Wed. Oct 27th, 2021

အဆိပ်အတောက်လူသားဆိုတာ ဘယ်လိုလူစားမျိုးလို့ မှတ်ယူထားပါသလဲ။ မိတ်ဆွေအတုအယောင်များ၊ မိမိအကျိုးစီးပွားကို ဖျက်ဆီးမည့်သူများ၊ မိမိကို စိတ်ဓာတ်ကျအောင် ကြိုးစားမယ့်သူများ အစရှိသဖြင့် မိမိ အောင်မြင်မှုကို မလိုလား၍ မကောင်းကြံစည်သူများအားလုံးက သင့်အတွက် အဆိပ်အတောက်လူသားတွေပဲဖြစ်ပါတယ်။

သင့်ပတ်ဝန်းကျင်မှာ ထိုကဲ့သို့သော အဆိပ်အတောက်လူသားများကို တွေ့ရှိပြီဆိုတာနဲ့ ဘဝထဲက အပြီးအပိုင် ထုတ်ပစ်သင့်ပါတယ်။ ဘာ့ကြောင့်ထုတ်ပစ်သင့်သလဲဆိုတဲ့ အကြောင်းအရင်းများကတော့…

ကျန်းမာရေးကို ထိခိုက်စေလို့

ကျွမ်းကျင်ပညာရှင်များအရ သင့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့လူသားများနဲ့ အတူယှဉ်တွဲနေထိုင်ခြင်းက နှလုံးရောဂါ ခံစားရနိုင်ချေများတယ်လို့ လေ့လာသိရှိရပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါတို့ကိုလည်း ခံစားရတတ်တာကြောင့် မိတ်ဆွေအတုအယောင်များကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းစေလို့

အဆိပ်အတောက်လူသားများက သင့်မှာ စိတ်ဖိစီးမှုတွေ များနေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ချိန်လုံးတွေးနေကြတာပါ။ သင့်မှာ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းပြီး စိတ်ကျရောဂါ ခံစားရလေ သူတို့က ပျော်ရွှင်လေပါပဲ။

သင့် ဘဝကို ထိန်းချုပ်နေလို့

သင့်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို သူတို့က ကိုယ်စားဆုံးဖြတ်ပြီး သင့်ဘဝကို ထိန်းချုပ်နေတတ်ပါတယ်။ ကြာလာတဲ့အခါ သင့်ကိုယ်ကို ဆုံးရှုံးရမှာဖြစ်ပြီး သူတစ်ပါးကို အမှီသဟဲပြုချင်နေတဲ့စိတ်သာ ကြီးစိုးလာပါလိမ့်မယ်။

အောင်မြင်မှုလမ်းကြောင်းအတွက် လိုအပ်တဲ့ လိုအပ်ချက်များကို လျစ်လျူရှုစေလို့

သင်က ထိုမိတ်ဆွေအတုအယောင်များနဲ့ မတွေ့ခင်က ကိုယ် ဝါသနာပါတဲ့အရာတွေ ကိုယ် ကြိုက်နှစ်သက်တဲ့အလုပ်တွေ လုပ်ရင်း အချိန်ကုန်ဆုံးတတ်ပါလိမ့်မယ်။ မိတ်ဆွေအတုအယောင်များ သင့်ဘဝထဲ ဝင်ရောက်လာတဲ့အခါ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက် လိုအပ်မယ့် အရာတွေကို မလေ့လာဖြစ်တော့ဘဲ အလဟဿအချိန်ဖြုန်းတီးမိနေပါလိမ့်မယ်။

မိတ်ဆွေစစ် မိတ်ဆွေမှန်များနဲ့ ဝေးသထက်ဝေးအောင် တွန်းပို့နေလို့

မိတ်ဆွေအတုအယောင်များက သင် အခြားသူများနဲ့ လူမှုဆက်ဆံရေး ပျက်ပြားသွားအောင် သွေးထိုးနေမှာဖြစ်ပါတယ်။ အခြားသူများနဲ့ ယုံကြည်မှု ပျက်ယွင်းသွားအောင် ဖန်တီးပြီး သူက လွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်အောင် ပြုလုပ်တတ်တာကြောင့် အဆိပ်အတောက်လူသားများကို သင့်ဘဝထဲက အချိန်မှီ ဖယ်ရှားဖို့ လိုအပ်ပါတယ်။

Credit: Original Writer

 

Source: Brightside.me

Zawgyi

အဆိပ္အေတာက္လူသားဆိုတာ ဘယ္လိုလူစားမ်ိဳးလို႔ မွတ္ယူထားပါသလဲ။ မိတ္ေဆြအတုအေယာင္မ်ား၊ မိမိအက်ိဳးစီးပြားကို ဖ်က္ဆီးမည့္သူမ်ား၊ မိမိကို စိတ္ဓာတ္က်ေအာင္ ႀကိဳးစားမယ့္သူမ်ား အစရွိသျဖင့္ မိမိ ေအာင္ျမင္မႈကို မလိုလား၍ မေကာင္းႀကံစည္သူမ်ားအားလုံးက သင့္အတြက္ အဆိပ္အေတာက္လူသားေတြပဲျဖစ္ပါတယ္။

