One Daily News

Follower(၁.၃)သန်းရှိတဲ့ အသက်(၇၄)နှစ်အရွယ် Instagram အကျော်အမော်အဖွားအို Joan

Follower(၁.၃)သန်းရှိတဲ့ အသက်(၇၄)နှစ်အရွယ် Instagram အကျော်အမော်အဖွားအို Joan

Joan ၏ website စာမျက်နှာကို သွားကြည့်လိုက်မယ်ဆိုရင်ဖြင့် ” ငါလုပ်နိုင်ရင် မင်းလဲလုပ်နိုင်ရမယ် ” ဆိုတဲ့ ဆောင်ပုဒ်လေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သင်ဟာ Joan ရဲ့.အသက်(၇၀) အရွယ်မှ စတင်ခဲ့တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှု ဇာတ်ကြောင်း ဖတ်ရှူပြီးတဲ့နောက်မှာ အဆိုပါဆောင်ပုဒ် အလွန်မှန်ကန်ကြောင်း လက်ခံသွားပါလိမ့်မယ်။

 

လှေကားအတက်အဆင်းတိုင်း အဆစ်အမြစ် နာကျင်ခြင်းများဟာ Joan ကိုစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများအတွက် နေထိုင်မှုပုံစံ ပြောင်းလဲရန် စတင်ရွေးချယ်‌စေခဲ့တာပဲဖြစ်ပါတယ်။

မည်သည့်အရာကိုမဆို တကယ်လုပ်ရင် တကယ်ဖြစ်နိုင်ကြောင်း စိတ်ခွန်အားရစေမယ့် Joan ၏ ကြိုးစားခဲ့ပုံ ဘဝဇာတ်ကြောင်းကို ဂုဏ်ယူစွာတင်ဆက်ပေးလိုပါတယ်။

(၁) သမီးဖြစ်သူ Michelle မှ စတင်တိုက်တွန်းမှု

Joan ဟာ သူမရဲ့နေထိုင်ပုံ life style ကို မပြောင်းလဲပါက ဆရာဝန်မကြာခဏ သွားရောက်ဆေးကုသနေရမည် ဆိုသည်ကို သဘောပေါက်နှင့်ပြီးဖြစ်ပါတယ်။ သူမကျန်းမာရေးအတွက် အပြောင်းအလဲတစ်ခုကို ကြိုးစားသင့်ကြောင်း သို့မဟုတ်ပါက နာမကျန်းဖြစ်ပြီး ဘိုးဘွားရိပ်သာမှာသာ အချိန်ကုန်ဆုံးရမည်ဖြစ်ကြောင်း

သမီးဖြစ်သူ Michelle က ဝမ်းနည်းစွာ အားပေးပြောကြားခဲ့ပါတယ်။ထိုအချိန်မှစ၍ Joan ဟာ ပြုပြင်ပြောင်းလဲမှုများအတွက် စိတ်ဝင်စားသည့်အမျိုးသမီးများနှင့် ဖွဲ့သည်းထားသည့် အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ထို့နောက် Joan ဟာ အားကစားခန်းမများသွားရောက်ကာ ကိုယ်အလေးချိန်စတင်လျှော့ချခဲ့ပါတော့တယ်။

(၄)နှစ်မပြည့်မှီမှာပင် Joan ဟာ ပေါင်(၇၀)ချနိုင်ခဲ့ပြီး သတ်မှတ်ထားသော ကိုယ်အလေးချိန်ကို ရောက်ရှိခဲ့ပါတယ်။ “အခုချိန် ကျွန်မရဲ့ပန်းတိုင်က gymမှာ အလေးတုံးများ ပိုတိုးနိုင်ဖို့နဲ့ ဒီလိုပြောင်းလဲမှုအတွက် စတင်ခဲ့တဲ့ အလေ့အကျင့်ကောင်းတွေကို ဆက်ထိန်းထားနိုင်ဖို့ပါပဲ ” လို့ Joanကပြောကြားခဲ့ပါတယ်။

(၂)လက်လျှော့ အရှူံးပေးချင်စိတ်တွေလဲ ရှိခဲ့ပါတယ်

” စတင်ခဲ့ရတဲ့အချိန်တွေဆီ ကျွန်မ ပြန်မသွားချင်ပါဘူး။ဒီလေ့ကျင့်ခန်းတွေ စွဲစွဲမြဲမြဲ မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်မရဲ့ ကျန်းမာရေးဘက်မှာ အလျော်အစားကြီးပါလိမ့်မယ် ကျွန်မဘဝကို ဆေးရုံ ဒါမှမဟုတ် ဘိုးဘွားရိပ်သာလို နေရာမျိုးမှာ အဆုံးမသတ်ချင်ပါဘူး ” လို့ပြောပါတယ်။

