success

လူတိုင်းမှာ တခါတခါ ပျင်းတတ်တဲ့အကျင့်ရှိကြပါတယ်

#Unicode Version

 

လူတိုင်းမှာ တခါတခါ ပျင်းတတ်တဲ့အကျင့်ရှိပေမယ့် အဲလိုပျင်းရတာကို ပျော်သွားပြီဆိုရင် အောင်မြင်ဖို့၊တိုးတက်ဖို့ အလှမ်းဝေးသွားပါလိမ့်မယ်။ စိတ်ထဲမှာဘာကြီးပဲ ရည်မှန်းထားရည်မှန်းထား လက်တွေ့အလုပ်လုပ်တဲ့အခါ ကြိုးစားမှုမရှိဘူး၊ ဇွဲမရှိဘူး၊ ဝိရိယ မရှိဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါ။

ပျင်းတယ်ဆိုတာ ပညာရှာတဲ့အခါမှာလည်းမကောင်းသလို အလုပ်လုပ်တဲ့ အခါမှာလည်းမကောင်းပါဘူး။ တချို့ကျောင်းသားတွေ တွေ့ဖူးပါတယ်။ ဉာဏ်လေးကောင်းလို့ သင်ယူတတ်မြောက်လွယ်ပေမယ့် မကြိုးစားဘူး၊ ပျင်းတယ်။ အဲဒါကြောင့် သူတို့ထူးထူး ချွန်ချွန်မဖြစ်ကြဘူး။

အဲဒီလို ကျောင်းသားတွေထက် ဉာဏ်မကောင်းပေမယ့် စာကြိုးစားတဲ့သူတွေက ထူးထူးချွန်ချွန်နဲ့ အောင်မြင်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ပညာပါရမီရှိယုံနဲ့မပြီးသေးဘူး၊ မပျင်းဖို့လည်း လိုသေးတယ်ဆိုတာကို သိမှတ်ထားသင့်တယ်။

အလုပ်မှာပျင်းတာကလည်း အတော့်ကို ဆိုးရွားတဲ့အထဲပါတယ်။ လယ်သမား ဆိုရင် လယ်လုပ်တာ ပျင်းလို့မရဘူး၊ ကျောင်းဆရာဆိုရင် စာသင်ရတာပျင်းလို့မဖြစ်ဘူး။ ဒီလိုပဲ ဘယ်အလုပ်ပဲဖြစ်ဖြစ် အဲဒီကိုယ်လုပ်နေတဲ့အလုပ်မှာ ပျင်းနေလို့မဖြစ်ဘူးလေ။ ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျင်းလို့ရှိရင်တော့ အဲဒီအလုပ်ဟာ အောင်မြင်သင့်သလောက် အောင်မြင်မှာမဟုတ်ဘူး။

တချို့ကြတော့ လေ့လာသင်ယူရမှာကိုပျင်းကြတယ်။ သင်ယူတယ်ဆိုတာ ကျောင်းသူ၊ သားတွေရဲ့အလုပ်ပဲလို့ ယူဆကြတယ်။ တကယ်တော့ လူဟာ အမြဲတမ်းသင်ယူ လေ့လာနေမှ တိုးတက်တာ။ သင်ယူလေ့လာမှုတွေမရှိတော့ရင် တိုးတက်မှုဆိုတာလည်းမရှိတော့ဘူး။ ဒါကြောင့်ပဲ သင်ယူလေ့လာတာမရှိတော့တဲ့နေ့ဟာ ကိုယ်သေတဲ့နေ့ပဲလို့ တချို့ပြောကြတာပေါ့။

ဒါကြောင့် ဘဝမှာ အောင်မြင်တိုးတက်ချင်တယ်ဆိုရင် ပျင်းနေလို့မဖြစ်ပေဘူး။ ကြိုးစားအားထုတ်ရပါလိမ့်မယ်။ အကြံဉာဏ်ကောင်းရှိဖို့လိုအပ်တာမှန်ပေမယ့် အဲဒီအကြံ ဉာဏ်တွေကို အကောင် အထည်ဖော်တဲ့အခါမှာတော့ ဝိရိယရှိဖို့၊ ဇွဲရှိဖို့လိုအပ်ပါလိမ့်မယ်။ ကြိုးစားတဲ့သူတိုင်းဟာ တနေ့အောင်မြင်ကြတာကြီးပါပဲ။ ပျင်းတာကတော့ လူကိုဆုတ်ယုတ်စေပါတယ်။ မပျင်းကြပါနဲ့ဗျာ။

