One Daily News

သင့်ကလေးငယ်အား သူစိမ်းတစ်ယောက်က ဆူပူကြိမ်းမောင်းနေချိန် လုပ်ဆောင်သင့်သည့် အချက်(၇)ချက်

သင့်ကလေးငယ်အား သူစိမ်းတစ်ယောက်က
ဆူပူကြိမ်းမောင်းနေချိန် လုပ်ဆောင်သင့်သည့် အချက်(၇)ချက်

မိဘအများစုဟာ မိမိတို့ က‌လေးငယ်များကို တစ်ပါးသူက ဆူပူကြိမ်းမောင်းခြင်းမျိုး မကြိုက်မနှစ်သက်ကြပါဘူး။ ရုတ်တရတ် ကြုံတွေ့ရချိန်မှာ စိတ်လိုက်မာန်ပါ တုံ့ပြန်မိတတ်ပါတယ်။ ဒေါသအလျောက် နှလုံးခုန်နှုန်းများမြန်လာပြီး
မသိစိတ်မှပင် “Fight or Flight response” များ တုံ့ပြန်မိတတ်ပါတယ်။

ထို့အခြေအနေမျိုးများမှာ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ခေါင်းအေးအေးဖြင့် စနစ်တကျဖြေရှင်းပေးတတ်ဖို့ အရေးကြီးပါတယ်။

(၁) မားမားမတ်မတ်ရပ်တည်ပေးပါ

ပြသာနာ အခြေအနေကိုကောင်းစွာ နားလည်ရန်ကြိုးစားပြီး စကားဝိုင်းရဲ့ အရှိန်အနိမ့်အမြင့်ကိုထိန်းပါ။သင်ဟာ လူကြီးတစ်‌ယောက်အနေဖြင့် ဝင်ရောက်ပြောဆိုခြင်းဖြစ်ပြီး တစ်ဖက်လူကလဲ လူကြီးချင်းလေးစားသမှုနှင့် ပြောဆိုရမည်ဖြစ်သောကြောင့် သင့်ကလေးငယ်အတွက် လုံခြုံမှုကိုခံစားရစေပါလိမ့်မယ်။
တစ်ဖက်လူ၏ ရပ်တည်ချက်နှင့် ကိုယ်နေဟန်ထား အတိုင်းအလိုက်သင့်နေပြီး ထိုသူနဲ့အပေါက်လမ်းတည့်အောင် အသွင်ယူပြောဆိုခြင်းကလဲ ပြသာနာဖြေရှင်းရာမှာ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

(၂) မတုံ့ပြန်မှီ အခြေ‌အနေကို သေချာသုံးသပ်ပါ

ဒေါသဟာ အဖြေမဟုတ်ပါဘူး။စိတ်အေးအေးထားပြီး အခြေအနေကို ကျိုးကြောင်းဆီလျော်စွာ ရင်ဆိုင်ရပါမယ်။ သူတစ်ပါးကို ရိုက်နှက်ခြင်း ၊ သူများပစ္စည်းကို ဖျက်ဆီးမိခြင်း အစရှိသဖြင့် အမှားတစ်စုံတစ်ခုကို သင့်ကလေးက မတော်တဆ ပြုလုပ်မိထားခြင်းမျိုးလဲ ဖြစ်နိုင်ချေရှိပါတယ်။
သင့်ရဲ့ စိတ်ထင်ရာ ယူဆချက်တွေကြောင့် တစ်ဖက်လူကို ရန်လိုနေမိတတ်ပါတယ် ။

(၃) ကလေးကို နားလည်အောင်ရှင်းပြပါ

ကြောက်လန့်နေမည်ဖြစ်သော သင့်ကလေးငယ်ကို စိတ်ရှည်ရှည်ထားပြီး သူ၏ခံစားချက်များကို နားလည်အောင်ကြိုးစားပေးပါ။ ကလေးနှင့် မျက်နှာချင်းဆိုင် မျက်စိတစ်တန်းတည်း ထိုင်ပြီး အဖြစ်အပျက်ကို ချော့‌မော့ကာ မေးရပါမယ်။သင့်ထင်မြင်ချက်တွေအစား ကလေးငယ်တို့ပြောပြမည့် အဖြစ်အပျက်များကို လေးနက်စွာနားထောင်ပေးပါ။

