Tue. Oct 26th, 2021

#Unicode Version

Forgive

‘‘ဘဝမှာ အအောင်မြင်ဆုံးလူဆိုတာ ခွင့်လွှတ်သည်းခံနိုင်ဆုံးလူပါ။ ဘဝမှာ ခွင့်လွှတ်သည်းခံနိုင်ဆုံးလူဆိုတာ စိတ်အေးချမ်းဆုံးလူပါ။’’

(၁) စကားတွေကို ခွင့်လွှတ်လိုက်ပါ

 

လူတိုင်းက စကားကို သတိနဲ့ ယှဉ်၊ ဉာဏ်ပညာနဲ့ ယှဉ်ပြီး ပြောနိုင်ကြတာ မဟုတ်ပါဘူး။ ပညာရှိတွေနဲ့ အောင်မြင်သူ တချို့သာ စကားတိုင်းကို သတိ ၊ ဉာဏ်ပညာနဲ့ ယှဉ်ပြီး သင့်အတွက် အကျိုးထူးအောင် ပြောနိုင်ကြလို့ပါ။ တစ်ခါတစ်ခါ လူတို့စိတ်က မရည်ရွယ်ပေမယ့် သတိ ၊ ဉာဏ်ပညာ စစ်ထုတ်မှုမရှိတဲ့ စကားတွေကြောင့် သင့်ကို စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်ခါ အမှန်ပြောပေမယ့် အပြောမမှန်တော့ နားဝင်ခါးတတ်ပါတယ်။ အကောင်းပြောပေမယ့် အပြောမကောင်းတော့ အဆိုးစကား၊ အပြစ်တင်စကားကဲ့သို့ ပုံပေါ် နေတတ်ပါတယ်။

(၂) အပြုအမူတွေကို ခွင့်လွှတ်လိုက်ပါ

 

လူတိုင်းက တူညီတဲ့ ဝန်းကျင်ဒေသ၊ တူညီတဲ့ သွန်သင် ဆုံးမမှု ၊ တူညီတဲ့ အသိုင်းအဝိုင်းတို့ကြားမှာ ကြီးပြင်းလာခဲ့ကြရတာ မဟုတ်ပါဘူး။ တချို့ဟာ ငယ်စဉ်က စိတ်နာ ကြည်းမှုတွေ၊ ပင်ပန်းဆင်းရဲမှုတွေ၊ အထင်အမြင်လွဲမှားမှုတွေကို အခြေခံပြီး ယနေ့လုပ်ငန်းခွင်မှာ ပြုမူဆောင်ရွက် နေနိုင်လို့ပါ။ ထိုသူမျိုးအပေါ် သည်းခံခွင့်လွှတ်လိုက်ပါ။ သူတို့ဟာ အစကနဦးကတည်းက နာကြည်းမှု၊ ပင်ပန်း ဆင်းရဲမှုစတဲ့ လေးလံတဲ့ အရာများစွာကို သယ်ဆောင်နေသူတွေ ဖြစ်နေလို့ပါ။

(၃) အဆိုးမြင်သူများကို ခွင့်လွှတ်လိုက်ပါ

တချို့က သင်ယူလေ့လာမှုမရှိသလို စိတ်တံခါးပိတ်နေလေ့ ရှိကြပါတယ်။ ဒါ့အပြင် အပြစ်တင်တဲ့ လူမှုအဖွဲ့အစည်း အတွင်းမှာသာ ရှင်သန်နေတတ်ကြပါတယ်။ ဒီလိုလူမျိုးဟာ အချိန်တိုင်း အဆိုးမြင်နေနိုင်ပါတယ်။ သင်သာ ကောင်းမွန် မှန်ကန်အောင် စွမ်းဆောင်နေသူဖြစ်ပါစေ။ အဆိုးမြင်သမားဟာ သင့်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အဆိုးမြင်သူများအပေါ် တုံ့ပြန်မှု နည်းလာလေ သင့်ဘဝထဲကို စိတ်အေးချမ်းပျော်ရွှင်မှုတွေ ရောက်ရှိလာလေ ဖြစ်ပါတယ်။

Credit: Kaung Sam Thar
Sharing By: #One Daily News

Leave a Reply

Your email address will not be published. Required fields are marked *