Credit: Original Uploader
Sharing By: #One Daily Media

#Zawgyi Version

လူတိုင္းမွာ တခါတခါ ပ်င္းတတ္တဲ့အက်င့္ရွိၾကပါတယ္

လူတိုင္းမွာ တခါတခါ ပ်င္းတတ္တဲ့အက်င့္ရွိေပမယ့္ အဲလိုပ်င္းရတာကို ေပ်ာ္သြားၿပီဆိုရင္ ေအာင္ျမင္ဖို႔၊တိုးတက္ဖို႔ အလွမ္းေဝးသြားပါလိမ့္မယ္။ စိတ္ထဲမွာဘာႀကီးပဲ ရည္မွန္းထားရည္မွန္းထား လက္ေတြ႕အလုပ္လုပ္တဲ့အခါ ႀကိဳးစားမႈမရွိဘူး၊ ဇြဲမရွိဘူး၊ ဝိရိယ မရွိဘူးဆိုရင္ ဘာမွျဖစ္လာမွာမဟုတ္ပါ။

ပ်င္းတယ္ဆိုတာ ပညာရွာတဲ့အခါမွာလည္းမေကာင္းသလို အလုပ္လုပ္တဲ့ အခါမွာလည္းမေကာင္းပါဘူး။ တခ်ိဳ႕ေက်ာင္းသားေတြ ေတြ႕ဖူးပါတယ္။ ဉာဏ္ေလးေကာင္းလို႔ သင္ယူတတ္ေျမာက္လြယ္ေပမယ့္ မႀကိဳးစားဘူး၊ ပ်င္းတယ္။ အဲဒါေၾကာင့္ သူတို႔ထူးထူး ခြၽန္ခြၽန္မျဖစ္ၾကဘူး။ အဲဒီလို ေက်ာင္းသားေတြထက္ ဉာဏ္မေကာင္းေပမယ့္ စာႀကိဳးစားတဲ့သူေတြက ထူးထူးခြၽန္ခြၽန္နဲ႔ ေအာင္ျမင္ၾကတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ပညာပါရမီရွိယုံနဲ႔မၿပီးေသးဘူး၊ မပ်င္းဖို႔လည္း လိုေသးတယ္ဆိုတာကို သိမွတ္ထားသင့္တယ္။

အလုပ္မွာပ်င္းတာကလည္း အေတာ့္ကို ဆိုး႐ြားတဲ့အထဲပါတယ္။ လယ္သမား ဆိုရင္ လယ္လုပ္တာ ပ်င္းလို႔မရဘူး၊ ေက်ာင္းဆရာဆိုရင္ စာသင္ရတာပ်င္းလို႔မျဖစ္ဘူး။ ဒီလိုပဲ ဘယ္အလုပ္ပဲျဖစ္ျဖစ္ အဲဒီကိုယ္လုပ္ေနတဲ့အလုပ္မွာ ပ်င္းေနလို႔မျဖစ္ဘူးေလ။ ကိုယ္လုပ္ေနတဲ့အလုပ္မွာ ပ်င္းလို႔ရွိရင္ေတာ့ အဲဒီအလုပ္ဟာ ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္မွာမဟုတ္ဘူး။

တခ်ိဳ႕ၾကေတာ့ ေလ့လာသင္ယူရမွာကိုပ်င္းၾကတယ္။ သင္ယူတယ္ဆိုတာ ေက်ာင္းသူ၊ သားေတြရဲ႕အလုပ္ပဲလို႔ ယူဆၾကတယ္။ တကယ္ေတာ့ လူဟာ အၿမဲတမ္းသင္ယူ ေလ့လာေနမွ တိုးတက္တာ။ သင္ယူေလ့လာမႈေတြမရွိေတာ့ရင္ တိုးတက္မႈဆိုတာလည္းမရွိေတာ့ဘူး။ ဒါေၾကာင့္ပဲ သင္ယူေလ့လာတာမရွိေတာ့တဲ့ေန႔ဟာ ကိုယ္ေသတဲ့ေန႔ပဲလို႔ တခ်ိဳ႕ေျပာၾကတာေပါ့။

ဒါေၾကာင့္ ဘဝမွာ ေအာင္ျမင္တိုးတက္ခ်င္တယ္ဆိုရင္ ပ်င္းေနလို႔မျဖစ္ေပဘူး။ ႀကိဳးစားအားထုတ္ရပါလိမ့္မယ္။ အႀကံဉာဏ္ေကာင္းရွိဖို႔လိုအပ္တာမွန္ေပမယ့္ အဲဒီအႀကံ ဉာဏ္ေတြကို အေကာင္အထည္ေဖာ္တဲ့အခါမွာေတာ့ ဝိရိယရွိဖို႔၊ ဇြဲရွိဖို႔လိုအပ္ပါလိမ့္မယ္။ ႀကိဳးစားတဲ့သူတိုင္းဟာ တေန႔ေအာင္ျမင္ၾကတာႀကီးပါပဲ။ ပ်င္းတာကေတာ့ လူကိုဆုတ္ယုတ္ေစပါတယ္။ မပ်င္းၾကပါနဲ႔ဗ်ာ။

Credit: Original Uploader
Sharing By: #Go_for_Goal

 

Leave a Comment