Daily News

“ ကမ္ဘာ့အလှဆုံးကောင်လေး” အဖြစ် သတ်မှတ်ခံရပေမဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အလှတရားကိုမှမုန်းတီးနေခဲ့ရတဲ့ ကောင်လေးရဲ့ဝမ်းနည်းဖွယ်ဇာတ်လမ်း

၁၉၅၅ ခုနှစ်တွင် Sweden နိုင်ငံ Stockholm မြို့၌ မွေးဖွားလာခဲ့တဲ့ Bjorn Andresen ဟာ သူ့ရဲ့ မိန်းမဆန်တဲ့အလှတရားနှင့် ကျော်ကြားသူအဖြစ် မွေးဖွားလာသည့်စရိုက်လက္ခဏာရှိတဲ့ ကောင်လေးတစ်ယောက်ဘဲဖြစ်ပါတယ်။ ထို့ကြောင့် အသက် ၁၆ နှစ်မှစ၍ Bjorn ဟာ ဖျော်ဖြေရေးလောကသို့၀င်လာခဲ့ပြီးကြယ်တစ်ပွင့်ဖြစ်လာခဲ့သည်မှာ အံ့ဩစရာမဟုတ်နေပါဘူး။ Bjorn Andresen ဟာ ပျော်ရွှင်စရာမကောင်းတဲ့ကလေးဘ၀ကိုပိုင်ဆိုင်ခဲ့သော်လည်း Hollywood ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ D.e.a.t.h in Venice ဇာတ်ကားရှိ ဇာတ်ကောင် Tadzio အဖြစ် ပထမဆုံးအခန်းကဏ္ဍာနှင့်အတူ နာမည်ကျော်ကြားလာခဲ့ပါတယ်။ အခြားကိုယ်စားလှယ်လောင်း အယောက် ၃,၀၀၀ ကျော်အားကျော်ဖြတ်ပြီး ၎င်းဇာတ်ကားထဲပါဝင်နိုင်ရန် သူ့အားကူညီပေးခဲ့တဲ့အဓိကအကြောင်းအရင်းကတော့ သူ့ရဲ့လွှမ်းမိုးမှုရှိလွန်းတဲ့အလှတရားကြောင့်ဘဲ ဖြစ်ပါတယ်။

ထိုစဉ်က သူဟာ ၁၅ နှစ်သာရှိပါသေးတယ်။ ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သူ့ရဲ့အံ့မခန်းလွန်းတဲ့ရုပ်ရည်အသွင်အပြင်ကြောင့် Bjorn ဟာ လူအများအထင်ကြီးလေးစားခြင်းကိုခံခဲ့ရသလို လူကြိုက်များလာခဲ့ပြီး မီဒီယာများမှ “ ကမ္ဘာပေါ်မှာအလှဆုံးကောင်လေး” ဟုလည်း ခေါင်းစဉ်တပ်ခံရပါတယ်။

ထို့နောက် ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ Bjorn Andresen တစ်ချိန်ထိုးကျော်ကြားလာခဲ့ပြီး Bjorn ရဲ့ကျားမ ခွဲခြားလို့မရနိုင်တဲ့အလှတရားကို ၁၉၇၀ ခုနှစ်များရဲ့“ unique ” ဟု သတ်မှတ်ခံခဲ့ရပါတယ်။ သို့ပေမဲ့ ထို့စဉ်က Bjorn ရဲ့မျက်နှာဟာ ပန်းများထက်ပိုလှပနေတာကြောင့် မီဒီယာများက ကောင်းကောင်းလက်မခံနိုင်သည့်အရာကဲ့သို့ ပြဿနာဖန်တီးကာ မေးခွန်းများထုတ်လာခဲ့ကြပြန်ပါတယ်။

.

ထို့နောက် Bjorn Andresen ဟာ သူ့ရဲ့gender နှင့်ပတ်သက်သောထင်မြင်ယူဆချက်ကြောင့် မုန်းတီးမှုများကို ရင်ဆိုင်လာခဲ့ရပါတော့တယ်။ အကျိုးဆက်အနေနှင့်အပျက်သဘောကောလာဟလများဟာ ကမ္ဘာပေါ်တွင်အလှဆုံးကောင်လေးအဖြစ် Bjorn Andresen ကို အသိအမှတ်ပြုခြင်းမရှိသော အရှုပ်တော်ပုံတစ်ခုအဖြစ် ပြောင်းလဲလာစေခဲ့ပါတယ်။

.

ထို့ကြောင့် Bjorn ဟာ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုစွန့်လွှတ်ရန်ဆုံးဖြတ်လိုက်ပြီး ဝါသနာပါတဲ့ဂီတကိုဆက်လုပ်နိုင်ရန် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သို့သော်လည်း နှစ်ပေါင်းများစွာကြိုးစားရုန်းကန်လာခဲ့ရပေမဲ့ ဇာတ်ကောင်Tadzio နှင့် သူ့ရဲ့အရှုပ်တော်ပုံဟောင်းများကိုပရိသတ်များမှတ်မိနေခဲ့တာကြောင့် Bjorn ဟာ သူ့ရဲ့ကိုယ်ပိုင်အရိပ်မည်းကြီးကို မအန်တုနိုင်ခဲ့ပါဘူး။

.

ထို့နောက် Bjorn ဟာ လှပတဲ့အမျိုးသမီးစာရေးဆရာမတစ်ဦးနှင့် လက်ထပ်ကာ ဒိန်းမတ်နိုင်ငံတွင် အခြေချခဲ့ပေမဲ့ ၎င်းတို့ရဲ့အငယ်ဆုံးသားကို ဆုံးရှုံးလိုက်ပြီးတဲ့နောက် ၎င်းတို့ရဲ့အိမ်ထောင်ရေးဟာ ပြိုကွဲသွားခဲ့ပါတယ်။ ထို့အပြင် Bjorn Andresen ဟာ နိမ့်ချတဲ့လူနေမှုဘ၀ဖြင့် မီဒီယာနှင့်ဆယ်စုနှစ်များစွာအထိဝေးကွာစွာ နေထိုင်ရန်ရွေးချယ်ခဲ့ရပါတယ်။ Bjorn ဟာ လက်ရှိမှာ အသက် ၆၆ နှစ်အရွယ် အဘိုးတစ်ဦးဖြစ်ပြီး သူ့ရဲ့သမီးများ ၊ မြေးများနှင့်အတူ ဒိန်းမတ်နိုင်ငံ၌ နေထိုင်လျက်ရှိနေပါတယ်။

Mia (KB Chimmy One)

Reference : everytruenews24

Leave a Comment