Wed. Oct 27th, 2021

မြောက်ကိုရီးယားနိုင်ငံမှာသာ မြင်တွေရမယ့် ထူးဆန်းတဲ့အချက် (၁၁)ချက်

“ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံ” , ” သင်္ဂဿအုတ်ဂူ ” , ” သမ္မတ စိတ်ကြည်သောနေ့ဟာ ရာသီဥတုသာယာသောနေ့” အစရှိသဖြင့် ထူးဆန်းသောအဆိုများကို မြောက်ကိုရီးယားနိုင်ငံမှာ ကြားရလေ့ရှိပါတယ်။

သင့်ကို အံ့ဩစိတ်ဝင်စားပေးမယ့် အဆိုပါ ဝိရောဓိနိုင်ငံရဲ့ ထူးဆန်းတဲ့အချက်(၁၁)ကို စုစည်းဖော်ပြပေးချင်ပါတယ်။

(၁၁) သီးသန့်ပြက္ခဒိန်

မြောက်ကိုရီးယားနိုင်ငံဟာ ခေတ်ကာလ တွက်ချက်သည့် ပညာရပ်ကို ၁၉၉၇ ခုနှစ်မှာ စတင် ကျင့်သုံးခဲ့ပါတယ်။သူတို့ဟာ ယခုဆိုရင် သက္ကရာဇ် (၁၀၆) ခုနှစ် ရောက်ရှိနေတာဖြစ်ပြီး Kim Il-sung ၏ မွေး‌နှစ် (၁၉၁၂) ကနေစတင် တွက်ချက် ထားတာဖြစ်ပါတယ် ။ မြောက်ကိုရီးယားနိုင်ငံဟာ ပြက္ခဒိန်များကို မြောက်ကိုရီးယားရက်စွဲဖြင့် တစ်မျိူး ၊ ကမ္ဘာသုံးရက်စွဲများဖြင့် တစ်မျိုး ပုံစံ(၂)မျိုးဖြင့်ထုတ်ဝေလေ့ရှိပါတယ်။

(၁၀)လူတန်းစားအလွှာ

Democratic People’s Republic of Korea(DRPK) အာဏာပိုင်များဟာ (၁၉၅၇) ခုနှစ်ကစပြီး Core Class(ခရမ်းချဉ်သီး) ၊ Wavering Class (ပန်းသီး) ၊ Hostile Class (စပျစ်သီး) ဟူ၍ အလွှာ (၃) လွှာ ခွဲခြမ်းခဲ့ပါတယ်။
အတွင်းရော အပြင်မှာပါ အနီရောင်ဖြစ်တဲ့ ခရမ်းချဉ်သီး ဟုခေါ်သော လူတန်းစားများဟာ အထက်တန်းလွှာများဖြစ်ပြီး နိုင်ငံရေးသမားများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ ဖြစ်ပါတယ်။

အပြင်ဘက်မှာသာ အနီရောင်ရှိတဲ့ ပန်းသီးဟုခေါ်ဆိုတဲ့ လူတန်းစားများကတော့ သာမန်ပြည်သူများ ဖြစ်ပါတယ်။
စပျစ်သီး ဟုခေါ်တွင်သည့် လူတန်းစားများဟာတော့ ဥပဒေချိုးဖောက်သူတွေပဲ ဖြစ်ပါတယ်။ဥပမာအားဖြင့် မြောက်ကိုရီးယားနိုင်ငံမှာ ပြည်ပသို့ ဖုန်းခေါ်ဆိုဆက်သွယ်မှုဟာ ဥပဒေချိုးဖောက်ရာကျပါတယ်။
အဆိုပါခွဲခြားမှုများဟာ အသက်(၁၇)နှစ်မှ စတင် အကျုံးဝင်ပြီး လူတစ်ယောက်စီတိုင်းရဲ့ အနာဂတ် ပညာရေး အလုပ်အကိုင် အစရှိသော ရွေးချယ်ပိုင်ခွင့်များကို ကန့်သတ်ထားပါတယ်။

