success
“စိတ် သည် ဘဝ၊ ဘဝ သည် စိတ်ပါ”
The mind is life; Life is a mind
“စိတ်ဓာတ်”
လူတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့်က “စိတ်ဓာတ်”အပေါ် အများကြီး မူတည်နေပါတယ်။
စိတ်ဓာတ်မြင့်မားရင် ဘဝမြင့်မားမှာဖြစ်ပြီး စိတ်ဓာတ်နိမ့်နေရင် ငွေချမ်းသာလဲ ဘဝက နိမ့်ကျနေမှာပါ။
စိတ်ဓာတ်မြင့်မားတယ်ဆိုတာ ဘယ်ဟာကိုခေါ်သလဲ ??
၁။ ရိုးသားမှု
၂။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်၊ အပြောတွေအပေါ် တာဝန်ယူမှု
၃။ အရှိကို အရှိတိုင်း ရိုးသားစွာ ဖော်ပြတတ်မှု
၄။ မကောင်းတာလုပ်လုပ်၊ ကောင်းတာပဲလုပ်လုပ် စည်းစနစ်ကျမှု
၅။ မှားတယ်လို့ ဝန်ခံရဲတဲ့ သတ္တိရှိမှု
၆။ အပြောတစ်မျိုး အလုပ်တစ်မျိုး မလုပ်တတ်သူ
၇။ ကိုယ်မှန်တယ်ထင်ရင် ရှင်ဘုရင်တောင် ပြန်ပြောရဲ့သလို ကိုယ်မှားပြီဆိုရင်လည်း သူတောင်းစားတောင် တောင်ပန်ဖို့ ဝန်မလေးတတ်သူ ဆရာသမားအပေါ် သစ္စာရှိပြီး မျှတစွာ ဆက်ဆံတတ်ကာ အမှန်တရားကို လက်ကိုင်ထားသူ စသည်တို့ကို ဆိုလိုပါသည်။
အရည်အသွေးချင်း ဝင်ပြိုင်တာမဟုတ်ပဲ အမြီးကျက်ရင် အမြီး၊ ခေါင်းကျက်ရင် ခေါင်းစားဆိုတဲ့ စိတ်ဓာတ်ရှိနေတဲ့ လူမျိုးစုတွေကတော့ တိုးတက်လာလည်း ခဏပါ။
အခြေမခိုင်ဘဲ ယိုင်လဲနေမှာ သေချာသလောက်ရှိတယ်။
“စိတ် သည် ဘဝ၊ ဘဝ သည် စိတ်ပါ”
စိတ်ဓာတ်မကောင်းမှတော့ မှန်လိုပဲ ဘဝကလဲ ချောလာ စရာအကြောင့်မရှိပါဘူး။
ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး “ဂွင်” ဆိုတဲ့ တစ်နပ်စားကြံစည် နေမှတော့ တစ်နပ်စားပြီး စားစရာမကျန်တော့ရင် ငတ်ပြီပေါ့။
ပညာဘယ်လောက်တော်တော် စိတ်ဓာတ်မကောင်းရင် အသုံးမဝင်သလို အရည်အချင်း ဘယ်လောက်ရှိရှိ စည်းကမ်းမရှိရင်တော့ ပလိုင်းပေါက်နဲ့ ဖားလိုက်ကောက် နေသလိုပါပဲ။
သူငယ်ချင်း ဘဝမြင့်မားပြီး အဆင့်အတန်းမြင့်မားတဲ့ လူသားတစ်ယောက်ဖြစ်ချင်ရင် ”စိတ်”ကို အရင်ပြင်ကြည့် လိုက်ပါ။
Credit: Original Uploader
Sharing By: #One Daily media
#Zawgyi Version
“စိတ်ဓာတ်”
၁။ ရိုးသားမှု
Leave a Comment