(၄) တစ်ဖက်လူနှင့် ထိပ်တိုက်ဖြေရှင်းပါ

ထိပ်တိုက်ရင်ဆိုင်ခြင်းဟာ ရိုင်းစိုင်းသော အပြူအမူဟု ထင်ရဖွယ်ရှိသော်လည်း လက်တွေ့မှာ ဆိုးကျိုးထက် ကောင်းကျိုးပိုများပါတယ်။
မိမိကလေး အမှားလုပ်လျှင် မိမိကိုယ်တိုင် သေချာ စနစ်တကျဆုံးမမည်ဖြစ်ပြီး တစ်ဖက်လူဝင်မပါခြင်းမျိုးအတွက် ကျေးဇူးတင်မိမည်ဖြစ်ကြောင်း ရိုးသားယဉ်ကျေးစွာ တိုက်ရိုက်ပြောပြပါ။ အကယ်၍ထိုသူဟာလဲ မိဘတစ်ဦးဖြစ်နေမည်ဆိုပါက သားသမီးချင်း ကိုယ်စာတတ်စေရန် အကြံပေးရပါမယ်။

(၅) ဟာသများဖြင့် ပေါ့ပေါ့ပါးပါးဖြေရှင်းပါ

အခြေနေတင်းမာလာပါက ရယ်စရာဟာသ အချို့ဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပါ။ပျော်ရွှင်‌ ဖော်ရွေစွာ ပြောဆိုခြင်းက စိတ်ခံစားချက်များပိုမိုနီးကပ်စေသလို ပြသာနာအပေါ် စိတ်အလိုမကျမှုများလည်း လျော့နည်းစေပါမယ်။
သို့သော် အခန့်မသင့်လျှင်လည်း အဆိုပါရယ်စရာဟာသများကြောင့် ပြသာနာပိုမို ကြီးမားသွားနိုင်သည်ကို သတိပြုသင့်ပါတယ်။

(၆) စည်း ကန့်သတ်ထားပါ

အကယ်၍ ကလေး၏ ဆရာမ ၊ နည်းပြ ၊ ဆွေမျိုးသားချင်း တစ်ဦးဦးက သင့်ကလေးကို အလွန်အကျွံ ဆူပူကြိမ်းမောင်းနေပါက ထိုသို့မပြုမူရန် အကြံပေးပါ။ သင့်ကလေးငယ်၏ စရိုက်နှင့် သင့်အိမ်မှာကျင့်သုံးသော စည်းကမ်းများကို ပြောဆိုညှိနှိုင်းပါ။ထိုနည်းဖြင့် သင်ရဲ့ အမှန်အမှားခွဲခြားပုံ၊အမှားကို မည်သို့မည်ပုံ အပြစ်ပေးပုံတို့ကို သင့်ကလေးရဲ့အမြင်မှာ မြင်သာစေပါလိမ်မယ်။

(၇) ကလေးကိုအကျိုးသင့်အကြောင်းသင့် ရှင်းပြပါ

ပြသာနာများအနည်ထိုင်သွားချိန်မှာ ကလေးငယ်အား စိတ်အေးအေးထားကာ အကျိုးအကြောင်းသင့် ရှင်းပြပြောဆိုပါ။ သင့်ရဲ့ ပြသာနာကိုင်တွယ်ဖြေရှင်းပုံဟာ သင့်ကလေးငယ်ရဲ့ အမှားကျုးလွန်မိခြင်းအပေါ် ပြန်လည်ပြုပြင်တတ်စေခြင်း အလေ့အကျင့်အတွက် ရေရှည်အကျိုးသက်ရောက်မှုရှိပါတယ်။ ဥပမာ ” သား Jenny ရဲ့အရုပ်ကိုယူလိုက်မယ်ဆို သူဘယ်လိုခံစားရမယ် ထင်သလဲ ? သားအရုပ်ကို Jenny က ယူရင်ရော သားဘယ်လိုခံစားရမလဲ ” စသဖြင့် ကိုယ်ချင်းစာ ခံစားတတ်အောင် ရှင်းပြပြောဆိုပါ။

သူစိမ်းတစ်‌‌ယောက်၏ မည်သို့သော ဆုံးမသွန်သင်မှုမျိုးကို လက်ခံပေးရမည်လဲ ?

