Amazing

စတုရန်းပေ၁၄၀ရှိစိမ်ခံအိမ်ငယ်လေးတည်ဆောက်ပြီး တစ်ကိုယ်တည်းအခြေချနေထိုင်ခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)

Vina Lustado လို့ခေါ်တဲ့ အမျိုးသမီးက ဖိလစ်ပိုင်နိုင်ငံက မိသားစုကြီးတစ်ခုကနေမွေးဖွားလာခဲ့ပြီး ဒီဇင်ဘာလနောက်ဆုံးမှာ အမေရိကန်ကို ပြောင်းရွှေ့အခြေချခဲ့ပါတယ် ။ နောက်ပြီးသူမဟာ ကယ်လီဖိုးနီးယားပြည်နယ် Ojai မြို့မှာ တည်ရှိတဲ့ စတုရန်းပေ ၁၄၀ ရှိ အိမ်ငယ်လေးကို သူမကျေနပ်ရောင့်ရဲမှုကြောင့် Vina ဟာ သေးငယ်တဲ့ အရာများမှ ပျော်ရွှင်မှုကိုအမှန်ပင်ရရှိခဲ့တယ်လို့ ယုံကြည်ပြီး သူမက ဒီအိမ်မှာ ထာဝရနေဖို့စီစဉ်ခဲ့ပါတယ် ။

“ ကျွန်မဟာ မောင်နှံမကိုးယောက်ထဲက တစ်ယောက်ပါ။ ငါတို့မှာ ငွေအများကြီးမရှိတဲ့အတွက် အရမ်းကျိုးနွံတဲ့ဘဝပုံစံနဲ့နေထိုင်ရတယ်။ ကျွန်မ ဒီကိုလာတဲ့အခါမှာ အခြေခံအားဖြင့် တော့ရိုးရိုးရှင်းရှင်းနဲ့ အနည်းဆုံးအသက်ရှင်ဖို့သင်ယူခဲ့တယ်။ ကျွန်မရဲ့အိမ်ကတော့ သေးသေးလေးပါ ” လို့ Vina က ဆိုပါတယ် ။

Vina ရဲ့ အိမ်က ကားဂိုဒေါင်ထက် သေးငယ်တယ်ဆိုပေမဲ့ သင်လိုအပ်ထာမှန်သမျှ အမှန်တကယ် စုံစုံလင်လင်ရှိနေခဲ့ပါတယ် ။ အလင်းရောင်ကလည်း လျှပ်စစ်မီးမဟုတ်ဘဲ သဘာဝအလင်းများအတွက် ပြတင်းပေါက်ကို ဗျူဟာကျစွာနေရာချထားပါတယ် ။ သူမရဲ့ အိမ်အပြင်ဘက်မှာ လှပတဲ့ရှုခင်းကို ခံစားဖို့ တံခါးနှစ်လက်လုပ်ထားပါတယ် ။ မီးဖိုချောင်အထက်မှာ Vina ရဲ့သေးငယ်တဲ့ အိပ်ခန်းတည်ရှိထားပါတယ် ။ အိပ်ခန်းဟာလည်း သဘာဝအလင်းနဲ့ ပြည့်နှက်‌နေတာမို့ အဆင်ပြေချောမွေ့စေပါတယ် ။

ရေချိုးခန်းက အရမ်းသေးငယ်တယ်ဆိုပေမယ့် ငါတို့လိုအပ်တာအကုန်လုံးရှိပါတယ် ။ လှပတဲ့လသာဆောင်က အနားယူရန်နဲ့အေးဆေးငြိမ်သက်ရန် အကောင်းဆုံးနေရာဖြစ်ပါတယ် ။ ဒါ့အပြင် ဒီအိမ်ဟာ ပိုင်ရှင်ထားချင်တဲ့နေရာတိုင်းကို ပြောင်းရွှေ့နိုင်ပါတယ် ။ အရမ်းဘဲမိုက်တယ်လို့ ကျွန်တော်ချီးကျူးမိပါတယ် ။ Vina ဟာ ထိုကဲ့သို့သောအံ့သြဖွယ်ကောင်းတဲ့ လက်တွေ့ကျသောအိမ်ကိုတည်ဆောက်ခြင်းဖြင့် ကြီးမားတဲ့ အလုပ်ကိုလုပ်ခဲ့တာပါဘဲ ။

JRose (KB Chimmy One)

Reference : gtgoodtimes

zawgyi

စတုရန္းေပ၁၄၀ရွိစိမ္ခံအိမ္ငယ္ေလးတည္ေဆာက္ၿပီး တစ္ကိုယ္တည္းအေျခခ်ေနထိုင္ခဲ့တဲ့ အမ်ိဳးသမီး (႐ုပ္သံ)