(၉) လမ်းမကြီးများ

တစ်နိုင်ငံလုံးရှိ လမ်းမကြီးများ၏ (၈)ရာခိုင်နှုန်းခန့်ကိုသာ လမ်းခင်းထားပါတယ်။ သွားလာဆက်သွယ်ရေးအတွက် စစ်ဘက်အရာရှိများသာ မော်တော်ကား အသုံးပြုနိုင်ပြီး ပြည်သူများကတော့ စက်ဘီးကိုသာ အသုံးပြုရပါတယ်။

(၈) ယာဥ်ထိန်းအမျိုးသမီးများ

မြောက်ကိုရီးယားနိုင်ငံမှာ မီးပွိုင့်အနည်းငယ်သာ ရှိပြီး အချို့သော မီးပွိုင့်မရှိသော နေရာများမှာတော့ အိမ်ထောင်မရှိသူ အသက်(၂၆) နှစ်အောက် အမျိုးသမီးများကိုသာ ကန့်သတ် ခန့်ထားပါတယ်။ ကန့်သတ်ချက်နှင့်မညီပါက အလုပ်ထုတ်ခံရပါတယ်။

(၇) ခမ်းနားကြီးကျယ်သော Kim Jong-il

ခေါင်းဆောင်ဟောင်း Kim Jong-il ဟာ သာမန်လူသားတစ်ယောက်မဟုတ်ဘဲ သူဟာ Paektu တောင်တွင်မွေးဖွားခဲ့ပြီး သူ၏မွေးဖွားခြင်းကြောင့် ကောင်းကင်၌ ကြယ်တစ်စင်း ထွန်းလင်းစေခဲ့ပြီး သက်တံ့နှစ်ချောင်း အလိုအလျောက်ပေါ်ထွက်လာစေခဲ့ကြောင်း ၊ မွေးဖွားပြီး အသက်တစ်နှစ်မပြည့်မှီကပင် စကားပြောတတ် လမ်းလျှောက်တတ်ခဲ့‌ကြောင်း တင်စားပြောဆိုကြပါတယ်။

သူသေဆုံးချိန်မှာလည်း Paektu တောင်ပေါ် တွင် မကြုံစဖူး ကြီးမားသော အက်ကွဲကြောင်းတစ်ခုနှင့်အတူ ရေခဲအလွှာများပေါက်ပြဲခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နှင်းမုန်တိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။

သို့သော် အခြားသတင်းရင်းမြစ်များမှာတော့ သူ့ဖခင်သာ ဂျပန်များလက်မှ ထွက်ပြေးရင်း ယခင် ဆိုဗီယက်ပြည်ထောင်စုရဲ့ Vyatskoye ဒေသမှာ
မွေးဖွားခဲ့တာသာ ဖြစ်ကြောင်း သိရပါတယ်။

(၆) Unicorns တွေ့ရှိရမှု

မြောက်ကိုရီးယားနိုင်ငံမှ သိပ္ပံပညာရှင်များက Unicorn ဆိုသည်မှာ စိတ်ကူးယဉ် ဒဏ္ဍာရီလာမြင်း တစ်ကောင်သာ မဟုတ်ဘဲ မိမိတို့မြောက်ကိုရီးယားနိုင်ငံ မြို့တော် “Pyongyang “တွင် အမှန်တကယ်တွေ့ရှိရကြောင်း ပြောဆိုပါတယ်။

(၅) နတ်ဆေး

မြောက်ကိုရီးယားနိုင်ငံဟာ Mers ရောဂါ ၊ အီဘိုလာရောဂါ ၊ AIDS ရောဂါ ၊ ကင်ဆာရောဂါ နဲ့ ‌စိတ်ဖိစီးမှုများ ကိုကုသနိုင်သော နတ်ဆေး တစ်မျိုး ရှိကြောင်း ပြောဆိုပါတယ်။ထိုဆေးမှာ Kaesong ဒေသမှ အနီရောင်ဂျင်စင်းနှင့်အတူ ရွှေနှင့်ရွှေဖြူများ သုံးကာ ထုတ်လုပ်ထားကြောင်းလဲ ပြောဆိုပါတယ်။

