Daily News

သဘောထားပြည့်ဝပြီး လျစ်လျူရှုရန်ခက်ခဲတဲ့စွဲမက်ဖွယ်အသွင်အပြင်တို့ကြောင့် လူတိုင်းက သဘောကျနှစ်သက်နေရတဲ့ တော်ဝင်မင်းသားတစ်ဦး

ကြည့်ကောင်းတဲ့တော်ဝင်မင်းသားများအကြောင်းပြောလျှင် လူများစွာဟာ မင်းသားဝီလျံ (သို့) အင်္ဂလန်မင်းသားဟယ်ရီကိုသာ စဉ်းစားမိတတ်ကြပါတယ်။ သို့ပေမယ့်လည်းအရှေ့အလယ်ပိုင်းက ဒူဘိုင်းမင်းသား Hamdan bin Mohammed Al Maktoum ဟာ သူ့ရဲ့တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်အချိုးအစားနှင့် သူ့ရဲ့စွဲမက်ဖွယ်ရုပ်ရည်တို့ကြောင့်လည်း မကြာသေးမီနှစ်တွေမှာ အထင်ကြီးလေးစားမှုများစွာရရှိခဲ့ပါတယ်။ ယခုနှစ် အသက် ၃၈ နှစ်အရွယ်ရှိ မင်းသား Hamdan ဟာ လေးနက်ပြီးဆွဲဆောင်မှုရှိသောမျက်နှာအသွင်အပြင်များသာမက လျစ်လျူရှုရန်ခက်ခဲတဲ့ခန္ဓာကိုယ်အချိုးအစားရှိပါတယ်။ အခြားသူများနှင့်နှိုင်းယှဉ်လျှင် သူဟာ အမြဲထူးချွန်ပြီးစိတ်ပေါ့ပါးတဲ့ခံစားချက်များရှိခြင်းကြောင့် များစွာသောအင်တာနက်သုံးစွဲသူများက သူ့ကို “The Walking Hormone!” ဟု ပြတ်သားစွာ အမည်ပြောင်ပေးထားကြပါတယ်။ ယခင်၌ ဒူဘိုင်းမင်းသား Hamdan ဟာ သူ့ရဲ့ IG acc ၌ သူ၏အဖိုးတန်ကြီးကား G63 AMG နှင့် သူ့ရဲ့အားကစားမျိုးစုံလုပ်နေတဲ့ဓာတ်ပုံများကို တင်လေ့ရှိပါတယ်။

သူ၏ကြေးဝါရောင်ကြွက်သားခန္ဓာကိုယ်နှင့် ပရော်ဖက်ရှင်နယ်ကျပြီးသူရဲကောင်းဆန်တဲ့အရပ်အမောင်းတို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိပရိသတ်များအား ဆွဲဆောင်စေခဲ့ပါတယ်။ သူဟာ အတွင်းကောအပြင်ပါ ဘယ်လောက်ဆွဲဆောင်မှုရှိကြောင်းကိုပြသနေခဲ့တာကြောင့် သူ့ကို Forbes ရဲ့ကြွယ်ဝတဲ့စာရင်းထဲမှာ“ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးတော်ဝင်မိသားစုဝင်” အဖြစ်တောင် ချီးကျူးခံခဲ့ရပါတယ်။

Hamdan ဟာ ကမ္ဘာပေါ်တွင်အချောဆုံးမင်းသားဟုလူအများကြားခေါင်းစဉ်ကြီးတပ်ခံရပြီးနောက် သူ့ရဲ့စိတ်နှလုံးပူနွေးစေတဲ့အဖြစ်အပျက်တစ်ခုကြောင့်လည်း သတင်းခေါင်းကြီးပိုင်းသို့ခုန်တက်သွားခဲ့ပါသေးတယ်။

မင်းသားဟာ ကားများကို ဓာတ်ပုံရိုက်ခြင်းကိုနှစ်သက်သော်လည်း မကြာသေးမီကသူ့အကြိုက်ဆုံးကားဖြစ်သော G63 AMG ရဲ့ ဘောနက်စ်ပေါ်အား ဌက်မိသားစုတစ်စုမှအသိုက်ပြုလုပ်ရန်နေရာကောင်းအဖြစ်ရွေးချယ်ခဲ့ပါတယ်။

မင်းသားဟာ ဘာမှမလုပ်နိုင်တာကြောင့် ၎င်းဌက်မိသားစုကိုသာ ဗီဒီယိုရိုက်ထားခဲ့ရပါတယ်။ ပြီးခဲ့သည့်နှစ်သြဂုတ်လတွင် မင်းသားဟာ သူ့ရဲ့ IG acc တွင် သူချစ်သော G63 AMG ရဲ့ရှေ့မှောက်၌အသိုက်ဆောက်ထားတဲ့၎င်းဌက်မိသားစုရဲ့ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။

မင်းသားတစ်ပါးအနေနဲ့ ၎င်းဌက်ကို ဖယ်ရှားပစ်လိုက်လို့ရပေမဲ့ သူဟာ ဌက်မိသားစုကောင်းမွန်စွာ ရှိနေရန် ၎င်းကားရဲ့အနီးအနားအား ကန့်သတ်နေရာအဖြစ် လုပ်ထားပေးခဲ့ပါသေးတယ်။

မင်းသားတစ်ပါးအနေနဲ့ ကွဲပြားခြားနားလွန်းတဲ့သဘောထားကြောင့် လူများစွာက Hamdan ဟာ ပို၍ပင် သဘောကျသွားခဲ့ကြရပါတယ်။ ၎င်းဌက်မိသားစုရဲ့အသေးစိတ်ဗီဒီယိုကို မင်းသားက “တစ်ခါတစ်ရံ ဘဝမှာသေးငယ်တဲ့အရာလေးတွေက စိတ်ကျေနပ်စေနိုင်တယ်” ဆိုတဲ့ caption ဖြင့် မျှဝေခဲ့တာပါ။ ဒါဟာ အရမ်းကို ကြည်နူးစရာကောင်းလှပါတယ်။

မင်းသားဟာ တိရိစ္ဆာန်များကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ IG acc မှာ ရှားပါးငှက်များ၊ ခြင်္သေ့များ၊ လင်းယုန်အမျိုးမျိုးတိုနှင့် တွဲရိုက်တဲ့ပုံများစွာရှိပါတယ်။ တိရစ္ဆာန် fan တစ်ဦးအနေနှင့် မင်းသားဟာ ယခင်က တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးကိုပင် ပါဝင်လှူဒါန်းပံ့ပိုးပေးခဲ့ပါသေးတယ်။

.

မင်းသား Hamdan ဟာ ချမ်းသာကြွယ်ဝသော်လည်း သဘာဝနှင့်အတူရှိနေခြင်းသဘောတရားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ဤ“ ကမ္ဘာ့အချောဆုံးမင်းသား” ဟာ အတွင်းရောအပြင်ပါ သဘောကျနှစ်သက်ချင်စရာကောင်းနေတာကြောင့် ဒီလိုယောက်ျားမျိုးဟာ မိန်းမပျိုတိုင်းရဲ့အိမ်မက်သတို့သားလောင်းဖြစ်နေလိမ့်မယ်လို့ ကျွန်တော် အယုံအကြည်ပြောနိုင်ပါတယ်ဗျာ။

Mia (KB Chimmy One)

Reference : goodtimes

Leave a Comment