Vina Lustado လို႔ေခၚတဲ့ အမ်ိဳးသမီးက ဖိလစ္ပိုင္ႏိုင္ငံက မိသားစုႀကီးတစ္ခုကေနေမြးဖြားလာခဲ့ၿပီး ဒီဇင္ဘာလေနာက္ဆုံးမွာ အေမရိကန္ကို ေျပာင္းေ႐ႊ႕အေျခခ်ခဲ့ပါတယ္ ။ ေနာက္ၿပီးသူမဟာ ကယ္လီဖိုးနီးယားျပည္နယ္ Ojai ၿမိဳ႕မွာ တည္ရွိတဲ့ စတုရန္းေပ ၁၄၀ ရွိ အိမ္ငယ္ေလးကို သူမေက်နပ္ေရာင့္ရဲမႈေၾကာင့္ Vina ဟာ ေသးငယ္တဲ့ အရာမ်ားမွ ေပ်ာ္႐ႊင္မႈကိုအမွန္ပင္ရရွိခဲ့တယ္လို႔ ယုံၾကည္ၿပီး သူမက ဒီအိမ္မွာ ထာဝရေနဖို႔စီစဥ္ခဲ့ပါတယ္ ။

“ ကြၽန္မဟာ ေမာင္ႏွံမကိုးေယာက္ထဲက တစ္ေယာက္ပါ။ ငါတို႔မွာ ေငြအမ်ားႀကီးမရွိတဲ့အတြက္ အရမ္းက်ိဳးႏြံတဲ့ဘဝပုံစံနဲ႔ေနထိုင္ရတယ္။ ကြၽန္မ ဒီကိုလာတဲ့အခါမွာ အေျခခံအားျဖင့္ ေတာ့႐ိုး႐ိုးရွင္းရွင္းနဲ႔ အနည္းဆုံးအသက္ရွင္ဖို႔သင္ယူခဲ့တယ္။ ကြၽန္မရဲ႕အိမ္ကေတာ့ ေသးေသးေလးပါ ” လို႔ Vina က ဆိုပါတယ္ ။

Vina ရဲ႕ အိမ္က ကားဂိုေဒါင္ထက္ ေသးငယ္တယ္ဆိုေပမဲ့ သင္လိုအပ္ထာမွန္သမွ် အမွန္တကယ္ စုံစုံလင္လင္ရွိေနခဲ့ပါတယ္ ။ အလင္းေရာင္ကလည္း လွ်ပ္စစ္မီးမဟုတ္ဘဲ သဘာဝအလင္းမ်ားအတြက္ ျပတင္းေပါက္ကို ဗ်ဴဟာက်စြာေနရာခ်ထားပါတယ္ ။ သူမရဲ႕ အိမ္အျပင္ဘက္မွာ လွပတဲ့ရႈခင္းကို ခံစားဖို႔ တံခါးႏွစ္လက္လုပ္ထားပါတယ္ ။ မီးဖိုေခ်ာင္အထက္မွာ Vina ရဲ႕ေသးငယ္တဲ့ အိပ္ခန္းတည္ရွိထားပါတယ္ ။ အိပ္ခန္းဟာလည္း သဘာဝအလင္းနဲ႔ ျပည့္ႏွက္‌ေနတာမို႔ အဆင္ေျပေခ်ာေမြ႕ေစပါတယ္ ။

ေရခ်ိဳးခန္းက အရမ္းေသးငယ္တယ္ဆိုေပမယ့္ ငါတို႔လိုအပ္တာအကုန္လုံးရွိပါတယ္ ။ လွပတဲ့လသာေဆာင္က အနားယူရန္နဲ႔ေအးေဆးၿငိမ္သက္ရန္ အေကာင္းဆုံးေနရာျဖစ္ပါတယ္ ။ ဒါ့အျပင္ ဒီအိမ္ဟာ ပိုင္ရွင္ထားခ်င္တဲ့ေနရာတိုင္းကို ေျပာင္းေ႐ႊ႕ႏိုင္ပါတယ္ ။ အရမ္းဘဲမိုက္တယ္လို႔ ကြၽန္ေတာ္ခ်ီးက်ဴးမိပါတယ္ ။ Vina ဟာ ထိုကဲ့သို႔ေသာအံ့ၾသဖြယ္ေကာင္းတဲ့ လက္ေတြ႕က်ေသာအိမ္ကိုတည္ေဆာက္ျခင္းျဖင့္ ႀကီးမားတဲ့ အလုပ္ကိုလုပ္ခဲ့တာပါဘဲ ။

JRose (KB Chimmy One)

Reference : gtgoodtimes

Leave a Comment