One Daily News

မြောက်ကိုရီးယားနိုင်ငံမှာသာ မြင်တွေရမယ့် ထူးဆန်းတဲ့အချက် (၁၁)ချက်

မြောက်ကိုရီးယားနိုင်ငံမှာသာ မြင်တွေရမယ့် ထူးဆန်းတဲ့အချက် (၁၁)ချက်

“ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံ” , ” သင်္ဂဿအုတ်ဂူ ” , ” သမ္မတ စိတ်ကြည်သောနေ့ဟာ ရာသီဥတုသာယာသောနေ့” အစရှိသဖြင့် ထူးဆန်းသောအဆိုများကို မြောက်ကိုရီးယားနိုင်ငံမှာ ကြားရလေ့ရှိပါတယ်။

သင့်ကို အံ့ဩစိတ်ဝင်စားပေးမယ့် အဆိုပါ ဝိရောဓိနိုင်ငံရဲ့ ထူးဆန်းတဲ့အချက်(၁၁)ကို စုစည်းဖော်ပြပေးချင်ပါတယ်။

(၁၁) သီးသန့်ပြက္ခဒိန်

မြောက်ကိုရီးယားနိုင်ငံဟာ ခေတ်ကာလ တွက်ချက်သည့် ပညာရပ်ကို ၁၉၉၇ ခုနှစ်မှာ စတင် ကျင့်သုံးခဲ့ပါတယ်။သူတို့ဟာ ယခုဆိုရင် သက္ကရာဇ် (၁၀၆) ခုနှစ် ရောက်ရှိနေတာဖြစ်ပြီး Kim Il-sung ၏ မွေး‌နှစ် (၁၉၁၂) ကနေစတင် တွက်ချက် ထားတာဖြစ်ပါတယ် ။ မြောက်ကိုရီးယားနိုင်ငံဟာ ပြက္ခဒိန်များကို မြောက်ကိုရီးယားရက်စွဲဖြင့် တစ်မျိူး ၊ ကမ္ဘာသုံးရက်စွဲများဖြင့် တစ်မျိုး ပုံစံ(၂)မျိုးဖြင့်ထုတ်ဝေလေ့ရှိပါတယ်။

(၁၀)လူတန်းစားအလွှာ

Democratic People’s Republic of Korea(DRPK) အာဏာပိုင်များဟာ (၁၉၅၇) ခုနှစ်ကစပြီး Core Class(ခရမ်းချဉ်သီး) ၊ Wavering Class (ပန်းသီး) ၊ Hostile Class (စပျစ်သီး) ဟူ၍ အလွှာ (၃) လွှာ ခွဲခြမ်းခဲ့ပါတယ်။
အတွင်းရော အပြင်မှာပါ အနီရောင်ဖြစ်တဲ့ ခရမ်းချဉ်သီး ဟုခေါ်သော လူတန်းစားများဟာ အထက်တန်းလွှာများဖြစ်ပြီး နိုင်ငံရေးသမားများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ ဖြစ်ပါတယ်။

အပြင်ဘက်မှာသာ အနီရောင်ရှိတဲ့ ပန်းသီးဟုခေါ်ဆိုတဲ့ လူတန်းစားများကတော့ သာမန်ပြည်သူများ ဖြစ်ပါတယ်။
စပျစ်သီး ဟုခေါ်တွင်သည့် လူတန်းစားများဟာတော့ ဥပဒေချိုးဖောက်သူတွေပဲ ဖြစ်ပါတယ်။ဥပမာအားဖြင့် မြောက်ကိုရီးယားနိုင်ငံမှာ ပြည်ပသို့ ဖုန်းခေါ်ဆိုဆက်သွယ်မှုဟာ ဥပဒေချိုးဖောက်ရာကျပါတယ်။
အဆိုပါခွဲခြားမှုများဟာ အသက်(၁၇)နှစ်မှ စတင် အကျုံးဝင်ပြီး လူတစ်ယောက်စီတိုင်းရဲ့ အနာဂတ် ပညာရေး အလုပ်အကိုင် အစရှိသော ရွေးချယ်ပိုင်ခွင့်များကို ကန့်သတ်ထားပါတယ်။