သင့်ကလေးငယ် မှားယွင်းသောအပြုအမူများ မလုပ်ဆောင်မိစေရန် လိုအပ်သော လူမှုရေးစံနှုန်းများကို လေ့ကျင့်သင်ကြားပေးရန် သင့်မှာတာဝန်ရှိပါတယ်။လူ့ပတ်ဝန်းကျင်မှာ အများနဲ့လိုက်လျောညီထွေ နေထိုင်တတ်စေရန် ၊ လူကျင့်ဝတ်များ နားလည်နေစေရန် ဆုံးမသွန်သင် ပေးသင့်ပါတယ်။ ဥပမာ စာသင်ခန်းအတွင်း အမှားတစ်စုံတစ်ခုပြုလုပ်မိပါက ဆရာ၊ဆရာမများက ဆူပူအပြစ်ပေးနိုင်ကြောင့် သင့်ကလေးငယ် နားလည်အောင်ရှင်းပြထားပါ။

ကလေးများအပေါ် ဒေါသဖြင့်ဆူပူကြိမ်းမောင်းခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှုလျော့ကျစေခြင်း ၊ အလွန်အကျွံစိတ်ပူပန်တတ်ခြင်း အစရှိသည့် ဆိုးရွားသောအကျိုးသက်ရောက်မှုများသာ သက်ရောက်စေပါလိမ့်မယ်။
ကလေးများအပေါ် စိတ်ရှည်သည်းခံမှုနှင့် သင့်တင့်လျောက်ပတ်သော လေးစားမှုထားပေးရမည်မှာသာ ဖြစ်ပါတယ်။

Rft BrightSide

‘Written One Daily Media

 

 

Zawgyi’

သင့္ကေလးငယ္အား သူစိမ္းတစ္ေယာက္က
ဆူပူႀကိမ္းေမာင္းေနခ်ိန္ လုပ္ေဆာင္သင့္သည့္ အခ်က္(၇)ခ်က္

မိဘအမ်ားစုဟာ မိမိတို႔ က‌ေလးငယ္မ်ားကို တစ္ပါးသူက ဆူပူႀကိမ္းေမာင္းျခင္းမ်ိဳး မႀကိဳက္မႏွစ္သက္ၾကပါဘူး။ ႐ုတ္တရတ္ ႀကဳံေတြ႕ရခ်ိန္မွာ စိတ္လိုက္မာန္ပါ တုံ႔ျပန္မိတတ္ပါတယ္။ ေဒါသအေလ်ာက္ ႏွလုံးခုန္ႏႈန္းမ်ားျမန္လာၿပီး
မသိစိတ္မွပင္ “Fight or Flight response” မ်ား တုံ႔ျပန္မိတတ္ပါတယ္။

ထို႔အေျခအေနမ်ိဳးမ်ားမွာ စိတ္တည္တည္ၿငိမ္ၿငိမ္ထားၿပီး ေခါင္းေအးေအးျဖင့္ စနစ္တက်ေျဖရွင္းေပးတတ္ဖို႔ အေရးႀကီးပါတယ္။

(၁) မားမားမတ္မတ္ရပ္တည္ေပးပါ

ျပသာနာ အေျခအေနကိုေကာင္းစြာ နားလည္ရန္ႀကိဳးစားၿပီး စကားဝိုင္းရဲ႕ အရွိန္အနိမ့္အျမင့္ကိုထိန္းပါ။သင္ဟာ လူႀကီးတစ္‌ေယာက္အေနျဖင့္ ဝင္ေရာက္ေျပာဆိုျခင္းျဖစ္ၿပီး တစ္ဖက္လူကလဲ လူႀကီးခ်င္းေလးစားသမႈႏွင့္ ေျပာဆိုရမည္ျဖစ္ေသာေၾကာင့္ သင့္ကေလးငယ္အတြက္ လုံၿခဳံမႈကိုခံစားရေစပါလိမ့္မယ္။
တစ္ဖက္လူ၏ ရပ္တည္ခ်က္ႏွင့္ ကိုယ္ေနဟန္ထား အတိုင္းအလိုက္သင့္ေနၿပီး ထိုသူနဲ႔အေပါက္လမ္းတည့္ေအာင္ အသြင္ယူေျပာဆိုျခင္းကလဲ ျပသာနာေျဖရွင္းရာမွာ နည္းလမ္းေကာင္း တစ္ခုျဖစ္ပါတယ္။

