Daily News
Bam Bam (Cele Angle)
Unicode
အိမ်မက်ထဲမှာသူခိုးရန်ကကြောက်လို့လက်စွပ်ကိုမြိုချလိုက်တယ်ဆိုတာကိုမက်ခဲ့ပီး၊နိုးလာတဲ့အခါမှာတော့အိမ်မက်ထဲကအတိုင်းအပြင်မှာပါလက်စွပ်ကိုမတော်တဆမြိုချခဲ့မိတဲ့အမျိုးသမီးအဖြစ်
ကယ်လီဖိုးနီးယားနိုင်ငံကလက်ထပ်ခါနီးအမျိုးသမီးတစ်ယောက်ဟာ၊ချစ်သူကောင်လေးကလက်ထပ်ခွင့်တောင်းထားခဲ့တဲ့လက်စွပ်ကိုအိပ်ရာဘေးကခုံပေါ်တင်ထားပီး၊ညအိပ်တဲ့အခါမှာတော့ထူးဆန်းတဲ့အိပ်မက်ကိုမက်ခဲ့လို့လန့်နိုးလာခဲ့ပါတယ်။သူမရဲ့အိပ်မက်ထဲမှာတော့သူမရဲ့လက်ထပ်လက်စွပ်လေးကို၊သူခိုးတွေလာခိုးတော့မှာကြောင့်သူမဟာသူခိုးတွေမမြင်အောင်လက်စွပ်ကိုမြိုချလိုက်တယ်ဆိုတဲ့အိပ်မက်လေးပါပဲ။
ထို့နောက်သူမလန့်နိုးလာတဲ့အခါမှာ​တော့၊အိပ်ရာဘေးကခုံမှာတင်ထားတဲ့လက်စွပ်လေးကိုသူမဟာအိပ်မက်ထဲကအတိုင်းအပြင်မှာပါတကယ်ပဲမြိုချမိခဲ့တာကိုသတိထားမိခဲ့ပါတယ်။ထို့နောက်သူမရဲ့ချစ်သူကောင်လေးကိုဖုန်းဆက်ပီးပြောပြလိုက်တဲ့အခါမှာ​တေ့ာ၊ကောင်လေးဟာရီတစ်ဝက်စိုးရိမ်တစ်ဝက်ဖြစ်ခဲ့ရပါတယ်။သူမအနေနဲ့လဲသူမရဲ့အိပ်မက်ကြောင့်ရီရခက်ငိုရခက်ဖြစ်သွားခဲ့ရပါတယ်။
ထို့​နောက်ဆေးခန်းအမြန်သွားခဲ့ကြပီး X-ray စစ်တဲ့အခါမှာတော့၊သူမရဲ့လက်စွပ်လေးဟာဝမ်းဗိုက်ထဲအမှန်ကိုဝင်သွားခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။ထို့နောက်လက်စွက်ကိုပြန်ထုတ်ဖို့အသေးစားခွဲစိတ်မှုကိုပြုလုပ်လိုက်ရပါတယ်။သူမအနေနဲ့တော့နောက်တခါဘယ်တော့မှလက်စွပ်ကိုအိပ်ရာဘေးမှာထားအိပ်ဖို့လုံးဝမဖြစ်နိုင်တော့ဘူးဆိုပီးသင်ခန်းစာရသွားခဲ့ပါတယ်။
credit Bam Bam (Cele Angle)
Leave a Comment