(၉) လမ်းမကြီးများ

တစ်နိုင်ငံလုံးရှိ လမ်းမကြီးများ၏ (၈)ရာခိုင်နှုန်းခန့်ကိုသာ လမ်းခင်းထားပါတယ်။ သွားလာဆက်သွယ်ရေးအတွက် စစ်ဘက်အရာရှိများသာ မော်တော်ကား အသုံးပြုနိုင်ပြီး ပြည်သူများကတော့ စက်ဘီးကိုသာ အသုံးပြုရပါတယ်။

(၈) ယာဥ်ထိန်းအမျိုးသမီးများ

မြောက်ကိုရီးယားနိုင်ငံမှာ မီးပွိုင့်အနည်းငယ်သာ ရှိပြီး အချို့သော မီးပွိုင့်မရှိသော နေရာများမှာတော့ အိမ်ထောင်မရှိသူ အသက်(၂၆) နှစ်အောက် အမျိုးသမီးများကိုသာ ကန့်သတ် ခန့်ထားပါတယ်။ ကန့်သတ်ချက်နှင့်မညီပါက အလုပ်ထုတ်ခံရပါတယ်။

(၇) ခမ်းနားကြီးကျယ်သော Kim Jong-il

ခေါင်းဆောင်ဟောင်း Kim Jong-il ဟာ သာမန်လူသားတစ်ယောက်မဟုတ်ဘဲ သူဟာ Paektu တောင်တွင်မွေးဖွားခဲ့ပြီး သူ၏မွေးဖွားခြင်းကြောင့် ကောင်းကင်၌ ကြယ်တစ်စင်း ထွန်းလင်းစေခဲ့ပြီး သက်တံ့နှစ်ချောင်း အလိုအလျောက်ပေါ်ထွက်လာစေခဲ့ကြောင်း ၊ မွေးဖွားပြီး အသက်တစ်နှစ်မပြည့်မှီကပင် စကားပြောတတ် လမ်းလျှောက်တတ်ခဲ့‌ကြောင်း တင်စားပြောဆိုကြပါတယ်။သူသေဆုံးချိန်မှာလည်း Paektu တောင်ပေါ် တွင် မကြုံစဖူး ကြီးမားသော အက်ကွဲကြောင်းတစ်ခုနှင့်အတူ ရေခဲအလွှာများပေါက်ပြဲခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နှင်းမုန်တိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။
သို့သော် အခြားသတင်းရင်းမြစ်များမှာတော့ သူ့ဖခင်သာ ဂျပန်များလက်မှ ထွက်ပြေးရင်း ယခင် ဆိုဗီယက်ပြည်ထောင်စုရဲ့ Vyatskoye ဒေသမှာ
မွေးဖွားခဲ့တာသာ ဖြစ်ကြောင်း သိရပါတယ်။

(၆) Unicorns တွေ့ရှိရမှု

မြောက်ကိုရီးယားနိုင်ငံမှ သိပ္ပံပညာရှင်များက Unicorn ဆိုသည်မှာ စိတ်ကူးယဉ် ဒဏ္ဍာရီလာမြင်း တစ်ကောင်သာ မဟုတ်ဘဲ မိမိတို့မြောက်ကိုရီးယားနိုင်ငံ မြို့တော် “Pyongyang “တွင် အမှန်တကယ်တွေ့ရှိရကြောင်း ပြောဆိုပါတယ်။

(၅) နတ်ဆေး

မြောက်ကိုရီးယားနိုင်ငံဟာ Mers ရောဂါ ၊ အီဘိုလာရောဂါ ၊ AIDS ရောဂါ ၊ ကင်ဆာရောဂါ နဲ့ ‌စိတ်ဖိစီးမှုများ ကိုကုသနိုင်သော နတ်ဆေး တစ်မျိုး ရှိကြောင်း ပြောဆိုပါတယ်။ထိုဆေးမှာ Kaesong ဒေသမှ အနီရောင်ဂျင်စင်းနှင့်အတူ ရွှေနှင့်ရွှေဖြူများ သုံးကာ ထုတ်လုပ်ထားကြောင်းလဲ ပြောဆိုပါတယ်။