သူမဟာ အသက်အရွယ်ကြောင့် တိုးတက်မှုခြေလှမ်းများ နှေးကွေးနေသော်လည်း ကြိုးစား‌နေမှု‌များကြောင့် ကျန်ရှိနေသော ဘဝသက်တမ်းကို အကျိုးရှိစေမယ်လို့ ယုံကြည်ချက်အခိုင်အမာ ရှိပါတယ်။

သူမဟာ ယခုဆိုရင် လိုချင်တဲ့ပန်းတိုင်ကို စိတ်သစ်လူသစ်ဖြင့်ရောက်ရှိနေပြီး ကျန်းမာရေးအတွက် ညီညွတ်မျှတသော အစားအသောက်များကိုလည်း စားသောက်နေပြီဖြစ်ပါတယ်။

သူမဟာ တစ်နေ့၅ကြိမ်စားပြီး ဖြည့်စွက်စာများနှင့်အတူ တစ်ပတ်လျှင် ၅ရက် လေ့ကျင့်ခန်းလုပ်နေပါတယ်။ ကျန်(၂)ရက်ကိုတော့ မိသားစုနှင့်အတူ အနားယူလေ့ရှိပါတယ်။

(၃)နည်းပညာများ အသုံးပြုတတ်ရန် ကြိုးစားရခြင်းဟာလည်း မလွယ်ကူခဲ့ပါဘူး

 


“ကျွန်မသမီးက ကျွန်မကို အခြားသူများနဲ့ ဆက်သွယ်နိုင်ရန် Instagram account ဖွင့်ပေးခဲ့ပါတယ်။ကျွန်မကြိုးစားခဲ့ပုံ အကြောင်းများကို ထိုမှတစ်ဆင့်မျှဝေခဲ့ပြီး လူများစွာက follow လာခဲ့ကြတယ်” လို့ Joan ကပြောပြပါတယ်။

သူမဟာနည်းပညာသုံး လူမှုကွန်ယက်များအသုံးပြုပုံများကို ကောင်းစွာ မမှတ်သားနိုင်ခြင်းများကြောင့် စိတ်ဓာတ်ကျခဲ့ရသော်လည်း အရှူံးမပေးဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။

ယခုအခါသူမက လူမှာကွန်ယက်များမှတစ်ဆင့် အခြားသောသူမကဲ့သို့ပင် ကျန်းမာ‌ရေးအတွက် ကိုယ်ကာယအလေ့အကျင့်ကောင်းများ ကြိုးစားလိုသူ အမျိုးသား၊အမျိုးသမီး များစွာအတွက် သူမကြိုးစားခဲ့ပုံနည်းလမ်းများ မျှဝေပေးခြင်း ၊

အစပိုင်းမှာ ခက်ခဲသော်လည်း ယုံကြည်ချက်ရှိရှိဖြင့် ဆက်လက်ကြိုးစားရန် အကြံဉာဏ်ပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိပါတယ်။

(၄) သူမရဲ့လမ်းစဉ်ကတော့ ဇွဲရှိပြီး လက်မလျှော့တတ်ရန်ပါပဲ

” အသွင်ပြောင်းလဲခြင်းဟာ ခက်ခဲပါတယ် သို့သော် စွဲစွဲမြဲမြဲနဲ့ အရှူံးမပေးပဲ ကြိုးစားရပါမယ်။

သင်ဟာ အစပိုင်းမှာ တစ်နေ့ကို (၃) ဘလောက် လောက်သာ လမ်းလျှောက်နိုင်မည်ဆိုလည်း ထိုမျှနှင့်စတင်ပြီးမှ တစ်နေ့နည်းနည်းချင်း ပိုတိုးကြိုးစားပါ အစားအသောက်ကိုလည်း စနစ်တကျ ထိန်းညှိစားသောက်ပြီး ရေများများသောက်ပေးရပါမယ် ” လို့ သူမက အကြံပေးပါတယ်။

သူမ၏သမီးဖြစ်သူ Michelle က ကျန်းမာရေးနဲ့ကိုက်ညီသော ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းရာမှာ စိတ်အားထက်သန်မှုကအရေးကြီးကြောင်း နှင့် စတင်မှု ပြုလုပ်ဖို့ကို ကြောက်နေရန်မလိုကြောင်း ပြောကြားခဲ့ပါတယ်။

သင်ရော သင့်ရဲ့နေထိုင်ပုံစတိုင်နဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပြောင်းလဲဖို့လိုတယ် ထင်ပါသလား ? အသက်(၇၄) နှစ်အတွက် Joan ရဲ့ ကြိုးစားမှုများက သင့်ကိုလည်း စိတ်ခွန်အားများ တက်ကြွလာစေမယ်လို့ မျှော်လင့်ပါတယ်။

 

Rft BrightSide

Written One Daily Media

Leave a Comment