(၂) မတုံ႔ျပန္မွီ အေျခ‌အေနကို ေသခ်ာသုံးသပ္ပါ

ေဒါသဟာ အေျဖမဟုတ္ပါဘူး။စိတ္ေအးေအးထားၿပီး အေျခအေနကို က်ိဳးေၾကာင္းဆီေလ်ာ္စြာ ရင္ဆိုင္ရပါမယ္။ သူတစ္ပါးကို ႐ိုက္ႏွက္ျခင္း ၊ သူမ်ားပစၥည္းကို ဖ်က္ဆီးမိျခင္း အစရွိသျဖင့္ အမွားတစ္စုံတစ္ခုကို သင့္ကေလးက မေတာ္တဆ ျပဳလုပ္မိထားျခင္းမ်ိဳးလဲ ျဖစ္ႏိုင္ေခ်ရွိပါတယ္။
သင့္ရဲ႕ စိတ္ထင္ရာ ယူဆခ်က္ေတြေၾကာင့္ တစ္ဖက္လူကို ရန္လိုေနမိတတ္ပါတယ္ ။

(၃) ကေလးကို နားလည္ေအာင္ရွင္းျပပါ

ေၾကာက္လန႔္ေနမည္ျဖစ္ေသာ သင့္ကေလးငယ္ကို စိတ္ရွည္ရွည္ထားၿပီး သူ၏ခံစားခ်က္မ်ားကို နားလည္ေအာင္ႀကိဳးစားေပးပါ။ ကေလးႏွင့္ မ်က္ႏွာခ်င္းဆိုင္ မ်က္စိတစ္တန္းတည္း ထိုင္ၿပီး အျဖစ္အပ်က္ကို ေခ်ာ့‌ေမာ့ကာ ေမးရပါမယ္။သင့္ထင္ျမင္ခ်က္ေတြအစား ကေလးငယ္တို႔ေျပာျပမည့္ အျဖစ္အပ်က္မ်ားကို ေလးနက္စြာနားေထာင္ေပးပါ။

(၄) တစ္ဖက္လူႏွင့္ ထိပ္တိုက္ေျဖရွင္းပါ

ထိပ္တိုက္ရင္ဆိုင္ျခင္းဟာ ႐ိုင္းစိုင္းေသာ အျပဴအမူဟု ထင္ရဖြယ္ရွိေသာ္လည္း လက္ေတြ႕မွာ ဆိုးက်ိဳးထက္ ေကာင္းက်ိဳးပိုမ်ားပါတယ္။
မိမိကေလး အမွားလုပ္လွ်င္ မိမိကိုယ္တိုင္ ေသခ်ာ စနစ္တက်ဆုံးမမည္ျဖစ္ၿပီး တစ္ဖက္လူဝင္မပါျခင္းမ်ိဳးအတြက္ ေက်းဇူးတင္မိမည္ျဖစ္ေၾကာင္း ႐ိုးသားယဥ္ေက်းစြာ တိုက္႐ိုက္ေျပာျပပါ။ အကယ္၍ထိုသူဟာလဲ မိဘတစ္ဦးျဖစ္ေနမည္ဆိုပါက သားသမီးခ်င္း ကိုယ္စာတတ္ေစရန္ အႀကံေပးရပါမယ္။

(၅) ဟာသမ်ားျဖင့္ ေပါ့ေပါ့ပါးပါးေျဖရွင္းပါ

အေျခေနတင္းမာလာပါက ရယ္စရာဟာသ အခ်ိဳ႕ျဖင့္ စိတ္ဖိစီးမႈမ်ားကို ေလွ်ာ့ခ်ပါ။ေပ်ာ္႐ႊင္‌ ေဖာ္ေ႐ြစြာ ေျပာဆိုျခင္းက စိတ္ခံစားခ်က္မ်ားပိုမိုနီးကပ္ေစသလို ျပသာနာအေပၚ စိတ္အလိုမက်မႈမ်ားလည္း ေလ်ာ့နည္းေစပါမယ္။
သို႔ေသာ္ အခန႔္မသင့္လွ်င္လည္း အဆိုပါရယ္စရာဟာသမ်ားေၾကာင့္ ျပသာနာပိုမို ႀကီးမားသြားႏိုင္သည္ကို သတိျပဳသင့္ပါတယ္။

