Daily News

ပန်းစည်း ဇိမ်ခံကားကြီးနှင့်အတူ လမ်းလယ်ခေါင်မှာ လက်ထပ်ခွင့်တောင်းခဲ့သော်လည်း ချစ်သူမိန်းကလေးဧ။် ငြင်းဆန်ခြင်းကို ခံလိုက်ရသော ကောင်လေး

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် နေထိုင်သော ကောင်လေးသည် ချမ်းသာသောအသိုင်းအဝိုင်းမှ မွေးဖွားလာပြီး ချစ်ရသောမိန်းကလေးနှင့် တွေ့သည့်အခါ ဇိမ်ခံကားကြီးနှင့်အတူ လက်ထပ်ခွင့်တောင်းခဲ့သည်။

ကောင်လေးသည် သူချစ်သော မိန်းကလေးမှာ ရုရှားသူလေးဖြစ်ပြီး ရက် ၁၀၀ပြည့်သည့်နေ့မှာပဲ လမ်းလယ်ခေါင်တွင် မိန်းကလေးအား Supriseဖြစ်စေမည့် အပြင်အဆင်များနှင့်အတူ သူမကြိုက်တယ်ပြောခဲ့သော Lamborghiniဇိမ်ခံကားကြီးတစ်စီးကိုပါ ဝယ်ယူခဲ့သည်။

ထိုနေရာသို့ မိန်းကလေးရောက်လာချိန်မှာတော့ ကောင်လေးသည် ရိုမက်တစ်ဆန်ဆန် ဒူးလေးထောက်ကာ ပန်းစည်းလေးကို ကမ်းရင်း သူ့ကိုလက်ထပ်ပါ ဆိုပြီး ခွင့်တောင်းကာ ကားသော့လေးကိုပါ ထုတ်ပေးခဲ့သည်။

မိန်းကလေးလည်း မမျှော်လင့်ထားသည့်အတွက် အံ့အားသင့်သွားသော်လည်း ကောင်လေးအား သူမလက်မထပ်ချင်သေးပူးဟု ဆိုကာ ငြင်းဆိုခဲ့သည်။

ကောင်လေးလည်း သူ့မှာဘာလိုအပ်ချက်ရှိနေလို့လဲ သူမလိုချင်တာအကုန်ဖြည့်ဆည်းပေးနိုင်တယ်ဆိုပြီး ပြောခဲ့သော်လည်း မိန်းကလေးမှာ ပြတ်သားစွာ ထွက်သွားခဲ့သည်။

 

 

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

Leave a Comment