(၄) Arirang ပွဲတော်

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးတစ်ခုအတွင်း လူတစ်သိန်းခန့်ဖြင့် ကျင်းပသော ဂီတကပွဲတစ်ခု ဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံ အလံတော်များအပါအဝင် အာဏာပိုင်များနှင့် နိုင်ငံ၏ ကြီးကျယ်ခမ်းနားပုံများကို သရုပ်ဖော်ကပြလေ့ရှိပါတယ်။ Arirang ပွဲတော်ဟာ ကမ္ဘာ့ပါဝင်ဆင်နွဲသူ အများဆုံးသော ပွဲတော်တစ်ခုအဖြစ် ဂင်းနစ်စံချိန်ဝင်ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။

(၃) ဝတ်စားမှု ဖက်ရှင်

မြောက်ကိုရီးယား အမျိုးသမီးများဟာ နိုင်ငံတကာမှ ခေတ်ပေါ်ဖက်ရှင်များကို ဝတ်ဆင်ခွင့်မရှိပါဘူး။သူတို့ဟာ တင်းကျပ်သောစည်းကမ်းနဲ့အတူ ဆင်တူယူနီဖောင်းနှင့်ဒေါက်မြင့်ဖိနပ်များကိုသာ တစ်နေကုန်ဝတ်ဆင်ရပါတယ်။
သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ မိတ်ကပ်ပြင်ဆင်ခြင်းလဲမရှိပါဘူး။သို့သော် အားလပ်ရက်များနှင့် ပွဲတော်များတွင်တော့ တောက်ပသော ရိုးရာဝတ်စုံနှင့် မိတ်ကပ်များ ပြင်ဆင်လေ့ရှိကြပါတယ်။

(၂) အပန်းဖြေတပ်ဖွဲ့

ပုံမှန်တာဝန်ထမ်းဆောင်ကြသော စစ်တပ်နှင့်အတူ အပန်းဖြေတပ်ဖွဲ့လဲ ရှိပါတယ်။ အမျိုးသမီးငယ်လေးများဖြင့် ဖွဲ့စည်းထားပြီး ရာထူးကြီးစစ်ဘက်အရာရှိများ၏ အားလပ်ချိန်များအတွက် စိတ်အပန်းပြေရေး လုပ်ဆောင်ပေးရပါတယ်။သူတို့ဟာ စစ်တပ်၏ တရားဝင်တပ်ဖွဲ့ဝင်များဖြစ်ပြီး စစ်တပ်စည်းကမ်းများ ကိုလည်းလိုက်နာရပါတယ်။

(၁)ပျော်ရွှင်ဖွယ်နိုင်ငံ

မြောက်ကိုရီးယားမှ သိပ္ပံပညာရှင်များက မြောက်ကိုရီးယားဟာ ကမ္ဘာ့ပျော်ရွှင်စရာ အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်ကြောင်း အခိုင်အမာပြောဆိုပါတယ်။အာဏာပိုင်များက နိုင်ငံသားများရဲ့ စိတ်ဓာတ်ခွန်အားတိုးတက်ရေး စိတ်ချမ်းသာရေးတို့အတွက် များစွာ လုပ်ဆောင်ပေးနေကြောင်းလဲ ပြောဆိုပါတယ်။

ဒါကတော့ ထူးဆန်းလှတဲ့ မြောက်ကိုရီးယားပဲဖြစ်ပါတယ်။ ဘယ်အချက်ကများ သင့်ကို အံ့ဩတုန်လှုပ်စေလဲ ‌ဆိုတာရေးသားခဲ့နိင်ပါတယ်။

Rft Brightside

Written by One Daily Media

Zawgyi

ေျမာက္ကိုရီးယားႏိုင္ငံမွာသာ ျမင္ေတြရမယ့္ ထူးဆန္းတဲ့အခ်က္ (၁၁)ခ်က္

“ကမာၻ႔ေပ်ာ္စရာအေကာင္းဆုံးႏိုင္ငံ” , ” သဂၤႆအုတ္ဂူ ” , ” သမၼတ စိတ္ၾကည္ေသာေန႔ဟာ ရာသီဥတုသာယာေသာေန႔” အစရွိသျဖင့္ ထူးဆန္းေသာအဆိုမ်ားကို ေျမာက္ကိုရီးယားႏိုင္ငံမွာ ၾကားရေလ့ရွိပါတယ္။

