success

အပိုဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်တဲ့ဝါသနာများ

ဝါသနာကောင်းတွေက သင့်ကိုပျော်ရွှင်မှုပေးနိုင်သလို ထင်မှတ်မထားပဲ အပိုဝင်ငွေရှာပေးနိုင်ပါတယ်။ ဝါသနာတိုင်းကတော့ အပိုဝင်ငွေရဖို့မလွယ်ပေမယ့် အခုပြောပြပေးမယ့် ဝါသနာကောင်းလေးတွေကတော့ သင့်ကိုတစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေရအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ဘယ်လိုဝါသနာတွေဖြစ်မလဲကြည့်လိုက်ရအောင်။

(၁) အချက်အပြုတ်ဝါသနာ

 

တကယ်လို့ သင်ကဟင်းချက်ကောင်းတဲ့ သူတစ်ယောက်ဆိုရင် ဒီဝါသနာကလဲ သေချာပေါက်ဝင်ငွေရနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ဟင်းချက်ဗွီဒီယိုတွေတင်မလား၊ အွန်လိုင်းကနေ ဟင်းချက်နည်းတွေသင်ပေးမလား ဒါမှမဟုတ် ကိုယ့်ဖောက်သည်နဲ့ကိုယ် ဟင်းအသစ်အဆန်းတွေချက်ပြီးရောင်းလို့လဲ ရတယ်နော်။

(၂) စာရေးဝါသနာ

 

စာရေးဝါသနာပါတဲ့သူတွေအတွက်က စာရေးခြင်းကတကယ့်ကို အခွင့်အလမ်းရှိတဲ့ဝါသနာတစ်ခုပါ။ ဝက်ဘ်ဆိုက်တွေ ဘလော့ဂ်တွေမှာ စာရေးပြီးဝင်ငွေရှာလို့ရသလို အလွတ်တန်းစာရေးတဲ့အလုပ် (Content Writer) အဖြစ်နဲ့လဲ ဝင်ငွေရှာလို့ရပါတယ်။ နောက်ပိုင်း ပိုကျွမ်းကျင်လာတဲ့အခါ ကိုယ်တိုင်စာအုပ်ထုတ်လို့လဲ ရနိုင်ပါတယ်။

(၃) ခရီးသွားဝါသနာ

 

အခုခေတ်မှာ ခရီးသွားဘလော့ဂါအလုပ်တွေခေတ်စားလာသလို ခရီးသွားခြင်းကနေ ဝင်ငွေရနိုင်နေပါပြီ။ ခရီးသွားခြင်းက စိတ်အပန်းပြေစေပြီး ဗဟုသုတအသစ်တွေလဲရနိုင်တဲ့အတွက် လူတွေကတစ်နှစ်ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်တော့ခရီးသွားလေ့ရှိကြပါတယ်။ တကယ်လို့သင်က ခနခနခရီးသွားရတာကိုနှစ်သက်ပြီး ရိုးမသွားနိုင်အောင်ကို ခရီးသွားရတာကြိုက်တယ်ဆိုရင် ဒီဝါသနာနဲ့ဝင်ငွေရှာသင့်ပါပြီ။ ဒါပေ့မယ် လွယ်ကူတဲ့အလုပ်တော့ မဟုတ်တဲ့အတွက် တကယ်ဝါသနာပါမပါဆန်းစစ်ပြီးမှ လုပ်သင့်ပါတယ်။

(၄) ဓါတ်ပုံရိုက်ဝါသနာ

 

တချို့လူတွေက ဓါတ်ပုံရိုက်တာဝါသနာပါကြပြီး ကင်မရာအမြင်လဲရှိကြပါတယ်။ တကယ်လို့ သင်ကဓါတ်ပုံလဲကောင်းကောင်းရိုက်တတ်တယ် ဝါသနာလဲပါတယ်ဆိုရင်တော့ သင့်အတွက်ဝင်ငွေတခုရနိုင်ဖို့နီးစပ်နေပါပြီ။ ဘွဲ့အခမ်းအနားတွေ မွေးနေ့ပွဲတွေ ဒါမှမဟုတ် အပျော်တမ်းအလှဓါတ်ပုံရိုက်ချင်သူတွေအတွက် သင့်ရဲ့ဝါသနာနဲ့အကောင်းဆုံးဓါတ်ပုံတွေဖန်တီပေးပြီး ဝင်ငွေရနိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံအရောင်းဝက်ဘ်ဆိုက်တွေမှာ တင်ရောင်းလို့ရနိုင်ပါတယ်။Credit: Original Writer

 

 

Leave a Comment