success

အချိန်မတန်ခင် ဇိမ်မခံပါနဲ့

Unicode Version

ကျွန်တော်တို့လူတိုင်းလူတိုင်း ခံယူထားတာတစ်ခုရှိပါတယ်။အဲ့တာဘာလဲဆိုတော့…

 

ပိုက်ဆံဟာအရာရာတိုင်းပါ။ပိုက်ဆံရှိရင်ပျော်ရွှင်ရပါတယ်။ပိုက်ဆံကပျော်ရွှင်မှုတွေကိုဖြစ်စေပါတယ်။ပိုက်ဆံကအရာအားလုံးကို၀ယ်ယူနိုင်တယ်။
ပိုက်ဆံဟာဒုတိယဘုရားသခင်ပါ။အဲ့လိုခံယူထားတာလည်းကောင်းပါတယ်။ပိုက်ဆံကိုတန်ဖိုးထားတတ်ဖို့လိုပါတယ်။

တစ်ခါတစ်လေမှာ…ပိုက်ဆံဟာအရာရာတိုင်းပါ။တစ်ခါတစ်လေမှာ…ပိုက်ဆံကဘာမှမဟုတ်ပြန်ပါဘူး။ပိုက်ဆံဟာအရာရာတိုင်းနီးပါး လုပ်ဆောင်နိုင်ပေမယ့်ကန့်သတ်ချက်ဆိုတာရှိပါတယ်။သူမလုပ်ဆောင်နိုင်တဲ့ ပတ်၀န်းကျင်တွေလည်းရှိပါတယ်။ပိုက်ဆံရှာတတ်ဖို့ထက် ပိုက်ဆံကိုဘယ်လိုတန်ဖိုးထားရမလဲ ဆိုတာ အရင်သင်ယူသင့်ပါတယ်။ ပိုက်ဆံကို သေချာတန်ဖိုးထားတတ်ပြီဆိုရင်တော့ ပိုက်ဆံကိုစပြီးရှာဖွေလို့ ရပါပြီ။

ပိုက်ဆံရှာပါ။ ကိုယ့်ကိုယ်ကိုလည်းပျော်အောင်ထားပါ။“အချိန်မတန်ခင်ဇိမ်မခံနဲ့တဲ့”အရင်ဆုံးကိုယ့်အိပ်မက်တွေစီကိုပြေးပါ။မင်းမှာအချိန်အကန့်သတ်ပဲရတာပါ။မြင်းတစ်ကောင်က ငယ်ရွယ်ကျန်းမာစဉ်မှာအပြေး မြန်ကောင်းမြန်လိမ့်မယ်။

ဒါပေမယ့်အချိန်တစ်ခုကြာတာနဲ့အမျှသူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းက လျော့ကျသွားတာပါ။

မင်းရဲ့အချိန်တွေကိုမဖြုန်းပါနဲ့။မြင်းတစ်ကောင်လိုပဲ မင်းငယ်ရွယ်စဉ်မှာ အိပ်မက်တွေစီကို ရောက်အောင်ပြေးထားပါ။အခုချိန်ဟာမင်းအတွက်အကောင်းဆုံးအချိန်ပါပဲ။တစ်ခါတစ်လေမှာငါတို့တွေဟာ ပိုက်ဆံကိုအရမ်းချစ် ကြတယ်။ တစ်ခါတစ်လေမှာ ငါတို့တွေဟာ အဲ့ဒီပိုက်ဆံ တွေကိုမုန်းကြပြန်ရော။ပိုက်ဆံကြောင့်ငါတို့တစ်စုံတစ်ရာပြည့်စုံခဲ့တယ်။ပိုက်ဆံကြောင့်ပဲငါတို့တစ်စုံတစ်ရာစွန့်လွှတ်ခဲ့ရဘူးတယ်။

ပိုက်ဆံကအရာရာတိုင်းကိုလုပ်နိုင်ပါတယ်။ဒါပေမယ့်လည်း အရာရာတိုင်းမဟုတ်ပြန်ပါဘူး။သူ့ရဲ့ကန့်သတ်ချက်ကိုနားလည်စေဖို့ပါ။ပိုက်ဆံရှာပါ။ အရာရာတိုင်းကိုမဖန်တီးနိုင်ပေမယ့် သူ့မှာ လုပ်ဆောင်နိုင်စွမ်းတွေအရမ်းများတယ်။ ဒါ့ကြောင့်မင်းပိုက်ဆံအရင်ရှာပါ။ပိုက်ဆံကိုဂရုစိုက်ပါ။ သူမင်းကိုပြန်ပြီးဂရုစိုက်ပါလိမ့်မယ်။ဂရုစိုက်နည်းတော့မမှားစေနဲ့ပေါ့။မင်းရဲ့အိပ်မက်တွေစီသွားပါ။ပိုက်ဆံတွေ မင်းနောက်လိုက်လာလိမ့်မယ်။

Credit: Original Writer
Sharing By: #One daily Media

 

Leave a Comment