သင့္ကို အံ့ဩစိတ္ဝင္စားေပးမယ့္ အဆိုပါ ဝိေရာဓိႏိုင္ငံရဲ႕ ထူးဆန္းတဲ့အခ်က္(၁၁)ကို စုစည္းေဖာ္ျပေပးခ်င္ပါတယ္။

(၁၁) သီးသန႔္ျပကၡဒိန္

ေျမာက္ကိုရီးယားႏိုင္ငံဟာ ေခတ္ကာလ တြက္ခ်က္သည့္ ပညာရပ္ကို ၁၉၉၇ ခုႏွစ္မွာ စတင္ က်င့္သုံးခဲ့ပါတယ္။သူတို႔ဟာ ယခုဆိုရင္ သကၠရာဇ္ (၁၀၆) ခုႏွစ္ ေရာက္ရွိေနတာျဖစ္ၿပီး Kim Il-sung ၏ ေမြး‌ႏွစ္ (၁၉၁၂) ကေနစတင္ တြက္ခ်က္ ထားတာျဖစ္ပါတယ္ ။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ျပကၡဒိန္မ်ားကို ေျမာက္ကိုရီးယားရက္စြဲျဖင့္ တစ္မ်ိဴး ၊ ကမာၻသုံးရက္စြဲမ်ားျဖင့္ တစ္မ်ိဳး ပုံစံ(၂)မ်ိဳးျဖင့္ထုတ္ေဝေလ့ရွိပါတယ္။

(၁၀)လူတန္းစားအလႊာ

Democratic People’s Republic of Korea(DRPK) အာဏာပိုင္မ်ားဟာ (၁၉၅၇) ခုႏွစ္ကစၿပီး Core Class(ခရမ္းခ်ဥ္သီး) ၊ Wavering Class (ပန္းသီး) ၊ Hostile Class (စပ်စ္သီး) ဟူ၍ အလႊာ (၃) လႊာ ခြဲျခမ္းခဲ့ပါတယ္။
အတြင္းေရာ အျပင္မွာပါ အနီေရာင္ျဖစ္တဲ့ ခရမ္းခ်ဥ္သီး ဟုေခၚေသာ လူတန္းစားမ်ားဟာ အထက္တန္းလႊာမ်ားျဖစ္ၿပီး ႏိုင္ငံေရးသမားမ်ားႏွင့္ စစ္ဘက္ဆိုင္ရာ အရာရွိမ်ား ျဖစ္ပါတယ္။
အျပင္ဘက္မွာသာ အနီေရာင္ရွိတဲ့ ပန္းသီးဟုေခၚဆိုတဲ့ လူတန္းစားမ်ားကေတာ့ သာမန္ျပည္သူမ်ား ျဖစ္ပါတယ္။
စပ်စ္သီး ဟုေခၚတြင္သည့္ လူတန္းစားမ်ားဟာေတာ့ ဥပေဒခ်ိဳးေဖာက္သူေတြပဲ ျဖစ္ပါတယ္။ဥပမာအားျဖင့္ ေျမာက္ကိုရီးယားႏိုင္ငံမွာ ျပည္ပသို႔ ဖုန္းေခၚဆိုဆက္သြယ္မႈဟာ ဥပေဒခ်ိဳးေဖာက္ရာက်ပါတယ္။
အဆိုပါခြဲျခားမႈမ်ားဟာ အသက္(၁၇)ႏွစ္မွ စတင္ အက်ဳံးဝင္ၿပီး လူတစ္ေယာက္စီတိုင္းရဲ႕ အနာဂတ္ ပညာေရး အလုပ္အကိုင္ အစရွိေသာ ေ႐ြးခ်ယ္ပိုင္ခြင့္မ်ားကို ကန႔္သတ္ထားပါတယ္။

(၉) လမ္းမႀကီးမ်ား

တစ္ႏိုင္ငံလုံးရွိ လမ္းမႀကီးမ်ား၏ (၈)ရာခိုင္ႏႈန္းခန႔္ကိုသာ လမ္းခင္းထားပါတယ္။ သြားလာဆက္သြယ္ေရးအတြက္ စစ္ဘက္အရာရွိမ်ားသာ ေမာ္ေတာ္ကား အသုံးျပဳႏိုင္ၿပီး ျပည္သူမ်ားကေတာ့ စက္ဘီးကိုသာ အသုံးျပဳရပါတယ္။

