success

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချမ်းသာချင်ရင်

#Unicode Version

If you want to be successful and rich at a young age

၁။ ငွေနောက်ကိုလိုက်ပါ

ဒီနေ့ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ ချမ်းသာဖို့ကခက်ခဲလွန်းပါတယ်။ပထမဆုံးခြေလှမ်းကတော့ သင့်ဝင်ငွေတိုးလာဖို့အာရုံစိုက်ရပါမယ်။ ငွေတွေထပ်ခါ ထပ်ခါဝင်နေဖို့အာရုံစိုက်နေရမယ်။ခုငွေနောက်ကိုစလိုက်ပါ။ဒီလိုလုပ်ခြင်းအားဖြင့်သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိလာပြီး အခွင့်အလမ်းတွေကို မြင်လာမှဖြစ်ပါတယ်။

၂။ မကြွားဝါပါနဲ့။ တိတ်တဆိတ်ကြိုးစားပါ

 

သင့်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့တန်ဖိုးကြီးကားတွေ တန်ဖိုးကြီးနာရီတွေဝယ် မဝတ်ပါနဲ့။သင့်အလုပ်ကြောင့် လူသိပါစေ။သင်ဝယ်တဲ့ အရာတွေကြောင့် လူ‌တွေမသိပါစေနဲ့။

၃။ ရင်းနှီးမြှပ်နှံဖို့ငွေစုပါ။ ငွေစုဖို့အတွက်ငွေမစုပါနဲ့

ငွေစုဖို့အတွက်တစ်ခုထဲ‌သော အကြောင်းပြချက်က ရင်းနှီးမြှပ်နှံဖို့ပါဘဲ။ငွေစုပြီဆိုတာနဲ့စုတဲ့ငွေကို လုံးဝမထိပါနဲ့။ဘာအတွက်မှလည်းမသုံးပါနဲ့။ အရေးပေါ်အတွက်ဆိုရင်တောင် မသုံးပါနဲ့။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကို တိုးလာစေပါတယ်။

၄။ အကြွေးယူတာကိုရှောင်ပါ


သင်ဘယ်တော့မှ ငွေမချေးရအောင် အကောင်းဆုံး ငွေကြေးကိုထိန်းချုပ်ပါ။ စည်းကမ်းတွေသတ်မှတ်ထားပါ။ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေပြုလုပ်ဖို့ ငွေကြေးစီးဆင်းမှုတိုးတတ်ဖို့အတွက်သာအကြွေးယူကြတာပါ။ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ငွေချေးကြပါတယ်။ဒီတော့ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာ ကြပါတော့တယ်။

၅။ ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လို ပြုမူ ဆက်ဆံပါ


ငွေတွေပေါများလာပါစေလို့ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။ငွေကြေးပိုင်းဆိုင်ရာလွပ်လပ်မှုရှိရမယ် ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားပါ။ချမ်းသာဖို့ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့သတ်မှတ် ထားရမယ်။ ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကိုဂရုစိုက်မှာ မဟုတ်ပါဘူး။ဒီထက်ဆိုးလာရင် သူမကသင့်ထက်ပိုကောင်းတဲ့သူတစ်ယောက်နဲ့တွေ့ပြီး သင့်ကိုစွန့်ခွာကောင်းစွန့်ခွာသွားနိုင်ပါတယ်။

၆။ ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး

ပိုက်ဆံဟာ နာရီကိုလည်းမသိဘူး။အချိန်ဇယားတွေကို လည်းမသိဘူး။အားလပ်ရပ်တွေကိုလည်းမသိဘူး။ငွေက အလုပ်ကြိုးစားတဲ့သူတွေကိုချစ်တယ်။ ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာဘဲ။
ဘီဂတ်က “ဆင်းဆင်းရဲရဲနဲ့မွေးလာတာသင့်အပြစ်မဟုတ်ဘူး။ ဆင်းဆင်းရဲရဲနဲ့သေသွားရင် တော့သင့်အပြစ်ပဲ” လို့ပြောဖူးပါတယ်။

၇။ အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူ အကြံပေး နိုင်သူကိုရှာပါ

တိုးတတ်အောင်မြင်ဖို့ဆိုရင် မိမိကိုတွန်းအားအကောင်းဆုံး ပေးနိုင်တဲ့သူကိုရှာဖွေရမယ်။ ဒါဟာအကောင်းဆုံး နည်းလမ်းပါဘဲ။

၈။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ

အမွေတွေ ဘာတွေ စဉ်းစားမနေနဲ့။ စွန့်ဦးလုပ်ကိုင်သူတွေ ဟာအကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ မီလျှံနာ အများ စုဟာ ကိုယ်တိုင်ကြိုးစားပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။

Credit: Original Writer
Sharing By: #One daily media

Leave a Comment