success

ပျော်ရွှင်မှုကို မတူတဲ့အမြင်၊ မတူတဲ့ရှုထောင့်ကနေ ရှာဖွေတတ်ပုံ

#Unicode Version

တစ်ခါက သူဌေးကြီးတစ်ဦးဟာ သူ့သားကို မြို့နဲ့ ဝေးလံ ခေါင်ဖျားတဲ့ ရွာတစ်ရွာဆီ ခေါ်သွားခဲ့ပါတယ်။ ရွာသားတွေ ဘယ်လောက်အထိ ဆင်းရဲနွမ်းပါးတယ်ဆိုတာ သူ့သားကို နားလည်စေဖို့နဲ့ သူတို့ မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုတွေအ ပေါ် ဂုဏ်ယူဝမ်းမြောက်စေလိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။
ဒါပေမဲ့ ရွာက ပြန်လာပြီး အိမ်ပြန်ရောက်တော့ သူ့သားဆီ က ဒီလို အံ့သြဖွယ် စကားတွေကို ကြားခဲ့ရပါတယ်။

“သားတို့အိမ်မှာ ခွေးလေးတစ်ကောင်ပဲ ရှိတယ်ဖေဖေ။ သူတို့မှာတော့ ခွေးလေးတွေ အများကြီးရှိတယ်။ သားတို့မှာ ရေကူးကန်တစ်ကန်ပဲ ရှိပေမဲ့ သူတို့မှာတော့ ကျယ်ဝန်းရှည် ရှားတဲ့ မြစ်ချောင်းတွေ ရှိတယ်။ သူတို့က သူငယ်ချင်းတွေ နဲ့ သဲသောင်ပြင်မှာ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ပေမဲ့ သားကတော့ တစ်ယောက်တည်း အထီးကျန်စွာ ဆော့ ကစားရတယ် ဖေဖေ။

 

သားတို့အိမ်မှာ အပူထုတ်လွှတ်တဲ့ လျှပ်စစ်မီးလုံးတွေ ရှိပေမဲ့ သူတို့မှာတော့ အေးမြမှုပေးတဲ့ လမင်းကြီးနဲ့ မရေမတွက်နိုင်တဲ့ ကြယ်လေးတွေ ရှိတယ် ဖေဖေ။ သားတို့က အသီးအရွက်၊ သားငါးတွေကို ဝယ်စား ရတယ် ဖေဖေ။ သူတို့က သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်တွေ၊ သားငါးတွေကို စိုက်ပျိုးမွေးမြူ စားကြ တယ်။

 

သားတို့အိမ်ကို ကာကွယ်ဖို့ အုတ်တံတိုင်းနံရံ တွေပဲ ရှိပေမဲ့ သူတို့မှာတော့ မိတ်ဆွေတွေ ၊ အိမ်နီးနားချင်းတွေ ရှိတယ်ဖေဖေ။ သားတို့မှာ အသုံးအဆောင် ပစ္စည်းကောင်း တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ၊ အင်တာနက်လိုင်း ကောင်း ကောင်းတွေ ရှိတယ်။ သူတို့မှာတော့ မိသားစုနဲ့ စကား စမြည်ပြောပြီး ကြင်နာနွေးထွေးဖွယ်ရာတွေ၊ ပျော်ရွှင် ကြည်နူးစရာ အခိုက်အတန့်တွေ၊ ဗဟုသုတဖြစ်ဖွယ် ရေဒီယို အစီအစဉ်တွေရှိတယ် ဖေဖေ”

 

 

သူဌေးကြီးဟာ သားဖြစ်သူရဲ့ မတူတဲ့ အမြင်၊ မတူတဲ့ ရှု ထောင့်တွေကနေ ပျော်ရွှင်ချမ်းသာမှုကို ရှာဖွေလိုက်တဲ့ အပေါ် ဆွံ့အသွားခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့မှာ ငွေကြေးဥစ္စာတွေ ဘယ်လောက် များများပိုင်ဆိုင်ထား တယ်ဆိုတာနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ တိုက်ရိုက် အချိုး ကျမနေပါဘူး။ ရိုးရှင်းတဲ့ မိသားစုဘဝ၊ ကြင်နာနွေးထွေးတဲ့ စကားလုံးတွေ၊ ရိုင်းပင်းကူညီမှုတွေ ၊ ခွင့်လွှတ် ၊ ချစ်မြတ် နိုးတန်ဖိုးထားမှုတွေ၊ သည်းခံနားလည်မှုတွေဟာလည်း ကျွန်တော်တို့ကို ပျော်ရွှင် ချမ်းမြေ့နေစေပါတယ်။

Credit: Original Writer
Sharing By: #Go_for_Goal

#Zawgyi Version

သူေဌးႀကီးတစ္ဦးဟာ သားျဖစ္သူရဲ႕ မတူတဲ့အျမင္၊ ရႈေထာင့္ေတြကေန ေပ်ာ္႐ႊင္မႈကို ရွာေဖြလိုက္တဲ့အေပၚ ဆြံ႕အသြားတဲ့ ဘဝသင္ခန္းစာ