(၈) ယာဥ္ထိန္းအမ်ိဳးသမီးမ်ား

ေျမာက္ကိုရီးယားႏိုင္ငံမွာ မီးပြိဳင့္အနည္းငယ္သာ ရွိၿပီး အခ်ိဳ႕ေသာ မီးပြိဳင့္မရွိေသာ ေနရာမ်ားမွာေတာ့ အိမ္ေထာင္မရွိသူ အသက္(၂၆) ႏွစ္ေအာက္ အမ်ိဳးသမီးမ်ားကိုသာ ကန႔္သတ္ ခန႔္ထားပါတယ္။ ကန႔္သတ္ခ်က္ႏွင့္မညီပါက အလုပ္ထုတ္ခံရပါတယ္။

(၇) ခမ္းနားႀကီးက်ယ္ေသာ Kim Jong-il

ေခါင္းေဆာင္ေဟာင္း Kim Jong-il ဟာ သာမန္လူသားတစ္ေယာက္မဟုတ္ဘဲ သူဟာ Paektu ေတာင္တြင္ေမြးဖြားခဲ့ၿပီး သူ၏ေမြးဖြားျခင္းေၾကာင့္ ေကာင္းကင္၌ ၾကယ္တစ္စင္း ထြန္းလင္းေစခဲ့ၿပီး သက္တံ့ႏွစ္ေခ်ာင္း အလိုအေလ်ာက္ေပၚထြက္လာေစခဲ့ေၾကာင္း ၊ ေမြးဖြားၿပီး အသက္တစ္ႏွစ္မျပည့္မွီကပင္ စကားေျပာတတ္ လမ္းေလွ်ာက္တတ္ခဲ့‌ေၾကာင္း တင္စားေျပာဆိုၾကပါတယ္။သူေသဆုံးခ်ိန္မွာလည္း Paektu ေတာင္ေပၚ တြင္ မႀကဳံစဖူး ႀကီးမားေသာ အက္ကြဲေၾကာင္းတစ္ခုႏွင့္အတူ ေရခဲအလႊာမ်ားေပါက္ၿပဲခဲ့ၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ႏွင္းမုန္တိုင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ျပည္တြင္း မီဒီယာမ်ားမွာ ေဖာ္ျပခဲ့ၾကပါတယ္။
သို႔ေသာ္ အျခားသတင္းရင္းျမစ္မ်ားမွာေတာ့ သူ႔ဖခင္သာ ဂ်ပန္မ်ားလက္မွ ထြက္ေျပးရင္း ယခင္ ဆိုဗီယက္ျပည္ေထာင္စုရဲ႕ Vyatskoye ေဒသမွာ
ေမြးဖြားခဲ့တာသာ ျဖစ္ေၾကာင္း သိရပါတယ္။

(၆) Unicorns ေတြ႕ရွိရမႈ

ေျမာက္ကိုရီးယားႏိုင္ငံမွ သိပၸံပညာရွင္မ်ားက Unicorn ဆိုသည္မွာ စိတ္ကူးယဥ္ ဒ႑ာရီလာျမင္း တစ္ေကာင္သာ မဟုတ္ဘဲ မိမိတို႔ေျမာက္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ “Pyongyang “တြင္ အမွန္တကယ္ေတြ႕ရွိရေၾကာင္း ေျပာဆိုပါတယ္။

(၅) နတ္ေဆး

ေျမာက္ကိုရီးယားႏိုင္ငံဟာ Mers ေရာဂါ ၊ အီဘိုလာေရာဂါ ၊ AIDS ေရာဂါ ၊ ကင္ဆာေရာဂါ နဲ႔ ‌စိတ္ဖိစီးမႈမ်ား ကိုကုသႏိုင္ေသာ နတ္ေဆး တစ္မ်ိဳး ရွိေၾကာင္း ေျပာဆိုပါတယ္။ထိုေဆးမွာ Kaesong ေဒသမွ အနီေရာင္ဂ်င္စင္းႏွင့္အတူ ေ႐ႊႏွင့္ေ႐ႊျဖဴမ်ား သုံးကာ ထုတ္လုပ္ထားေၾကာင္းလဲ ေျပာဆိုပါတယ္။

