Uncategorized
Hlaing (Love Feeling)
Unicode
သားလေးဧ။် မွေးနေ့ကို မမေ့မလျော့မှတ်ထားပေးပြီး ကိုယ်တိုင်မွေးနေ့ကိတ်လုပ်ပေးခဲ့သော မိခင်တစ်ဦးဧ။်မေတ္တာ
မိဘတိုင်းက သူတို့သားသမီးလေးတွေ စိတ်ချမ်းသာအောင် ပျော်ရွှင်အောင် လိုအပ်သည်များကို အရိပ်တကြည့်ကြည့် ကြည့်ကာဖြည့်ဆည်းပေးတတ်ကြသည်။
ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ ကျေးလက်ဒေသတွင် နေထိုင်သော မိခင်တစ်ဦးသည် သားလေးအပေါ်ထားသည့် ချစ်ခြင်းမေတ္တာတရားကြောင့် လူမှုကွန်ယက်တွင် အတော်လေးပျံ့နှံ့သွားခဲ့သည်။
အကြောင်းမှာ မိခင်ဖြစ်သူသည် သားလေးဧ။်အသက် ၁၁နှစ်ပြည့် မွေးနေ့တွင် ငှက်ပျောသီးနှင့် Birthday ကိတ်လေးပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
မိခင်ဖြစ်သူမှာ စားဝတ်နေရေးကတစ်ဖက် ရှိသေးတာကြောင့် သားလေးကို ဆိုင်ကနေ မွေးနေ့ကိတ်ကောင်းကောင်းလေးတစ်လုံးလည်း ဝယ်ယူပေးဖို့မတတ်နိုင်ပဲဖြစ်နေခဲ့သည်။
ထို့ကြောင့် အိမ်တွင်ရှိသော ငှက်ပျောသီးမှည့်တွေကို အသုံးပြုပြီး လှပသည့်မွေးနေ့ကိတ်လေးအဖြစ် ပြုလုပ်ပေးခဲ့ပြီး သားဖြစ်သူကို အပြည့်အဝပျော်ရွှင်အောင် ဖန်တီးပေးခဲ့သည်။
ထို့အတူ မိခင်ဖြစ်သူသည် သားလေးအား “မွေးနေ့မှစ၍ ပိုပိုပြီးကျန်းမာဝဖြိုးသည့် ကောင်လေးဖြစ်လာနိုင်ပါစေ အရမ်းချစ်တယ် သားလေး” ဆိုပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးသည်။
Hlaing (Love Feeling)
Leave a Comment