success

လူတစ်ယောက်မှာ မရှိမဖြစ် သူငယ်ချင်း (၇)မျိုး

#Unicode Version

၁။ ဆရာနဲ့တူတဲ့ သူငယ်ချင်း

 

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် မြင်နိုင်ဖို့ သင့်ကို အမြဲကူညီအားပေးတယ်။ ဒီလိုသူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် သူတို့မှာ အခြားဗဟုသုတ၊အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့ အလုပ်အကိုင်၊မိသားစု၊ လူမှုဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံ ဉာဏ်တွေ ပေးနိုင်တယ်။ သူတို့က သင့်အနားမှာ အမြဲတမ်း ရှိနေပြီး သင် အတုယူထိုက်သူလည်း ဖြစ်တယ်။

၂။ ဖေးမကူညီတဲ့ သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကို ချီးမွန်းစကားပြောတဲ့ သူငယ်ချင်း ဒီလိုသူငယ်ချင်းမျိုးက
“နင်ငါ့ကိုကူ၊ငါနင့်ကိုကူ” ဆိုတဲ့အချင်းချင်း ကူညီအားပေးတဲ့သူမျိုးဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက် သူငယ်ချင်းရဲ့ ဖေးမကူညီမှု ချီးကျူးမှုတွေဟာ အဖိုးတန် လွန်းတယ်။ ဆင်းရဲဒုက္ခ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲ တွေကို ကူညီမျှဝေ ဖြေရှင်းပေးတယ်။

၃။ တံတားခင်းပေးတဲ့ သူငယ်ချင်း\

 

ဒီလို လူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစား ဖြစ် တယ်။ သင် အားရကျေနပ်ပျော်ရွှင်ချိန်မှာ သူတို့တွေရဲ့ အရိပ်ဟာ သင့်နားမှာ မရှိဘူး။သင် စိတ်ညစ် အားငယ်ချိန် ကျမှ သင့်ရှေ့ရောက်လာတက်တဲ့သူတွေ ဖြစ်တယ်။သင် ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့ ကူညိီပေးတယ်။

၄။ အားပေးတဲ့ သူငယ်ချင်း

ဒီလို လူမျိုးက သင့်ကို ပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်း ဖြစ်တယ်။ တစ်ချို့သူငယ်ချင်းတွေက သင့်ကို ခင်မင်ရင်းနှီး ပြီးတာနဲ့ သင့်ကို တစ်ခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့် စိတ်တွေ မွန်းကျပ်တဲ့အခါသင့်ရဲ့ ရင်ဖွင့်သံတွေကို ပထမဦးဆုံး နားထောင်ပေးတဲ့ သူတွေဖြစ် တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံး
နားထောင်သူတွေဖြစ်တယ်။သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာဖိအားမှ မရှိစေတဲ့
အပြင် သင့်ကိုမွန်းကျပ်နေတဲ့ အရာတွေကို ထွက်ပေါက်ရစေတယ်။

၅။ အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့ အမြင်၊ဆန်းသစ်တဲ့ အခွင့်အရေး
တွေကို တွေ့မြင်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့ မဖြစ်ပါဘူး။ သူတို့ ဟာ သင့်ရဲ့ “စာကြည့်တိုက်” ဖြစ်တယ်။ ဒီလို သူငယ်ချင်း မျိုးက သင့်ရဲ့ အသိဉာဏ်၊ဗဟုသုတပေါင်းသင်း ဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မြင့်မြင့်ရပ် ဝေးဝေး လှမ်းကြည့်တက်ဖို့ သင်ပေးသူတွေဖြစ်တယ်။

၆။ လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူး အတွေးတွေကို သန့်ရှင်းကူညီပေးသူ လမ်းပြ အကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ လူတိုင်းမှာ လိုအပ် ချက်အရ အကူအညီဆိုတာ လိုအပ်တယ်။ တစ်ချို့အခက် အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့ မရတဲ့အခါ ဒီလို သူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါ ကူညီပြီး အသင့်တော်ဆုံးအကြံတွေကို ပေးတယ်။ သင် စိတ်ရှုပ်ထွေး နေတဲ့အခါသူတို့ကို ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပြီး ကြည်လင်တဲ့ ဘက်ကို လမ်းညွှန်ပေးတယ်။

၇။ သင့်ကို အဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့ သတင်းပဲဖြစ်ဖြစ် ဆိုးတဲ့ သတင်းပဲဖြစ်ဖြစ်သူတို့ကို အရင် သင်ပြောပြတယ်။သူတို့ဟာ သင်နဲ့
အမြဲအတူရှိနေတယ်။ဒီလို သူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။သူတို့က ဘယ်အချိန် သင်သွားရှာ ခဲ့ ရှာခဲ့ သူတို့က သင့်ကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ တစ်ခါတစ်လေ ပြောစရာစကားများများစားစား မရှိရင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ် အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း အမြဲမတွေ့ဆုံ တိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သင့်ဘဝ တစ်သက်တာ မှာ စိတ်တူ ကိုယ်တူ သူငယ်ချင်း ကောင်း ဘယ်နှစ်ယောက် ရှိနိုင်မလဲ။တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ ကြုံဆုံ
လာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