သင့္ပတ္ဝန္းက်င္မွာ ထိုကဲ့သို႔ေသာ အဆိပ္အေတာက္လူသားမ်ားကို ေတြ႕ရွိၿပီဆိုတာနဲ႔ ဘဝထဲက အၿပီးအပိုင္ ထုတ္ပစ္သင့္ပါတယ္။ ဘာ့ေၾကာင့္ထုတ္ပစ္သင့္သလဲဆိုတဲ့ အေၾကာင္းအရင္းမ်ားကေတာ့…

က်န္းမာေရးကို ထိခိုက္ေစလို႔

man with a heartache

ကြၽမ္းက်င္ပညာရွင္မ်ားအရ သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစတဲ့လူသားမ်ားနဲ႔ အတူယွဥ္တြဲေနထိုင္ျခင္းက ႏွလုံးေရာဂါ ခံစားရႏိုင္ေခ်မ်ားတယ္လို႔ ေလ့လာသိရွိရပါတယ္။ ဒါ့အျပင္ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါႏွင့္ အဝလြန္ေရာဂါတို႔ကိုလည္း ခံစားရတတ္တာေၾကာင့္ မိတ္ေဆြအတုအေယာင္မ်ားကို ေရွာင္ၾကဥ္တာ အေကာင္းဆုံးပါပဲ။

မိမိကိုယ္ကို ယုံၾကည္မႈ က်ဆင္းေစလို႔

businessman losing self-confidence

အဆိပ္အေတာက္လူသားမ်ားက သင့္မွာ စိတ္ဖိစီးမႈေတြ မ်ားေနေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ တစ္ခ်ိန္လုံးေတြးေနၾကတာပါ။ သင့္မွာ မိမိကိုယ္ကို ယုံၾကည္မႈက်ဆင္းၿပီး စိတ္က်ေရာဂါ ခံစားရေလ သူတို႔က ေပ်ာ္႐ႊင္ေလပါပဲ။

သင့္ ဘဝကို ထိန္းခ်ဳပ္ေနလို႔

man telling his friend what to do

သင့္အတြက္ အေရးႀကီးေသာ ဆုံးျဖတ္ခ်က္မ်ားကို သူတို႔က ကိုယ္စားဆုံးျဖတ္ၿပီး သင့္ဘဝကို ထိန္းခ်ဳပ္ေနတတ္ပါတယ္။ ၾကာလာတဲ့အခါ သင့္ကိုယ္ကို ဆုံးရႈံးရမွာျဖစ္ၿပီး သူတစ္ပါးကို အမွီသဟဲျပဳခ်င္ေနတဲ့စိတ္သာ ႀကီးစိုးလာပါလိမ့္မယ္။

ေအာင္ျမင္မႈလမ္းေၾကာင္းအတြက္ လိုအပ္တဲ့ လိုအပ္ခ်က္မ်ားကို လ်စ္လ်ဴရႈေစလို႔

man holding No cards

သင္က ထိုမိတ္ေဆြအတုအေယာင္မ်ားနဲ႔ မေတြ႕ခင္က ကိုယ္ ဝါသနာပါတဲ့အရာေတြ ကိုယ္ ႀကိဳက္ႏွစ္သက္တဲ့အလုပ္ေတြ လုပ္ရင္း အခ်ိန္ကုန္ဆုံးတတ္ပါလိမ့္မယ္။ မိတ္ေဆြအတုအေယာင္မ်ား သင့္ဘဝထဲ ဝင္ေရာက္လာတဲ့အခါ ကိုယ့္တိုးတက္ရာတိုးတက္ေၾကာင္းအတြက္ လိုအပ္မယ့္ အရာေတြကို မေလ့လာျဖစ္ေတာ့ဘဲ အလဟႆအခ်ိန္ျဖဳန္းတီးမိေနပါလိမ့္မယ္။

မိတ္ေဆြစစ္ မိတ္ေဆြမွန္မ်ားနဲ႔ ေဝးသထက္ေဝးေအာင္ တြန္းပို႔ေနလို႔

man standing alone on rooftop

မိတ္ေဆြအတုအေယာင္မ်ားက သင္ အျခားသူမ်ားနဲ႔ လူမႈဆက္ဆံေရး ပ်က္ျပားသြားေအာင္ ေသြးထိုးေနမွာျဖစ္ပါတယ္။ အျခားသူမ်ားနဲ႔ ယုံၾကည္မႈ ပ်က္ယြင္းသြားေအာင္ ဖန္တီးၿပီး သူက လြဲၿပီး ဘယ္သူ႔ကိုမွ မယုံၾကည္ေအာင္ ျပဳလုပ္တတ္တာေၾကာင့္ အဆိပ္အေတာက္လူသားမ်ားကို သင့္ဘဝထဲက အခ်ိန္မွီ ဖယ္ရွားဖို႔ လိုအပ္ပါတယ္။

Photo Source: Freepik.com

Source: Brightside.me

 

 

Leave a Reply

Your email address will not be published. Required fields are marked *