success

ပိုက်ဆံစုနိုင်ဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်း (၄)ခု

#Unicode Version

 

ပိုက်ဆံစုပါဆိုတဲ့စကားက လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်သလို လူတိုင်းလည်း လုပ်ဆောင်ဖို့ ဆန္ဒရှိတဲ့ ကိစ္စတစ်ခုဖြစ်ပါ တယ်။ သို့ပေမယ့် အမှန်တကယ် ပိုက်ဆံစုရာမှာတော့ ထင်ထားသလောက်မလွယ်ကူသလို ပိုက်ဆံစစုတဲ့အချိန်မှာ တင် အခက်အခဲတွေများစွာ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ပိုက်ဆံစုဖို့အတွက် ရိုးရှင်းပြီး လက်တွေ့ကျတဲ့ နည်းဗျုဟာတချို့ကို မျှဝေပေးချင်ပါ တယ်။

(၁) ကုန်ကျစရိတ်ကိုမှတ်တမ်းလုပ်ပါ

ငွေစုဖို့အတွက် ပထမဆုံးခြေလှမ်းက လစဉ် ကိုယ်ဘယ် လောက်သုံးစွဲနေမိတယ်ဆိုတာကို မှတ်တမ်းတင်ဖို့ပါပဲ။ တစ်လအတွင်းမှာ ကိုယ့်အနေနဲ့ ဘယ်အရာတွေအတွက် ငွေကြေးဘယ်လောက်သုံးစွဲလိုက်တယ်ဆိုတာကို ခြေရာခံ နိုင်ရင် မလိုလားအပ်တဲ့ ငွေကုန်ကျမှုတွေကို သိလာနိုင်ပြီး အသုံးစရိတ်ကို သိသိလျော့ချနိုင်မှာဖြစ်ပါတယ်။မလိုအပ် တဲ့ငွေကုန်ပေါက်တွေကို ပိတ်နိုင်ခြင်းက ငွေစုဖို့အတွက် အလားအလာကောင်းတစ်ခုဖြစ်ပါတယ်။

(၂) ရည်မှန်းချက်တစ်ခုချမှတ်ပါ

 

ပိုက်ဆံစုဆောင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ငွေကြေးရည်မှန်းချက်တစ်ခုချမှတ်ခြင်းဖြစ်ပါတယ်။ တစ်နှစ်အတွင်း ငွေဘယ်လောက်စုဆောင်းမယ်၊ ကားဝယ် မယ်၊ အိမ်ဝယ်မယ်၊ အိမ်ထောင်ပြုမယ် စသည်ဖြင့် ကောင်းမွန်တဲ့ ရည်မှန်းချက်တစ်ခုအတွက် သင့်ရဲ့ ပိုက်ဆံစု ခြင်းကို စတင်ပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်အတိုင်း ခိုင်ခိုင် မာမာစိတ်ပိုင်းဖြတ်ပြီး ငွေစုမယ်ဆိုရင် အမှန်တကယ် ငွေစုဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။

(၃) ဝင်ငွေထွက်ငွေစိစစ်ပါ

ငွေကြေးဆိုင်ရာအခက်အခဲတွေမှာ အဖြစ်အများဆုံးက ဝင်ငွေထွက်ငွေမမျှတခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တစ်လမှာ ကိုယ်အတွက် ဝင်ငွေဘယ်လောက်ရှိတယ်။ ထွက်ငွေဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းပြုစုပါ။ ထွက်ငွေက ကိုယ်ရဲ့ လစဉ်ဝင်ငွေထက်ပိုများနေရင် ငွေစုဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝင်ငွေထွက်ငွေကိုတွက် ချက်ပြီး အသုံးစရိတ်ကို နည်းစနစ်ကျကျ စီမံခန့်ခွဲနိုင်မယ် ဆိုရင် ငွေစုဖို့အလားအလာပိုရှိလာနိုင်ပါတယ်။

(၄) အကြွေးတင်ခြင်းကိုနှုတ်ဆက်လိုက်ပါ

 

လစဉ်အကြွေးတင်နေခြင်းက ငွေစုနိုင်ဖို့အတွက်အကြီး မားဆုံး အတားအဆီးကြီးတစ်ခုဖြစ်ပါတယ်။ အကြွေးက သင့်ရဲ့ဝင်ငွေကို ဆုံးရှုံးစေပြီး လစဉ်လတိုင်းအကြွေးသံသ ရာလည်ကာ ချေးလိုက်ဆပ်လိုက်နဲ့ ငွေစုဖို့ဘက်တောင် လှည့်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် ငွေကြေးနဲ့ပတ်သတ်ပြီး အကြွေးမတင်မိအောင်နေပါ။ အကြွေးကင်းတဲ့ဘဝက ပျော်ရွှင်ဖို့ကောင်းပြီး ငွေကြေးစုဆောင်းနိုင်ဖို့အတွက်လည်း ပိုမိုလွယ်ကူစေနိုင်ပါတယ်။