Credit: Original Writer
Sharing By: #One daily Media

#Zawgyi Version

လူတစ္ေယာက္မွာ မရွိမျဖစ္ သူငယ္ခ်င္း (၇)မ်ိဳး
7 Essential Friends in a Person

၁။ ဆရာနဲ႕တူတဲ့ သူငယ္ခ်င္း
A teacher-like friend

သူတို႔က သင့္ေကာင္းကြက္ေတြ သင္ကိုယ္တိုင္ ျမင္နိုင္ဖို႔ သင့္ကို အၿမဲကူညီအားေပးတယ္။ ဒီလိုသူငယ္ခ်င္းမ်ိဳးကို ဆရာအမ်ိဳးအစားလို႔ ေခၚတယ္။ သူတို႔က သင့္ရဲ႕ဆရာ ျဖစ္ခ်င္မွျဖစ္မယ္။ ဒါေပမယ့္ သူတို႔မွာ အျခားဗဟုသုတ၊အေတြ႕အႀကဳံေတြနဲ႕ ျပည့္စုံတယ္။ သင့္ရဲ႕ အလုပ္အကိုင္၊မိသားစု၊ လူမႈဆက္ဆံေရးေတြမွာ သူတို႔က သင့္ကို အႀကံ ဉာဏ္ေတြ ေပးနိုင္တယ္။ သူတို႔က သင့္အနားမွာ အၿမဲတမ္း ရွိေနၿပီး သင္ အတုယူထိုက္သူလည္း ျဖစ္တယ္။

၂။ ေဖးမကူညီတဲ့ သူငယ္ခ်င္း

သင့္ကို ဆုံးမလမ္းၫႊန္ၿပီး လူေတြေရွ႕မွာ သင့္ကို ခ်ီးမြန္းစကားေျပာတဲ့ သူငယ္ခ်င္း ဒီလိုသူငယ္ခ်င္းမ်ိဳးက
“နင္ငါ့ကိုကူ၊ငါနင့္ကိုကူ” ဆိုတဲ့အခ်င္းခ်င္း ကူညီအားေပးတဲ့သူမ်ိဳးျဖစ္တယ္။ ဘဝရွင္သန္ႀကီးျပင္းရာ လမ္းတစ္ ေလွ်ာက္ သူငယ္ခ်င္းရဲ႕ ေဖးမကူညီမႈ ခ်ီးက်ဴးမႈေတြဟာ အဖိုးတန္ လြန္းတယ္။ ဆင္းရဲဒုကၡ အခက္အခဲေတြနဲ႕ သင္ရင္ဆိုင္ရခ်ိန္ ဒီလိုသူငယ္ခ်င္းမ်ိဳးက သင့္အခက္အခဲ ေတြကို ကူညီမွ်ေဝ ေျဖရွင္းေပးတယ္။

၃။ တံတားခင္းေပးတဲ့ သူငယ္ခ်င္း

ဒီလို လူမ်ိဳးက ကူညီတဲ့သူငယ္ခ်င္း အမ်ိဳးအစား ျဖစ္ တယ္။ သင္ အားရေက်နပ္ေပ်ာ္႐ႊင္ခ်ိန္မွာ သူတို႔ေတြရဲ႕ အရိပ္ဟာ သင့္နားမွာ မရွိဘူး။သင္ စိတ္ညစ္ အားငယ္ခ်ိန္ က်မွ သင့္ေရွ႕ေရာက္လာတက္တဲ့သူေတြ ျဖစ္တယ္။သင္ ယုံၾကည္စိတ္ခ်ရတဲ့ ကူညီမႈမ်ိဳးကို သူတို႔ေပးတယ္။ ေမွ်ာ္လင့္ခ်က္နဲ႕ အခြင့္အေရးကို သင္ျပန္ျမင္ရဖို႔ သူတို႔ ကူညိီေပးတယ္။

၄။ အားေပးတဲ့ သူငယ္ခ်င္း

ဒီလို လူမ်ိဳးက သင့္ကို ေပါ့ပါးလန္းဆန္းေစတဲ့ သူငယ္ခ်င္း ျဖစ္တယ္။ တစ္ခ်ိဳ႕သူငယ္ခ်င္းေတြက သင့္ကို ခင္မင္ရင္းႏွီး ၿပီးတာနဲ႕ သင့္ကို တစ္ျခားစိတ္တူကိုယ္တူ သူငယ္ခ်င္းေတြနဲ႕ မိတ္ဆက္ေပးတယ္။ သင့္ စိတ္ေတြ မြန္းက်ပ္တဲ့အခါသင့္ရဲ႕ ရင္ဖြင့္သံေတြကို ပထမဦးဆုံး နားေထာင္ေပးတဲ့ သူေတြျဖစ္ တယ္။ ဒီလို သူငယ္ခ်င္းမ်ိဳးက သင့္အတြက္ အေကာင္းဆုံးနားေထာင္သူေတြျဖစ္တယ္။သင့္စိတ္ကို ေျဖေလ်ာ့ေစတယ္။
သူတို႔နဲ႕ေပါင္းသင္းရတာ သင့္ကို ဘာဖိအားမွ မရွိေစတဲ့အျပင္ သင့္ကိုမြန္းက်ပ္ေနတဲ့ အရာေတြကို ထြက္ေပါက္ရေစတယ္။

