာ ရဲလက်အပ်ရန် ရည်ရွယ်ချက်ဖြင့် ကောက်ယူခြင်း ဖြစ်နေစေကာမူ လှည့်ကွက်မိပြီး ‌သူခိုးဟုစွပ်စွဲခံရခြင်း ၊ ငွေညှစ်ခံရခြင်းများနဲ့ ကြုံတွေ့နိုင်ပါတယ်။ ထို့ကြောင့် မဆင်မခြင် ကောက်ယူခြင်းမျိုးကို သတိပြုရပါမယ်

(၂) တန်ဖိုးကြီး လက်ဝတ်လက်စားများ

ခေတ်ဟောင်းလှည့်ကွက်တစ်ခု ရှိတတ်ပါတယ်။တစ်စုံတစ်ယောက်ဟာ လက်ဝတ်ရတနာ အတုတစ်ခုကို လမ်းပေါ်မှ ကောက်ရဟန်ဆောင်ကာ သင့်အား လိမ်ညာရောင်းချရန် ကြိုးစားတတ်ကြပါတယ်။

(၃) နားကျပ်များ

နားကျပ်များတွင် အသုံးပြုသော ရာဘာအစွပ်လေးများဟာ ဘတ်တီးရီးယား ပိုးမွှားများစွာ ခိုအောင်းနေနိုင်သောကြောင့် မဆင်မခြင် ကောက်ယူအသုံးမပြုသင့်ပါဘူး။

(၄) လက်နက်အနေဖြင့်အသုံးပြုထားသော ဓားနှင့်အခြားပစ္စည်းများ

တာဝန်ရှိရဲများနှင့် ပြသာနာ မဆက်နွယ်ချင်ရင်တော့ မတော်တဆမှု တစ်ခုခုမှ ရရှိလာသော ဓား၊ရိုင်ဖယ်သေနတ် စသော လက်နက်ပစ္စည်းများအပါအဝင် အခြားလှပသော မည်သည့်ပစ္စည်းမျိုး ဖြစ်စေ ဝေးဝေးရှောင်ရပါမယ်။ သင့်စပ်စုချင်စိတ်ကြောင့် မှုခင်းစုံစမ်းစစ်ဆေးချက်များမှာ သင့်လက်ဗွေရာကို အလွယ်တူ ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။

(၅) ဆက်သွယ်ရေးကိရိယာများ

Walkie-talkie ကဲ့သိုသော ဆက်သွယ်ရေးကိရိယာများဟာ သင့်ကိုဥပဒေဆိုင်ရာ အရာရှိများနှင့် ပဋိပက္ခများ ဖြစ်စေနိုင်ပါတယ်။ထို့ကြောင့် ထိုကဲ့သို့သော ကိရိယာများတွေ့ရှိရပါက တာဝန်ရှိသူဝန်ထမ်းများကို ဖြစ်စေ ၊ တာဝန်ကျရဲများကိုဖြစ်စေ အကြောင်းကြားသင့်ပါတယ်။

(၆) သံသယဖြစ်ဖွယ် စစ်ရေးသုံး ဖောက်ခွဲရေးပစ္စည်းများ

အဆိုပါပေါက်ကွဲစေနိုင်သော ပစ္စည်းများကို လယ်ကွင်းနှင့် တောတောင်များကြားမှာ တွေ့ရတတ်ပါတယ်။လယ်သမားများနှင့် ဥယျာဉ်မှူးများ အနေဖြင့် အထူးဂရုပြုရပါမယ်။ ထိတွေ့ ကိုင်တွယ်ခြင်းမျိုး မပြုလုပ်ပဲ တာဝန်ရှိရဲဝန်ထမ်းများနဲ့ စစ်တပ်ကို အမြန်ဆုံးအကြောင်းကြားရပါမယ်။

(၇) ရှေးဟောင်းပစ္စည်းနှင့် အကြွေစေ့များ

အချို့နိုင်ငံများဟာ ရှေးဟောင်းပစ္စည်းရှာဖွေခြင်း ကို အထူးတားမြစ်ထားပါတယ်။(၂၀၁၃) ခုနှစ်မှ စတင်ကာ ရုရှားနိုင်ငံတွင် သတ္တုတူးဖော်ရှာဖွေရေးသမားများကို ဥပဒေချိုးဖောက်သူများ အဖြစ် သတ်မှတ်ထားပါတယ်။နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိသော ရှေးဟောင်းပစ္စည်းများကို ခွင့်ပြုချက်မရှိပဲ တူးဖော်စုဆောင်းခွင့်မရှိပါဘူး။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုနှင့်အနုပညာလက်ရာ အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် တရားစွဲဆိုခံရမှာဖြစ်ပါတယ်။

(၈) ဆေးထိုးအပ်နှင့်ပင်အပ်များ

မည်သို့သောအခြေအနေ မည်သည့်နေရာတွင်ဖြစ်စေ ဆေးထိုးအပ် ၊ ပြွန်နဲ့ ပင်အပ် များကို မကောက်ယူ မကိုင်တွယ်ရပါဘူး။ ရောဂါပေါင်းများစွာ ကူးစက်ခံနိုင်ချေ ရှိပါတယ်။

(၉) ဖုန်းဆင်းမ်ကဒ်များ

ပြစ်မှုကျူးလွန်ထားသူများ ၊ လိမ်လည်လှည့်စားသူများဟာ ဆင်းမ်ကဒ်အဟောင်းများကို လွှင့်ပစ်လေ့ရှိပါတယ်။ ထို့ကြောင့် ဆင်းမ်ကဒ်ဟောင်းများ ကောက်ယူမိခြင်းဟာ ပြသာနာများစွာနှင့် အမှုပတ်ခံရနိုင်ပါတယ်။

(၁၀) ငှက်ပေါက်စ ၊ ဖြူးကောင်ငယ်လေးများ

ပျော်ပွဲစားခရီးများ ထွက်သည့်အခါ တောတွင်းသတ္တဝါလေးများနဲ့ တွေ့ဆုံရတတ်ပါတယ်။ တစ်ခါတစ်ရံ အသိုက်မှ ပြုတ်ကျနေသော ငှက်ပေါက်စလေးများကို တွေ့ရတဲ့အခါ ကောက်ယူမွေးစားခြင်းမျိုးများ မပြုလုပ်သင့်ပါဘူး။ ငှက်‌ပေါက်စလေးများဟာ ငှက်မိဘများရဲ့ အုပ်ထိန်းမှုနဲ့ ပိုးကောင်လေးများကို စားသောက်အသက်ရှင်ကြတာဖြစ်လို့ သင့်အိမ်မှာပြုစုပျိုးထောင်ဖို့မဖြစ်နိုင်ပါဘူး ။
လှပသော ပေါက်ဖက်နှင့်ဖြူးကောင်ငယ်လေးများဟာလည်း များစွာသောရောဂါပိုးမွှားများကို သယ်ဆောင်လေ့ရှိသူတွေဖြစ်လို့ မကိုင်တွယ်သင့်ပါဘူး။

အခြားသော စာဖတ်ပရိတ်သတ်များ အတွက် ထပ်လောင်း အကြံပြုလိုသည်များ ရှိရင်လည်း comment မှာ ရေးသားခဲ့နိုင်ပါတယ်

Rft Brightside
Written One Daily Media

Leave a Comment