Wed. Oct 27th, 2021

Josh Altman (ဂျော့ရှ် အတ်ထ်မန်) ဟာ အသက် (၂၆) နှစ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်လာခဲ့သူပါ။ ဒီနေ့တော့ သူ့ရဲ့ ဘဝနေထိုင်မှုပုံစံတွေအကြောင်းကို ပြောပြပေးသွားမှာပါ။

“သင်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ First impressions ကအရမ်းအရေးကြီးပါတယ်။ ဘာအလုပ်ပဲလုပ်နေလုပ်နေ အရေးမကြီးပါဘူး။ First impressions စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ဖြစ်ပြီးတော့ လူတွေက ဒီအပေါ်မှာမူတည်ပြီး သင့်အပေါ် တုံ့ပြန်ကြတာပါ။ လူတွေအပေါ် လွှမ်းမိုးချင်တယ်ဆိုရင် First impressions ကောင်းဖို့အလွန် အရေးကြီးပါတယ်။”

“ကျွန်တော် ငယ်ငယ်ကတည်းက အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ်ရောက်တော့ လူတွေပြောတဲ့ သန်းကြွယ်သူဌေးကြီးဖြစ်နေပြီ။ စီးပွားရေးလုပ်တယ်ဆိုတဲ့ နေရာမှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေဖို့ အရေးကြီးပါတယ်။” ဒါကတော့ Josh Altman (ဂျော့ရှ် အတ်ထ်မန်) ပြောပြတဲ့ သူ့အကြောင်းပါ။ အခုထပ်ပြီးတော့ သူ့ရဲ့အောင်မြင်မှု စည်းမျဉ်းစည်းကမ်းတွေကို ပြောပြပေးသွားပါ့မယ်။

ဘယ်တော့မှ ဂုဏ်မမောက်မာနဲ့

 

“ငါ မွန်တာနာ မြို့မှာ မွေးမြူရေးခြံတစ်ခြံဝယ်လိုက်တယ်” လို့လူတစ်ယောက်က သင့်ကိုလာပြောခဲ့မယ်ဆိုရင် သင်က “ငါလည်း ကာရေဘီယံမှာ ကျွန်းတစ်ကျွန်းပိုင်တယ်” ဆိုပြီး ပြန်မပြောပါနဲ့။ ဒါက သင်ဟာ အဲ့ဒီလူနဲ့ စကားပြောနေတာ မဟုတ်ပါဘူး။ ဂုဏ်ပြိုင်နေတာပါ။

ကိုယ့်ရဲ့ဖောက်သည်နဲ့ စကားပြောနေချိန်မှာ ဘယ်တော့မှ ကိုယ့်ရဲ့ ဂုဏ်ပကာသနတွေကို ထုတ်ဖော်မပြောပါနဲ့။ ဒီလိုပြောလိုက်မယ်ဆိုရင် အဲ့ဒီဖောက်သည်နဲ့ စီးပွားရေးလုပ်ခွင့် ဆုံးရှုံးသွားပါလိမ့်မယ်။ တခြားလူဘာပြောလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး အလိုက်သင့်ပြောပေးလိုက်ပါ။

နားထောင်ပေးပါ

 

တခြားလူပြောတဲ့စကားတွေကို နားထောင်ပေးလိုက်ပါ။ ဒါက သူတို့ကိုလေးစားရာ ရောက်ပါတယ်။ ဘယ်သူမှ ကိုယ့်အပေါ်လေးစားမှုမရှိတဲ့ လူတွေနဲ့ အဆက်အဆံမလုပ်ချင်ကြဘူး။ စီးပွားရေးလုပ်ငန်းလုပ်တော့မယ်ဆိုရင် နာထောင်နိုင်စွမ်းရည်ကလည်း အရေးကြီးပါတယ်။

ဗန်းစကားတွေမသုံးပါနဲ့

 

ဗန်းစကားတွေကို တစ်ချို့သောလူတွေနားမလည်ကြဘူး။ ဒါက သူတို့ကို မလုံခြုံသလိုမျိုး ခံစားသွားရစေပါတယ်။ စီးပွားရေးကိစ္စရပ်တွေ ဆွေးနွေးချိန်မှာ ရိုးရှင်းတဲ့ စကားလုံးတွေ ရွေးချယ်သုံးစွဲပါ။ တဖတ်လူနားလည်နိုင်မယ့် စကားစုတွေကိုသာ ပြောဆိုပေးပါ။ မလိုအပ်ပဲ စကားလုံးတွေကို ကာရံတွေနဲ့ပြောဆိုနေခြင်းကလည်း သင့်ကိုအရူးလို့ လူတွေမြင်ကြပါလိမ့်မယ်။ ယုံကြည်မှုရှိပါ။ စစ်မှန်မှုရှိပါ။ တစ်ဖတ်လူယုံကြည်နိုင်အောင် ပြောဆိုပါ။