#Zawgyi Version

ပိုက္ဆံစုနိုင္ဖို႔အတြက္ ရိုးရွင္းတဲ့နည္းလမ္း (၄)ခု

ပိုက္ဆံစုပါဆိုတဲ့စကားက လူတိုင္းနဲ႕ရင္းႏွီးၿပီးသားျဖစ္သလို လူတိုင္းလည္း လုပ္ေဆာင္ဖို႔ ဆႏၵရွိတဲ့ ကိစၥတစ္ခုျဖစ္ပါ တယ္။ သို႔ေပမယ့္ အမွန္တကယ္ ပိုက္ဆံစုရာမွာေတာ့ ထင္ထားသေလာက္မလြယ္ကူသလို ပိုက္ဆံစစုတဲ့အခ်ိန္မွာ တင္ အခက္အခဲေတြမ်ားစြာ ရင္ဆိုင္ရနိုင္ပါတယ္။ ဒါေၾကာင့္ ဒီေန႕မွာေတာ့ ပိုက္ဆံစုဖို႔အတြက္ ရိုးရွင္းၿပီး လက္ေတြ႕က်တဲ့ နည္းဗ်ဳဟာတခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါ တယ္။

(၁) ကုန္က်စရိတ္ကိုမွတ္တမ္းလုပ္ပါ

ေငြစုဖို႔အတြက္ ပထမဆုံးေျခလွမ္းက လစဥ္ ကိုယ္ဘယ္ ေလာက္သုံးစြဲေနမိတယ္ဆိုတာကို မွတ္တမ္းတင္ဖို႔ပါပဲ။ တစ္လအတြင္းမွာ ကိုယ့္အေနနဲ႕ ဘယ္အရာေတြအတြက္ ေငြေၾကးဘယ္ေလာက္သုံးစြဲလိုက္တယ္ဆိုတာကို ေျခရာခံ နိုင္ရင္ မလိုလားအပ္တဲ့ ေငြကုန္က်မႈေတြကို သိလာနိုင္ၿပီး အသုံးစရိတ္ကို သိသိေလ်ာ့ခ်နိဳင္မွာျဖစ္ပါတယ္။မလိုအပ္ တဲ့ေငြကုန္ေပါက္ေတြကို ပိတ္နိုင္ျခင္းက ေငြစုဖို႔အတြက္ အလားအလာေကာင္းတစ္ခုျဖစ္ပါတယ္။

(၂) ရည္မွန္းခ်က္တစ္ခုခ်မွတ္ပါ

ပိုက္ဆံစုေဆာင္းနိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းတစ္ခုက ေငြေၾကးရည္မွန္းခ်က္တစ္ခုခ်မွတ္ျခင္းျဖစ္ပါတယ္။ တစ္ႏွစ္အတြင္း ေငြဘယ္ေလာက္စုေဆာင္းမယ္၊ ကားဝယ္ မယ္၊ အိမ္ဝယ္မယ္၊ အိမ္ေထာင္ျပဳမယ္ စသည္ျဖင့္ ေကာင္းမြန္တဲ့ ရည္မွန္းခ်က္တစ္ခုအတြက္ သင့္ရဲ႕ ပိုက္ဆံစု ျခင္းကို စတင္ပါ။ ကိုယ့္ရဲ႕ ရည္မွန္းခ်က္အတိုင္း ခိုင္ခိုင္ မာမာစိတ္ပိုင္းျဖတ္ၿပီး ေငြစုမယ္ဆိုရင္ အမွန္တကယ္ ေငြစုျဖစ္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

(၃) ဝင္ေငြထြက္ေငြစိစစ္ပါ

ေငြေၾကးဆိုင္ရာအခက္အခဲေတြမွာ အျဖစ္အမ်ားဆုံးက ဝင္ေငြထြက္ေငြမမွ်တျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္လမွာ ကိုယ္အတြက္ ဝင္ေငြဘယ္ေလာက္ရွိတယ္။ ထြက္ေငြဘယ္ေလာက္ရွိတယ္ဆိုတာကို စာရင္းျပဳစုပါ။ ထြက္ေငြက ကိုယ္ရဲ႕ လစဥ္ဝင္ေငြထက္ပိုမ်ားေနရင္ ေငြစုဖို႔ ဆိုတာ မျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ ဝင္ေငြထြက္ေငြကိုတြက္ ခ်က္ၿပီး အသုံးစရိတ္ကို နည္းစနစ္က်က် စီမံခန႔္ခြဲနိုင္မယ္ ဆိုရင္ ေငြစုဖို႔အလားအလာပိုရွိလာနိုင္ပါတယ္။

(၄) အေႂကြးတင္ျခင္းကိုႏႈတ္ဆက္လိုက္ပါ

လစဥ္အေႂကြးတင္ေနျခင္းက ေငြစုနိုင္ဖို႔အတြက္အႀကီး မားဆုံး အတားအဆီးႀကီးတစ္ခုျဖစ္ပါတယ္။ အေႂကြးက သင့္ရဲ႕ဝင္ေငြကို ဆုံးရႈံးေစၿပီး လစဥ္လတိုင္းအေႂကြးသံသ ရာလည္ကာ ေခ်းလိုက္ဆပ္လိုက္နဲ႕ ေငြစုဖို႔ဘက္ေတာင္ လွည့္နိုင္မွာမဟုတ္ပါဘူး။ဒါေၾကာင့္ ေငြေၾကးနဲ႕ပတ္သတ္ၿပီး အေႂကြးမတင္မိေအာင္ေနပါ။ အေႂကြးကင္းတဲ့ဘဝက ေပ်ာ္႐ႊင္ဖို႔ေကာင္းၿပီး ေငြေၾကးစုေဆာင္းနိုင္ဖို႔အတြက္လည္း ပိုမိုလြယ္ကူေစနိုင္ပါတယ္။

 

Leave a Comment