တစ္ခါက သူေဌးႀကီးတစ္ဦးဟာ သူ႕သားကို ၿမိဳ႕နဲ႕ ေဝးလံ ေခါင္ဖ်ားတဲ့ ႐ြာတစ္႐ြာဆီ ေခၚသြားခဲ့ပါတယ္။ ႐ြာသားေတြ ဘယ္ေလာက္အထိ ဆင္းရဲႏြမ္းပါးတယ္ဆိုတာ သူ႕သားကို နားလည္ေစဖို႔နဲ႕ သူတို႔ မိသားစုရဲ႕ ႂကြယ္ဝခ်မ္းသာမႈေတြအ ေပၚ ဂုဏ္ယူဝမ္းေျမာက္ေစလိုတဲ့ စိတ္ကူးေတြနဲ႕ေပါ့။
ဒါေပမဲ့ ႐ြာက ျပန္လာၿပီး အိမ္ျပန္ေရာက္ေတာ့ သူ႕သားဆီ က ဒီလို အံ့ၾသဖြယ္ စကားေတြကို ၾကားခဲ့ရပါတယ္။

“သားတို႔အိမ္မွာ ေခြးေလးတစ္ေကာင္ပဲ ရွိတယ္ေဖေဖ။ သူတို႔မွာေတာ့ ေခြးေလးေတြ အမ်ားႀကီးရွိတယ္။ သားတို႔မွာ ေရကူးကန္တစ္ကန္ပဲ ရွိေပမဲ့ သူတို႔မွာေတာ့ က်ယ္ဝန္းရွည္ ရွားတဲ့ ျမစ္ေခ်ာင္းေတြ ရွိတယ္။ သူတို႔က သူငယ္ခ်င္းေတြ နဲ႕ သဲေသာင္ျပင္မွာ ေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ကစားနိုင္ေပမဲ့ သားကေတာ့ တစ္ေယာက္တည္း အထီးက်န္စြာ ေဆာ့ ကစားရတယ္ ေဖေဖ။ သားတို႔အိမ္မွာ အပူထုတ္လႊတ္တဲ့ လွ်ပ္စစ္မီးလုံးေတြ ရွိေပမဲ့ သူတို႔မွာေတာ့ ေအးျမမႈေပးတဲ့ လမင္းႀကီးနဲ႕ မေရမတြက္နိုင္တဲ့ ၾကယ္ေလးေတြ ရွိတယ္ ေဖေဖ။ သားတို႔က အသီးအ႐ြက္၊ သားငါးေတြကို ဝယ္စား ရတယ္ ေဖေဖ။

သူတို႔က သန႔္ရွင္းလတ္ဆတ္တဲ့ ဟင္းသီး ဟင္း႐ြက္ေတြ၊ သားငါးေတြကို စိုက္ပ်ိဳးေမြးျမဴ စားၾက တယ္။ သားတို႔အိမ္ကို ကာကြယ္ဖို႔ အုတ္တံတိုင္းနံရံ ေတြပဲ ရွိေပမဲ့ သူတို႔မွာေတာ့ မိတ္ေဆြေတြ ၊ အိမ္နီးနားခ်င္းေတြ ရွိတယ္ေဖေဖ။ သားတို႔မွာ အသုံးအေဆာင္ ပစၥည္းေကာင္း ေတြ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြ၊ အင္တာနက္လိုင္း ေကာင္း ေကာင္းေတြ ရွိတယ္။ သူတို႔မွာေတာ့ မိသားစုနဲ႕ စကား စျမည္ေျပာၿပီး ၾကင္နာေႏြးေထြးဖြယ္ရာေတြ၊ ေပ်ာ္႐ႊင္ ၾကည္ႏူးစရာ အခိုက္အတန႔္ေတြ၊ ဗဟုသုတျဖစ္ဖြယ္ ေရဒီယို အစီအစဥ္ေတြရွိတယ္ ေဖေဖ”

သူေဌးႀကီးဟာ သားျဖစ္သူရဲ႕ မတူတဲ့ အျမင္၊ မတူတဲ့ ရႈ ေထာင့္ေတြကေန ေပ်ာ္႐ႊင္ခ်မ္းသာမႈကို ရွာေဖြလိုက္တဲ့ အေပၚ ဆြံ႕အသြားခဲ့ပါတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔မွာ ေငြေၾကးဥစၥာေတြ ဘယ္ေလာက္ မ်ားမ်ားပိုင္ဆိုင္ထား တယ္ဆိုတာနဲ႕ စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈဆိုတာ တိုက္ရိုက္ အခ်ိဳး က်မေနပါဘူး။ ရိုးရွင္းတဲ့ မိသားစုဘဝ၊ ၾကင္နာေႏြးေထြးတဲ့ စကားလုံးေတြ၊ ရိုင္းပင္းကူညီမႈေတြ ၊ ခြင့္လႊတ္ ၊ ခ်စ္ျမတ္ နိုးတန္ဖိုးထားမႈေတြ၊ သည္းခံနားလည္မႈေတြဟာလည္း ကြၽန္ေတာ္တို႔ကို ေပ်ာ္႐ႊင္ ခ်မ္းေျမ့ေနေစပါတယ္။

Credit: Original Writer
Sharing By: #One daily Media

Leave a Comment