ထူးဆန်းအံ့ဩဖွယ် ကလေးငယ် (၁၀)ဦး
ကလေးငယ်များဟာ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားကြပါတယ်။ထိုအထဲတွင်မှ သာမန်ထက် ထူးခြားသော သွင်ပြင်များနှင့် အံ့ဩဖွယ် ကလေးငယ်များလည်း ရှိနေပါတယ်။
အားလုံးကို အံ့ဩသွားစေမယ့် ကလေးငယ်(၁၀)ဦး အကြောင်းကို စုစည်းဖော်ပြပေးလိုပါတယ်။
1. Nariyana
Yakutia မှသူမဟာ သာမန်ထကိထူးခြားစွာ ဖြူဆွတ်သောအသားအရည်နှင့် ပန်းရောင်မျက်နှာပိုင်ရှင်ဖြစ်ပါတယ်။သူမဟာ အခြားကလေးများနည်းတူ ကျောင်းပညာများသင်ကြားနေသော်လည်း ထူးခြားချက်အနေဖြင့် နေရောင်ဒဏ်ကို အချိန်ကြာရှည်စွာခံနိုင်ခြင်းမရှိပဲ နေကာမျက်မှန်ကိုလည်း အသုံးပြုရလေ့ရှိပါတယ်။
ဓာတ်ပုံဆရာ Vadim Rufov ရဲ့လူမှုကွန်ယက်ပေါ် မျှဝေမှုမှတစ်ဆင့် သူမဟာ လူသိများလာခဲ့ပြီး ယခုအခါ ကမ္ဘာကျော်ဓာတ်ပုံဆရာများ၏ ကမ်းလှမ်းမှုကိုပင် ရရှိထားပြီ ဖြစ်ပါတယ်။
2. Millianna Worthy
ဦးခေါင်းအရှေ့ဘက်တွင် မီးခိုးရောင်ဆံကေသာဖြင့် ထူးခြားတဲ့ မျိုးရိုးဗီဇလက္ခဏာကို သူမ၏မိခင်ဖြစ်သူ Brianna Worthy နှင့် အဖွားဖြစ်သူတို့ထံမှ လက်ဆင့်ကမ်းထားတဲ့ တတိယမျိုးဆက်ပဲ ဖြစ်ပါတယ်။
Melanin ချို့တဲ့မှုကြောင့် တွေ့ရှိရသော Polyposis ဟုတ်ခေါ်သည့် အဆိုပါဗီဇလက္ခဏာ ကို ဆံပင်၊မျက်ခုံး၊မျက်တောင် တို့မှာ မြင်ရတတ်ပါတယ်။
3. Junior Cox-Noon
အမည်ပြောင် “Little Bear” လို့ခေါ်ပြီး သာမန်ထပ် ထူထပ်ရှည်လျားတဲ့ ဆံကေသာပိုင်ရှင်ကလေးငယ် Junior Cox-Noonကတော့ ရှားပါးမျိုးရိုးဗီဇ ချို့ယွင်းမှုဖြစ်ပါတယ်။
သူဟာ စတင်မွေးဖွားစဉ်ကပင် အဆိုပါ ထောင်မတ်ရှည်လျားသော ဆံပင်များပါရှိခဲ့တာဖြစ်ပါတယ်။
4. Dzhambulat Khatokhov
ကမ္ဘာ့အသန်မာဆုံးကလေးငယ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားသူ Dzhambulat Khatokhov ဟာ (၁၉၉၉)ခုနှစ်မှာ ကိုယ်အလေးချိန် (3kg) ဖြင့်မွေးဖွားခဲ့ပါတယ်။
အသက်(၁)နှစ် အရွယ်မှာ သူဟာ (17kg) ရှိလာခဲ့ပြီး အသက်(၂)နှစ်အရွယ်မှာတော့ အခြားကလေးများ (25kg) သာရှိချိန် Khatokhovကတော့ ကိုယ်အလေးချိန် (34kg)ထိရှိနေခဲ့ပါတယ်။
Khatokhov ဟာ Bodyshock ဆိုသော ဗြိတိန်တီဗွီအစီအစဉ်မှတစ်ဆင့် လူသိများထင်ရှားလာခဲ့ပြီး (၂၀၀၃) ခုနှစ်မှာတော့ ကမ္ဘာ့စံချိန်တင် ဖြစ်ခဲ့ပါတယ်။
5. Muin Bachonaev
ရုရှားနိုင်ငံ၏ မျက်ခုံးမွှေးအရှည်ဆုံးကလေးငယ်ဖြစ်ပြီး (၃.၅)စင်တီမီတာ ရှိပါတယ်။
သူ့ရဲ့မျက်ခုံးမွှေးရှည်များဟာ အနှောင့်အယှက်မဖြစ်စေရုံသာမက ဆွဲဆောင်မှုတစ်ခုပင်ဖြစ်နေပါတယ်။ထို့အပြင် သူဟာ Spartak Moscow အကယ်ဒမီ မှာ ဘောလုံးကစားနေပြီး ကမ္ဘာကျော်ဘောလုံးသမား ဖြစ်လိုသူလဲ ဖြစ်ပါတယ်။