ထပ်တူကျအောင်နေထိုင်ပါ

 

လေ့လာမှုတွေအရ လူအများစုက သူတို့နဲ့ တူတဲ့လူတွေကို ပိုပြီးနှစ်သက်သဘောကျတယ်လို့ ဆိုထားပါတယ်။ အကယ်၍ စကားကိုညင်ညင်သာသာပြောဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရင် သင့်ရဲ့အသံကို နှိမ့်ပြီး ညင်ညင်သာသာပြောဆိုပေးပါ။

ဈေးကြီးတဲ့အဝတ်အစားတွေ ဝတ်စရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ ကျော့ကျော့မော့မော့လေးဖြစ်နေရင်ရပါပြီ။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုသလို သင်ကရည်ရည်မွန်မွန်လေး ဝတ်စားထားပါမှ သင့်လုပ်ငန်းကိုလည်း အတိုင်းအတာတစ်ခုအထိ ယုံကြည်ကြပါလိမ့်မယ်။ သူတို့အပေါ် လွှမ်းမိုးဖို့ မကြိုးစားပါနဲ့။ အဓိက က သူတို့ကို သက်သောင့်သက်သာရှိတယ်လို့ ခံစားရအောင် ပြုလုပ်ပေးဖို့ပါပဲ။

 

zawgyi

Josh Altman (ေဂ်ာ့ရွ္ အတ္ထ္မန္) ဟာ အသက္ (၂၆) ႏွစ္အ႐ြယ္မွာ သန္းႂကြယ္သူေဌးျဖစ္လာခဲ့သူပါ။ ဒီေန႔ေတာ့ သူ႔ရဲ႕ ဘဝေနထိုင္မႈပုံစံေတြအေၾကာင္းကို ေျပာျပေပးသြားမွာပါ။

“သင္ႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္သည္ျဖစ္ေစ First impressions ကအရမ္းအေရးႀကီးပါတယ္။ ဘာအလုပ္ပဲလုပ္ေနလုပ္ေန အေရးမႀကီးပါဘူး။ First impressions စကၠန႔္အနည္းငယ္အတြင္း ျဖစ္ပ်က္သြားတဲ့ အျဖစ္အပ်က္ျဖစ္ၿပီးေတာ့ လူေတြက ဒီအေပၚမွာမူတည္ၿပီး သင့္အေပၚ တုံ႔ျပန္ၾကတာပါ။ လူေတြအေပၚ လႊမ္းမိုးခ်င္တယ္ဆိုရင္ First impressions ေကာင္းဖို႔အလြန္ အေရးႀကီးပါတယ္။”

“ကြၽန္ေတာ္ ငယ္ငယ္ကတည္းက အိမ္ၿခံေျမအက်ိဳးေဆာင္ လုပ္ငန္းလုပ္ကိုင္ခဲ့ပါတယ္။ အသက္ (၂၆) ႏွစ္အ႐ြယ္ေရာက္ေတာ့ လူေတြေျပာတဲ့ သန္းႂကြယ္သူေဌးႀကီးျဖစ္ေနၿပီ။ စီးပြားေရးလုပ္တယ္ဆိုတဲ့ ေနရာမွာ မိမိကိုယ္ကို ယုံၾကည္မႈအျပည့္ရွိေနဖို႔ အေရးႀကီးပါတယ္။” ဒါကေတာ့ Josh Altman (ေဂ်ာ့ရွ္ အတ္ထ္မန္) ေျပာျပတဲ့ သူ႔အေၾကာင္းပါ။ အခုထပ္ၿပီးေတာ့ သူ႔ရဲ႕ေအာင္ျမင္မႈ စည္းမ်ဥ္းစည္းကမ္းေတြကို ေျပာျပေပးသြားပါ့မယ္။

ဘယ္ေတာ့မွ ဂုဏ္မေမာက္မာနဲ႔

 

 

“ငါ မြန္တာနာ ၿမိဳ႕မွာ ေမြးျမဴေရးၿခံတစ္ၿခံဝယ္လိုက္တယ္” လို႔လူတစ္ေယာက္က သင့္ကိုလာေျပာခဲ့မယ္ဆိုရင္ သင္က “ငါလည္း ကာေရဘီယံမွာ ကြၽန္းတစ္ကြၽန္းပိုင္တယ္” ဆိုၿပီး ျပန္မေျပာပါနဲ႔။ ဒါက သင္ဟာ အဲ့ဒီလူနဲ႔ စကားေျပာေနတာ မဟုတ္ပါဘူး။ ဂုဏ္ၿပိဳင္ေနတာပါ။