၅။ အသိအျမင္တိုးပြားေစတဲ့ သူငယ္ခ်င္း

သင့္ကို ဆန္းသစ္တဲ့ အျမင္၊ဆန္းသစ္တဲ့ အခြင့္အေရး
ေတြကို ေတြ႕ျမင္ေစတဲ့ သူငယ္ခ်င္းျဖစ္တယ္။ ဒီလို သူငယ္ခ်င္းမ်ိဳးလည္း ဘဝမွာ မရွိလို႔ မျဖစ္ပါဘူး။ သူတို႔ ဟာ သင့္ရဲ႕ “စာၾကည့္တိုက္” ျဖစ္တယ္။ ဒီလို သူငယ္ခ်င္း မ်ိဳးက သင့္ရဲ႕ အသိဉာဏ္၊ဗဟုသုတေပါင္းသင္း ဆက္ဆံ ေရးကို က်ယ္ျပန႔္ေစတယ္။ သင့္ကို ျမင့္ျမင့္ရပ္ ေဝးေဝး လွမ္းၾကည့္တက္ဖို႔ သင္ေပးသူေတြျဖစ္တယ္။

၆။ လမ္းျပသူ သူငယ္ခ်င္း

သင့္စိတ္ကူး အေတြးေတြကို သန႔္ရွင္းကူညီေပးသူ လမ္းျပ အႀကံျပဳတဲ့ သူငယ္ခ်င္းမ်ိဳးျဖစ္တယ္။ လူတိုင္းမွာ လိုအပ္ ခ်က္အရ အကူအညီဆိုတာ လိုအပ္တယ္။ တစ္ခ်ိဳ႕အခက္ အခဲေတြကို သင့္ကိုယ္ပိုင္စြမ္းအားနဲ႕ ေျဖရွင္းဖို႔ မရတဲ့အခါ ဒီလို သူငယ္ခ်င္းမ်ိဳးက သင့္ကို စိတ္ပါလက္ပါ ကူညီၿပီး အသင့္ေတာ္ဆုံးအႀကံေတြကို ေပးတယ္။ သင္ စိတ္ရႈပ္ေထြး ေနတဲ့အခါသူတို႔ကို ရင္ဖြင့္နိုင္တယ္။ သူတို႔က ရႈပ္ေထြးေနတဲ့ သင့္စိတ္ကို ကူညီသန႔္ရွင္းၿပီး ၾကည္လင္တဲ့ ဘက္ကို လမ္းၫႊန္ေပးတယ္။

၇။ သင့္ကို အေဖာ္ျပဳတဲ့ သူငယ္ခ်င္း

ေကာင္းတဲ့ သတင္းပဲျဖစ္ျဖစ္ ဆိုးတဲ့ သတင္းပဲျဖစ္ျဖစ္သူတို႔ကို အရင္ သင္ေျပာျပတယ္။သူတို႔ဟာ သင္နဲ႕ အၿမဲအတူရွိေနတယ္။ဒီလို သူငယ္ခ်င္းမ်ိဳးက ပင္လယ္ ထက္က်ယ္တဲ့ ရင္ခြင္ရွိတယ္။ေတာင္တန္းေတြလို ျမင့္မားတဲ့ စိတ္သေဘာထားရွိတယ္။သူတို႔က ဘယ္အခ်ိန္ သင္သြားရွာ ခဲ့ ရွာခဲ့ သူတို႔က သင့္ကို ေႏြးေႏြးေထြးေထြးႀကိဳဆိုပါတယ္။ တစ္ခါတစ္ေလ ေျပာစရာစကားမ်ားမ်ားစားစား မရွိရင္ေန သင့္အနားမွာ သူတို႔ရွိတယ္ဆိုရင္ပဲ သင့္စိတ္ကို တည္ၿငိမ္ ေအးခ်မ္းေစပါတယ္။

သူငယ္ခ်င္းေတြနဲ႕ အၿမဲမဆက္သြယ္တိုင္း အၿမဲမေတြ႕ဆုံ တိုင္း ေမ့သြားၿပီလို႔ မဆိုနိုင္ပါဘူး။ သင့္ဘဝ တစ္သက္တာ မွာ စိတ္တူ ကိုယ္တူ သူငယ္ခ်င္း ေကာင္း ဘယ္ႏွစ္ေယာက္ ရွိနိုင္မလဲ။တကယ္လို႔ အထက္က သူငယ္ခ်င္းမ်ိဳးနဲ႕ ႀကဳံဆုံ
လာတဲ့အခါ သူတို႔ကို တန္ဖိုးထားျမတ္နိုးလိုက္ပါ။

Credit: Original Writer

Leave a Comment