Daily News
သားဖြစ်သူမှာ အောက်စီဂျင်ရှူဖို့ရာ လိုအပ်နေသော်လည်း ငွေကြေးမတတ်နိုင်တာကြောင့် လေထိုးတံကိုသာ အသုံးပြုခဲ့ရသည့်အဖြစ်
ငွေကြေးချမ်းသာသူအဖို့ နေမကောင်းဖြစ်သည့်အခါ ဆေးကုသမှုခံယူနိုင်သော်လည်း ဆင်းရဲသော မိသားစုများမှာ နေမကောင်းဖြစ်ပါက ဆေးမကုသပေးနိုင်ပဲ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး မတတ်နိုင်ကြပါ။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ Begnoteaအမည်ရှိသော အသက် ၈နှစ်အရွယ် ကောင်လေးသည် ကံဆိုးစွာဖြင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပန်းနာရင်ကြပ်ရောဂါ ဝေဒနာကို ခံစားနေရသည်။
ကောင်လေးသည် အသက်၂နှစ်အရွယ် ကတည်းက စပြီး အသက်ရှူခဏခဏကြပ်တတ်၍ ဆေးရုံ ဆေးခန်းသို့လည်း အခေါက်ခေါက်အခါခါ ပြခဲ့ရပြီး ငွေကြေးမတတ်နိုင်တော့သည့်အဆုံး အိမ်မှာပဲ အဆင်ပြေသလို နေခဲ့ရသည်။
ကောင်လေးသည် အသက်ရှူမဝဖြစ်သည့်အခါ အောက်စီဂျင်အစား ပိုက်တွေနှင့်တွယ်ဆက်ကာ လေထိုးတံကို အသုံးပြုပြီး အသက်ရှူခဲ့ရသည်။
ဆရာဝန်များဧ။် ပြောကြားချက်အရ လေထိုးတံမှာ တာယာထိုးဖို့အတွက် ထုတ်ထားသည့်အတွက် ဓာတုဓာတ်များ ပါဝင်ခြင်းကြောင့် အသုံးမပြုသင့်ကြောင်း ဆိုခဲ့သော်လည်း ခဏတာ အဆင်ပြေဖို့အတွက် ဆက်လက်အသုံးပြုခဲ့ရသည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)
Leave a Comment