(၄) Arirang ပြဲေတာ္

ကမာၻ႔အႀကီးဆုံး အားကစားကြင္းႀကီးတစ္ခုအတြင္း လူတစ္သိန္းခန႔္ျဖင့္ က်င္းပေသာ ဂီတကပြဲတစ္ခု ျဖစ္ပါတယ္။ေျမာက္ကိုရီးယားႏိုင္ငံ အလံေတာ္မ်ားအပါအဝင္ အာဏာပိုင္မ်ားႏွင့္ ႏိုင္ငံ၏ ႀကီးက်ယ္ခမ္းနားပုံမ်ားကို သ႐ုပ္ေဖာ္ကျပေလ့ရွိပါတယ္။ Arirang ပြဲေတာ္ဟာ ကမာၻ႔ပါဝင္ဆင္ႏြဲသူ အမ်ားဆုံးေသာ ပြဲေတာ္တစ္ခုအျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ပြဲေတာ္တစ္ခုလည္းျဖစ္ပါတယ္။

(၃) ဝတ္စားမႈ ဖက္ရွင္

ေျမာက္ကိုရီးယား အမ်ိဳးသမီးမ်ားဟာ ႏိုင္ငံတကာမွ ေခတ္ေပၚဖက္ရွင္မ်ားကို ဝတ္ဆင္ခြင့္မရွိပါဘူး။သူတို႔ဟာ တင္းက်ပ္ေသာစည္းကမ္းနဲ႔အတူ ဆင္တူယူနီေဖာင္းႏွင့္ေဒါက္ျမင့္ဖိနပ္မ်ားကိုသာ တစ္ေနကုန္ဝတ္ဆင္ရပါတယ္။
သူတို႔ရဲ႕ေန႔စဥ္ဘဝေတြမွာ မိတ္ကပ္ျပင္ဆင္ျခင္းလဲမရွိပါဘူး။သို႔ေသာ္ အားလပ္ရက္မ်ားႏွင့္ ပြဲေတာ္မ်ားတြင္ေတာ့ ေတာက္ပေသာ ႐ိုးရာဝတ္စုံႏွင့္ မိတ္ကပ္မ်ား ျပင္ဆင္ေလ့ရွိၾကပါတယ္။

(၂) အပန္းေျဖတပ္ဖြဲ႕

ပုံမွန္တာဝန္ထမ္းေဆာင္ၾကေသာ စစ္တပ္ႏွင့္အတူ အပန္းေျဖတပ္ဖြဲ႕လဲ ရွိပါတယ္။ အမ်ိဳးသမီးငယ္ေလးမ်ားျဖင့္ ဖြဲ႕စည္းထားၿပီး ရာထူးႀကီးစစ္ဘက္အရာရွိမ်ား၏ အားလပ္ခ်ိန္မ်ားအတြက္ စိတ္အပန္းေျပေရး လုပ္ေဆာင္ေပးရပါတယ္။သူတို႔ဟာ စစ္တပ္၏ တရားဝင္တပ္ဖြဲ႕ဝင္မ်ားျဖစ္ၿပီး စစ္တပ္စည္းကမ္းမ်ား ကိုလည္းလိုက္နာရပါတယ္။

(၁)ေပ်ာ္႐ႊင္ဖြယ္ႏိုင္ငံ

ေျမာက္ကိုရီးယားမွ သိပၸံပညာရွင္မ်ားက ေျမာက္ကိုရီးယားဟာ ကမာၻ႔ေပ်ာ္႐ႊင္စရာ အေကာင္းဆုံးႏိုင္ငံတစ္ခု ျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုပါတယ္။အာဏာပိုင္မ်ားက ႏိုင္ငံသားမ်ားရဲ႕ စိတ္ဓာတ္ခြန္အားတိုးတက္ေရး စိတ္ခ်မ္းသာေရးတို႔အတြက္ မ်ားစြာ လုပ္ေဆာင္ေပးေနေၾကာင္းလဲ ေျပာဆိုပါတယ္။

ဒါကေတာ့ ထူးဆန္းလွတဲ့ ေျမာက္ကိုရီးယားပဲျဖစ္ပါတယ္။ ဘယ္အခ်က္ကမ်ား သင့္ကို အံ့ဩတုန္လႈပ္ေစလဲ ‌ဆိုတာေရးသားခဲ့နိင္ပါတယ္။

 

Leave a Comment