(၄) Arirang ပွဲတော်

 

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးတစ်ခုအတွင်း လူတစ်သိန်းခန့်ဖြင့် ကျင်းပသော ဂီတကပွဲတစ်ခု ဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံ အလံတော်များအပါအဝင် အာဏာပိုင်များနှင့် နိုင်ငံ၏ ကြီးကျယ်ခမ်းနားပုံများကို သရုပ်ဖော်ကပြလေ့ရှိပါတယ်။ Arirang ပွဲတော်ဟာ ကမ္ဘာ့ပါဝင်ဆင်နွဲသူ အများဆုံးသော ပွဲတော်တစ်ခုအဖြစ် ဂင်းနစ်စံချိန်ဝင်ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။

(၃) ဝတ်စားမှု ဖက်ရှင်

မြောက်ကိုရီးယား အမျိုးသမီးများဟာ နိုင်ငံတကာမှ ခေတ်ပေါ်ဖက်ရှင်များကို ဝတ်ဆင်ခွင့်မရှိပါဘူး။သူတို့ဟာ တင်းကျပ်သောစည်းကမ်းနဲ့အတူ ဆင်တူယူနီဖောင်းနှင့်ဒေါက်မြင့်ဖိနပ်များကိုသာ တစ်နေကုန်ဝတ်ဆင်ရပါတယ်။

သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ မိတ်ကပ်ပြင်ဆင်ခြင်းလဲမရှိပါဘူး။သို့သော် အားလပ်ရက်များနှင့် ပွဲတော်များတွင်တော့ တောက်ပသော ရိုးရာဝတ်စုံနှင့် မိတ်ကပ်များ ပြင်ဆင်လေ့ရှိကြပါတယ်။

(၂) အပန်းဖြေတပ်ဖွဲ့

 

ပုံမှန်တာဝန်ထမ်းဆောင်ကြသော စစ်တပ်နှင့်အတူ အပန်းဖြေတပ်ဖွဲ့လဲ ရှိပါတယ်။ အမျိုးသမီးငယ်လေးများဖြင့် ဖွဲ့စည်းထားပြီး ရာထူးကြီးစစ်ဘက်အရာရှိများ၏ အားလပ်ချိန်များအတွက် စိတ်အပန်းပြေရေး လုပ်ဆောင်ပေးရပါတယ်။သူတို့ဟာ စစ်တပ်၏ တရားဝင်တပ်ဖွဲ့ဝင်များဖြစ်ပြီး စစ်တပ်စည်းကမ်းများ ကိုလည်းလိုက်နာရပါတယ်။

(၁)ပျော်ရွှင်ဖွယ်နိုင်ငံ

မြောက်ကိုရီးယားမှ သိပ္ပံပညာရှင်များက မြောက်ကိုရီးယားဟာ ကမ္ဘာ့ပျော်ရွှင်စရာ အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်ကြောင်း အခိုင်အမာပြောဆိုပါတယ်။အာဏာပိုင်များက နိုင်ငံသားများရဲ့ စိတ်ဓာတ်ခွန်အားတိုးတက်ရေး စိတ်ချမ်းသာရေးတို့အတွက် များစွာ လုပ်ဆောင်ပေးနေကြောင်းလဲ ပြောဆိုပါတယ်။

ဒါကတော့ ထူးဆန်းလှတဲ့ မြောက်ကိုရီးယားပဲဖြစ်ပါတယ်။ ဘယ်အချက်ကများ သင့်ကို အံ့ဩတုန်လှုပ်စေလဲ ‌ဆိုတာရေးသားခဲ့နိင်ပါတယ်။

 

 

Rft Brightside

Written One Daily Media

 

Leave a Reply

Your email address will not be published. Required fields are marked *