(၆) စည္း ကန႔္သတ္ထားပါ

အကယ္၍ ကေလး၏ ဆရာမ ၊ နည္းျပ ၊ ေဆြမ်ိဳးသားခ်င္း တစ္ဦးဦးက သင့္ကေလးကို အလြန္အကြၽံ ဆူပူႀကိမ္းေမာင္းေနပါက ထိုသို႔မျပဳမူရန္ အႀကံေပးပါ။ သင့္ကေလးငယ္၏ စ႐ိုက္ႏွင့္ သင့္အိမ္မွာက်င့္သုံးေသာ စည္းကမ္းမ်ားကို ေျပာဆိုညႇိႏႈိင္းပါ။ထိုနည္းျဖင့္ သင္ရဲ႕ အမွန္အမွားခြဲျခားပုံ၊အမွားကို မည္သို႔မည္ပုံ အျပစ္ေပးပုံတို႔ကို သင့္ကေလးရဲ႕အျမင္မွာ ျမင္သာေစပါလိမ္မယ္။

(၇) ကေလးကိုအက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပပါ

ျပသာနာမ်ားအနည္ထိုင္သြားခ်ိန္မွာ ကေလးငယ္အား စိတ္ေအးေအးထားကာ အက်ိဳးအေၾကာင္းသင့္ ရွင္းျပေျပာဆိုပါ။ သင့္ရဲ႕ ျပသာနာကိုင္တြယ္ေျဖရွင္းပုံဟာ သင့္ကေလးငယ္ရဲ႕ အမွားက်ဳးလြန္မိျခင္းအေပၚ ျပန္လည္ျပဳျပင္တတ္ေစျခင္း အေလ့အက်င့္အတြက္ ေရရွည္အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဥပမာ ” သား Jenny ရဲ႕အ႐ုပ္ကိုယူလိုက္မယ္ဆို သူဘယ္လိုခံစားရမယ္ ထင္သလဲ ? သားအ႐ုပ္ကို Jenny က ယူရင္ေရာ သားဘယ္လိုခံစားရမလဲ ” စသျဖင့္ ကိုယ္ခ်င္းစာ ခံစားတတ္ေအာင္ ရွင္းျပေျပာဆိုပါ။

သူစိမ္းတစ္‌‌ေယာက္၏ မည္သို႔ေသာ ဆုံးမသြန္သင္မႈမ်ိဳးကို လက္ခံေပးရမည္လဲ ?

သင့္ကေလးငယ္ မွားယြင္းေသာအျပဳအမူမ်ား မလုပ္ေဆာင္မိေစရန္ လိုအပ္ေသာ လူမႈေရးစံႏႈန္းမ်ားကို ေလ့က်င့္သင္ၾကားေပးရန္ သင့္မွာတာဝန္ရွိပါတယ္။လူ႔ပတ္ဝန္းက်င္မွာ အမ်ားနဲ႔လိုက္ေလ်ာညီေထြ ေနထိုင္တတ္ေစရန္ ၊ လူက်င့္ဝတ္မ်ား နားလည္ေနေစရန္ ဆုံးမသြန္သင္ ေပးသင့္ပါတယ္။ ဥပမာ စာသင္ခန္းအတြင္း အမွားတစ္စုံတစ္ခုျပဳလုပ္မိပါက ဆရာ၊ဆရာမမ်ားက ဆူပူအျပစ္ေပးႏိုင္ေၾကာင့္ သင့္ကေလးငယ္ နားလည္ေအာင္ရွင္းျပထားပါ။
ကေလးမ်ားအေပၚ ေဒါသျဖင့္ဆူပူႀကိမ္းေမာင္းျခင္းဟာ မိမိကိုယ္ကိုယုံၾကည္မႈေလ်ာ့က်ေစျခင္း ၊ အလြန္အကြၽံစိတ္ပူပန္တတ္ျခင္း အစရွိသည့္ ဆိုး႐ြားေသာအက်ိဳးသက္ေရာက္မႈမ်ားသာ သက္ေရာက္ေစပါလိမ့္မယ္။
ကေလးမ်ားအေပၚ စိတ္ရွည္သည္းခံမႈႏွင့္ သင့္တင့္ေလ်ာက္ပတ္ေသာ ေလးစားမႈထားေပးရမည္မွာသာ ျဖစ္ပါတယ္။

 

Leave a Comment