Uncategorized

Online မှတွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြရာမှ သတို့သားမပါဘဲ ဓာတ်ပုံဖြင့်သာလက်ထပ်ရန်ဆုံးဖြတ်ခဲ့တဲ့ သတို့သမီးတစ်ဦး

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးတစ်ခုလုံးဟာ မိနစ်စက္ကန့်တိုင်းမှာ တိုးတက်ပြောင်းလဲလာတာနှင့်အမျှ အမျိုးသမီးများကလည်း တစ်ဖြည်းဖြည်းအိမ်ထောင်ပြုချင်စိတ်တွေ ပျောက်ဆုံးလာကြပုံရပါတယ်။ သို့ပေမယ့် ဘဝတစ်သက်တာအတွက် ကိုယ်ချစ်မြတ်နိုးတဲ့လက်တွဲဖော်ရှိဖို့ စိတ်ကူးထားတဲ့အမျိုးသမီးများလည်း အများကြီးရှိနေပါသေးတယ်။ မကြာသေးမီက ငယ်ရွယ်တဲ့သတို့သမီးတစ်ဦးဟာ သတို့သားမပါဘဲ ဓာတ်ပုံဖြင့်သာ လက်ထပ်ရန်ဆုံးဖြတ်ခဲ့ပြီး မတွေးဝံ့စရာအဖြစ်အပျက်ကို ပြုလုပ်ခဲ့ပါတယ်။ ထိုသတို့သမီးဟာ အလွန်ဆိုးရွားစွာ အိမ်ထောင်ပြုချင်နေခဲ့တာကြောင့် သတို့သားမပါရှိဘဲနဲ့ပင် သူမရဲ့အိပ်မက်ကို အမှန်တကယ် ဖြစ်လာစေခဲ့ပါတယ်။ Online မှာတင်ထားတဲ့ဓာတ်ပုံများထဲအရ အဆိုပါသတို့သမီးဟာ သတို့သားလောင်းရဲ့ဓာတ်ပုံဘေးမှာရပ်နေပြီး ကတိကဝတ်သစ္စာပြုရင်း “ I do ” လို့ ပြန်ဖြေကြားခဲ့ပါတယ်။

ဒီထူးထူးဆန်းဆန်းမင်္ဂလာဆောင်ရဲ့ဓာတ်ပုံများကို Vivian Chizoba အမည်ရှိအမျိုးသမီးတစ်ဦးက Facebook group တစ်ခုမှာမျှဝေပေးခဲ့တာပါ။ ထိုသတို့သမီးနှင့်သူမရဲ့သတို့သားတို့ဟာ Online မှာတွေ့ဆုံခဲ့ပြီး LDRS တစ်ခုကို လျင်မြန်စွာ တည်ဆောက်ခဲ့ကြပါတယ်။

သိပ်မကြာခင်မှာဘဲ သတို့သားက သူမနဲ့ အပြင်မှာ တွေ့ဆုံရန် မဖြစ်နိုင်သေးပေမဲ့လည်း ၎င်းတို့စုံတွဲဟာ ၎င်းမင်္ဂလာပွဲကို ပြုလုပ်ရန် အမှန်တကယ်ပင် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ သူမရဲ့သတို့သားက သူ့ဓာတ်ပုံနှင့် မင်္ဂလာပွဲအခမ်းအနားအတွက် ကုန်ကျငွေအနည်းငယ်ကို လွှဲပေးလိုက်ပါသေးတယ်။

သတို့သမီးရဲ့သူငယ်ချင်းများကလည်း သူမရဲ့ထူးခြားတဲ့မင်္ဂလာဆောင်ပွဲအခမ်းအနားသို့ ပါဝင်ကာ တက်ရောက်ပေးခဲ့ကြပါတယ်။

အင်တာနက်အသုံးပြုသူအချို့က ထိုကဲ့သို့သော မင်္ဂလာပွဲဟာ လုံးလုံးကို ရူးသွပ်နေကြတာလို့ မှတ်ချက်ပေးကြပြီး အချို့ကလည်း သူမဘာကြောင့်ထိုကဲ့သို့ပြုလုပ်ခဲ့တာကို နားလည်သဘောပေါက်ကြောင်း ထို့ကဲ့သို့သောမှတ်ချက်များပေးခဲ့ကြပါတယ်။

အချို့သော စပ်စုတဲ့လူအတော်များများကလည်း ၎င်းတို့နှစ်ယောက်က ဘာလို့ video call မင်္ဂလာပွဲမလုပ်ကြတာလဲလို့လည်း အံ့ဩတကြီး မေးမြန်းနေခဲ့ကြပါတယ်။

အင်တာနက်အသုံးပြုသူအချို့က သတို့သမီးအတွက် ၎င်းတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ပြသနေခဲ့ပေမယ့် အခြားသူများကမူ သတို့သမီးကို လှောင်ပြောင်သရောကာ ဟာသတွေလုပ်နေခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : everytruenews24

Leave a Comment