Daily News

ဘဝမှာ မလုပ်သင့်တဲ့ အရာများ

#Unicode Version

ကျွန်တော် အရမ်းကြိုက်တဲ့ စာတွေပါ။ ဒါကို ဖတ်ပြီးတော့ ဘဝကိုအညံ့မခံ၊ အရှုံးမပေးဘဲ့ ဇွဲရှိရှိနဲ့ ကိုယ့်ရဲ့ဘဝအိပ် မက်၊ ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်အထည်ဖော် နိုင်ဖို့ ခွန်အားတွေ အများကြီး ရရှိခဲ့လို့ မျှဝေတင်ပေးလိုက် ပါတယ်။

ဖတ်ကြည့်ပါ။ တိုတိုလေးနဲ့ ရင်ထဲထိမိစေတဲ့ စာတွေပါ။ အချိန်လည်း သိပ်ပေးစရာ မလိုပါဘူး။ ဘဝကို ရှေ့ဆက်‌‌ ‌‌လျှောက်နိုင်ဖို့ ခွန်အားတွေ ရရှိစေမှာ သေချာပါတယ်။

၁။ မပျင်းပါနဲ့

 

 

ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ် မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။

၂။ ဘဝရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့

 

ဘဝကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့ စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်းလှန်ဖတ်သွားရင် ဘဝရဲ့ရသကို ခံစားရမှာပါ။

၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့
အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့
အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

၅။ ဟန်မဆောင်ပါနဲ့
လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေ မယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်ဝန်းကျင် က ပုံသွင်းတာကို လက်မခံပါနဲ့။ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့
တစ်ခါတရံမှ ကျင့်ဝတ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာဝပါ။

၇။ အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့
ဘဝဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ။ ဘဝအတွက် လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင် မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

၈။ အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့
မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာ ဖြစ်ပါ တယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

၉။ အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့
အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘဝမှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့
အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ။

၁၁။ အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့
ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ။ ကျန်တာအားလုံးကို မေ့ထားပါ။

၁၂။ ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့
ဘဝက ပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူး ဆိုတာ အမှတ်ရပါ။

၁၃။ လက်ရှိပျော်ရွှင်မှုကို လျစ်လျူမရှုပါနဲ့
အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရှာတွေ့မှာမဟုတ်ပါဘူး။ အနာဂတ်ကို အများကြီး မျှော်လင့် ပြီး လက်ရှိဘဝကို အလဟဿ မဖြစ်ပါစေနဲ့။

၁၄။ အယူချည်းပဲမဖြစ်ပါစေနဲ့
ငွေကြေးဥစ္စာပစ္စည်းအရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့
ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာ ပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့
အမှန်တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက် တာက နှလုံးအေးပါတယ်။

၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့
အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ ပိုချစ်ခင် တတ်အောင် ကြိုးစားပါ။

၁၈။ အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့
တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင် ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်း ထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ် လိုက်ပါ။

၁၉။ အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ သိပ်မတွေးပါနဲ့
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲ့ လက်ခံပေး တာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်းထပ်တူကျရင် အချစ်စစ်ပါပဲ။

၂၀။ အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့
အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘဝနဲ့ ယုံကြည်မှုကို တွဲကပ် ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။

Credit: Original Writer
Sharing By: #Go_for_Goal

 

Leave a Comment