6. Ava Clarke
အညိုရောင်မျက်လုံးနှင့် အသားရောင်မည်းနက်သူမိဘများမှ မွေးဖွားလာသူ Ava Clarke ဟာ ထူးဆန်းစွာပင် အဖြူရောင်အသားအရည်နှင့် ဆံပင် ၊ စိမ်းပြာရောင် မျက်လုံး နှင့် ပန်းနုရောင် နုတ်ခမ်းများ ပိုင်ဆိုင်နေပါတယ်။
သူမဟာ albino အမျိုးအစား မျိုးရိုးဗီဇမူမမှန်သူတစ်ဦးဖြစ်ပြီး အမြင်အာရုံချို့တဲ့မှုကြောင့် ယခုအခါ ခွဲစိတ်ကုသမှုများ ခံယူနေရပါတယ်။ သိူ့သော်သူမဟာ အများနည်းတူ ကျောင်းတက် ပညာသင် စာဖတ်နိုင်သည့်အပြင် Denim ၏ မျင်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်တစ်ဦးလဲ ဖြစ်ပါတယ်။
7. Giuliano Stroe
Giuliano Stroe ဟာ ရိုမေးနီးယားနိုင်ငံမှ ကိုယ်ကာယလေ့ကျင့်ခန်းများ လိုက်စားသူတစ်ဦးဖြစ်ပြီး သူ၏မိဘများက အသက်(၂)နှစ်အရွယ်ကပင် ပြင်းထန်သော လေ့ကျင့်ခန်းများ လေ့ကျင့်စေခဲ့ပါတယ်။
သူဟာ ဂင်းနစ်မှတ်တမ်းဝင်စံချိန်များလည်း ရရှိထားပြီး အီတလီ တီဗွီရှိူးတစ်ခုမှာလည်း ပါဝင်တင်ဆက်ခဲ့ဖူးပါသလို Youtube မှာလည်း စတားတစ်ဦးဖြစ်ပါတယ်။
8. Jare Ijalana
နိုင်ဂျီးရီးယားနိုင်ငံသား ဓာတ်ပုံဆရာ Mofe Bamuyiwa ဟာ အသက်(၅)နှစ်အရွယ် Jare Ijalana ရဲ့ဓာတ်ပုံဝေမျှခဲ့ပြီး လူအများရဲ့နှစ်သက်မှုကို ရရှိခဲ့ပါတယ်။သို့သော်မကြာမှီမှာပင် ကလေးငယ်ကိုအသုံးချကာ စီးပွားရှာသည်ဟုလည်း ဝေဖန်ခံခဲ့ရပါတယ်။
Mofe ကတော့ သူမဟာ နတ်သမီးလေးတစ်ဦးဖြစ်ကြောင်း တင်စားပါတယ်။
Mofe က သူမကို အရွယ်ရောက်ပြီးသဏ္ဍာန်နှင့် ကလေးဘဝပုံ တို့ကို တစ်ပြိုင်တည်း ဖန်တီးရိုက်ကူးပေးထားတာလဲ ဖြစ်ပါတယ်။
9. Budhathoki children
Budhathoki နှင့်သူ၏မိသားစုကတော့ Werewolf Syndrome ကို ခံစားနေရသူတွေဖြစ်ပါတယ်။
မိခင်ဖြစ်သူ Devi Budhathoki နှင့် ကလေး(၃) ဦးဖြစ်သူ Mandira, Niraj နှင့် Manjura တို့ဟာ Congenital Hypertrichosis Lanuginosa လို့ခေါ်တဲ့ ခန္ဓာကိုယ်အနှံ့ အမွှေးအမျှင်များထူထပ်စွာပေါက်နေတဲ့ ရှားပါးမျိုးရိုးဗီဇပြောင်း ရောဂါလက္ခဏာ ခံစားရသူများဖြစ်ပါတယ်။
10. Chahat Kumar
အိန္ဒိယနိုင်ငံမှ Chahat Kumar လို့ခေါ်ဆိုသော ကလေးငယ်မှာတော့ ထူးခြားသော အစားစားချင်စိတ်များ ရှိနေပြီး အသက်(၈)လအရွယ်မှာပင် ကိုယ်အလေးချိန် (17kg) ရှိနေပါတယ်။
သူမဟာ နေ့စဉ်နှင့်အမျှ ကိုယ်အလေးချိန်တိုးလာလျက်ရှိပြီး သူမ၏မိဘများနဲ့ဆရာဝန်များကလည်း ဒါကို ထိန်းသိမ်းနိုင်ရန် အဖြေရှာမရဖြစ်နေကြပါတယ်။
ထူးခြားသော ကလေးငယ်များ အကြောင်း ဖတ်ရှုပြီးနောက် သင့်အတွေ့အကြုံနဲ့ အမြင်များကိုလဲ ဝေဖန်အကြံပြု ရေးသားခဲ့နိုင်ပါတယ်။
Rft BrightSide
Written One Daily Media