ကိုယ့္ရဲ႕ေဖာက္သည္နဲ႔ စကားေျပာေနခ်ိန္မွာ ဘယ္ေတာ့မွ ကိုယ့္ရဲ႕ ဂုဏ္ပကာသနေတြကို ထုတ္ေဖာ္မေျပာပါနဲ႔။ ဒီလိုေျပာလိုက္မယ္ဆိုရင္ အဲ့ဒီေဖာက္သည္နဲ႔ စီးပြားေရးလုပ္ခြင့္ ဆုံးရႈံးသြားပါလိမ့္မယ္။ တျခားလူဘာေျပာလဲဆိုတဲ့ အေပၚမွာမူတည္ၿပီး အလိုက္သင့္ေျပာေပးလိုက္ပါ။

နားေထာင္ေပးပါ

 

 

တျခားလူေျပာတဲ့စကားေတြကို နားေထာင္ေပးလိုက္ပါ။ ဒါက သူတို႔ကိုေလးစားရာ ေရာက္ပါတယ္။ ဘယ္သူမွ ကိုယ့္အေပၚေလးစားမႈမရွိတဲ့ လူေတြနဲ႔ အဆက္အဆံမလုပ္ခ်င္ၾကဘူး။ စီးပြားေရးလုပ္ငန္းလုပ္ေတာ့မယ္ဆိုရင္ နာေထာင္ႏိုင္စြမ္းရည္ကလည္း အေရးႀကီးပါတယ္။

ဗန္းစကားေတြမသုံးပါနဲ႔

 

 

ဗန္းစကားေတြကို တစ္ခ်ိဳ႕ေသာလူေတြနားမလည္ၾကဘူး။ ဒါက သူတို႔ကို မလုံၿခဳံသလိုမ်ိဳး ခံစားသြားရေစပါတယ္။ စီးပြားေရးကိစၥရပ္ေတြ ေဆြးေႏြးခ်ိန္မွာ ႐ိုးရွင္းတဲ့ စကားလုံးေတြ ေ႐ြးခ်ယ္သုံးစြဲပါ။ တဖတ္လူနားလည္ႏိုင္မယ့္ စကားစုေတြကိုသာ ေျပာဆိုေပးပါ။ မလိုအပ္ပဲ စကားလုံးေတြကို ကာရံေတြနဲ႔ေျပာဆိုေနျခင္းကလည္း သင့္ကိုအ႐ူးလို႔ လူေတြျမင္ၾကပါလိမ့္မယ္။ ယုံၾကည္မႈရွိပါ။ စစ္မွန္မႈရွိပါ။ တစ္ဖတ္လူယုံၾကည္ႏိုင္ေအာင္ ေျပာဆိုပါ။

ထပ္တူက်ေအာင္ေနထိုင္ပါ

 

 

ေလ့လာမႈေတြအရ လူအမ်ားစုက သူတို႔နဲ႔ တူတဲ့လူေတြကို ပိုၿပီးႏွစ္သက္သေဘာက်တယ္လို႔ ဆိုထားပါတယ္။ အကယ္၍ စကားကိုညင္ညင္သာသာေျပာဆိုတဲ့လူနဲ႔ေတြ႕ဆုံခဲ့ရင္ သင့္ရဲ႕အသံကို ႏွိမ့္ၿပီး ညင္ညင္သာသာေျပာဆိုေပးပါ။

ေဈးႀကီးတဲ့အဝတ္အစားေတြ ဝတ္စရာမလိုပါဘူး။ သပ္သပ္ရပ္ရပ္နဲ႔ ေက်ာ့ေက်ာ့ေမာ့ေမာ့ေလးျဖစ္ေနရင္ရပါၿပီ။ လူမွာအဝတ္ ေတာင္းမွာအကြပ္ဆိုသလို သင္ကရည္ရည္မြန္မြန္ေလး ဝတ္စားထားပါမွ သင့္လုပ္ငန္းကိုလည္း အတိုင္းအတာတစ္ခုအထိ ယုံၾကည္ၾကပါလိမ့္မယ္။ သူတို႔အေပၚ လႊမ္းမိုးဖို႔ မႀကိဳးစားပါနဲ႔။ အဓိက က သူတို႔ကို သက္ေသာင့္သက္သာရွိတယ္လို႔ ခံစားရေအာင္ ျပဳလုပ္ေပးဖို႔ပါပဲ။

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *