success

ယောကျာ်းများအတွက် အောင်မြင်မှုအသီးအပွင့်ကို ယူဆောင်ပေးနိုင်မယ့် အကောင်းမြင်တတ်သောအကျင့်

သင့်ရဲ့ဘဝကို သင် ဘယ်လို တွေးမြင်ခံစားမိပါသလဲ။ ရေထည့်ထားတဲ့ဖန်ခွက်က တစ်ဝက်ပဲ ရေရှိတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ရေတစ်ဝက်အပြည့် ဖြည့်ထာားတယ်လို့ မြင်ပါသလား။ သင့်ရဲ့အမြင်က သင့်ရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

တကယ်လို့ သင့်မှာ အဆိုးမြင်ဝါဒီများသာ ပြည့်နှက်နေမယ်ဆိုရင် သင့်ရဲ့ဘဝသည်လည်း စိတ်ညစ်စရာများနှင့်သာ ပြည့်နှက်နေမှာပါ။ အခုဆက်လက်ဖော်ပြပေးမယ့်အချက်များကို ကြည့်မယ်ဆိုရင် ဘာ့ကြောင့် သင့်ရဲ့အဆိုးမြင်ဝါဒီကို ရပ်တန်းက ရပ်သင့်သလဲဆိုတာကို သိမြင်သွားပါလိမ့်မယ်။

အကောင်းမြင်စိတ်သည် ပိုမိုကျန်းမာစေပါတယ်

ရေများများသောက်ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အာဟာရမျှတသော အစားအစာများ စားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်စေသလိုပဲ အကောင်းမြင်စိတ်ရှိခြင်းသည်လည်း သင့်ရဲ့ကျန်းမာရေးကို တိုးမြှင့်ပေးပါတယ်။ ထိုအကောင်းမြင်စိတ်ကြောင့်ပဲ ကိုယ်ခံစွမ်းအား တက်လာပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

အနာဂတ်အတွက် ကောင်းမွန်ခြင်း

အကောင်းမြင်စိတ်ရှိခြင်းသည် သင့်ရဲ့ကမ္ဘာကို ပွင့်လင်းစေပါတယ်။ မကောင်းမြင်စိတ်များအပေါ်တွင် အာရုံထားမိနေပါက အတိတ်မှာပဲ ပိတ်မိနေမှာဖြစ်ပြီး အနာဂတ်အတွက်လည်း တက်လမ်းရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်သည် အကောင်းမြင်စိတ်များကို ခံစားမိနေမယ်ဆိုရင်တော့ ကောင်းသေးာ စိတ်ခံဏားချက်များ၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ အနာဂတ်အတွက် မျှော်လင့်ခြင်း အစရှိသည်တို့ကို ခံစားရပါလိမ့်မယ်။

တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားလာခြင်း

အကောင်းမြင်စိတ်နှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့သည် တစ်ခုနှင့်တစ်ခု ဒွန်တွဲနေတာပါ။ သင့်အနေနဲ့ အဆိုးမြင်စိတ်များနေပြီး စိတ်ဖိစီးမှုများနေပါက ဦးနှောက်က တီထွင်ကြံဆနိုင်စွမ်း လျော့ကျနေပါတယ်။ ဒါ့ကြောင့် မိမိရဲ့တီထွင်နိုင်စွမ်းကို မြင့်မားလာအောင် ကြံဆောင်ချင်တယ်ဆိုရင်တော့ အရာအားလုံးအပေါ် အကောင်းမြင်စိတ်မွေးမြူဖို့လိုပါတယ်။

ဒါဆိုရင် အကောင်းမြင်စိတ်ကို ဘယ်လိုမွေးမြူရမလဲ။

ပြုံးပါ

ပြုံးချင်စိတ်မရှိရင်တောင်မှ ဟန်ဆောင်ပြုံးပေးပါ။ များများပြုံးပေးလိုက်တဲ့အခါ အပြုံးက သင့်ဦးနှောက်က ပျော်ရွှင်စေတဲ့ဟော်မုန်းများ များများထုတ်လွှတ်ပေးအောင် ကူညီပေးနိုင်ပါတယ်။

ကူညီရိုင်းပင်းပါ

အခြားသူများကို ကူညီရိုင်းပင်းခြင်းသည် ပီတိများကို ခံစားရစေပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်များကိုလည်း ခံစားရစေပါတယ်။ တစ်နေ့လျှင် အကူအညီလိုသူတစ်ယောက်ကို တစ်ကြိမ်ခန့် ကူညီပေးရုံမျှနဲ့တင် သင့်ရဲ့စိတ်ခံစားချက်များ ကောင်းမွန်လာစေပါတယ်။

 

Zawgyi

သင့္ရဲ႕ဘဝကို သင္ ဘယ္လို ေတြးျမင္ခံစားမိပါသလဲ။ ေရထည့္ထားတဲ့ဖန္ခြက္က တစ္ဝက္ပဲ ေရရွိတယ္လို႔ ထင္ပါသလား။ ဒါမွမဟုတ္ ေရတစ္ဝက္အျပည့္ ျဖည့္ထာားတယ္လို႔ ျမင္ပါသလား။ သင့္ရဲ႕အျမင္က သင့္ရဲ႕ဘဝကို အဆုံးအျဖတ္ေပးႏိုင္ပါတယ္။

တကယ္လို႔ သင့္မွာ အဆိုးျမင္ဝါဒီမ်ားသာ ျပည့္ႏွက္ေနမယ္ဆိုရင္ သင့္ရဲ႕ဘဝသည္လည္း စိတ္ညစ္စရာမ်ားႏွင့္သာ ျပည့္ႏွက္ေနမွာပါ။ အခုဆက္လက္ေဖာ္ျပေပးမယ့္အခ်က္မ်ားကို ၾကည့္မယ္ဆိုရင္ ဘာ့ေၾကာင့္ သင့္ရဲ႕အဆိုးျမင္ဝါဒီကို ရပ္တန္းက ရပ္သင့္သလဲဆိုတာကို သိျမင္သြားပါလိမ့္မယ္။

အေကာင္းျမင္စိတ္သည္ ပိုမိုက်န္းမာေစပါတယ္

 

ေရမ်ားမ်ားေသာက္ျခင္း၊ ေလ့က်င့္ခန္းမွန္မွန္လုပ္ျခင္း၊ အာဟာရမွ်တေသာ အစားအစာမ်ား စားသုံးျခင္းသည္ က်န္းမာေရးအတြက္ ေကာင္းမြန္ေစသလိုပဲ အေကာင္းျမင္စိတ္ရွိျခင္းသည္လည္း သင့္ရဲ႕က်န္းမာေရးကို တိုးျမႇင့္ေပးပါတယ္။ ထိုအေကာင္းျမင္စိတ္ေၾကာင့္ပဲ ကိုယ္ခံစြမ္းအား တက္လာၿပီး စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

အနာဂတ္အတြက္ ေကာင္းမြန္ျခင္း

 

အေကာင္းျမင္စိတ္ရွိျခင္းသည္ သင့္ရဲ႕ကမာၻကို ပြင့္လင္းေစပါတယ္။ မေကာင္းျမင္စိတ္မ်ားအေပၚတြင္ အာ႐ုံထားမိေနပါက အတိတ္မွာပဲ ပိတ္မိေနမွာျဖစ္ၿပီး အနာဂတ္အတြက္လည္း တက္လမ္းရွိမွာမဟုတ္ပါဘူး။ ဒါေပမဲ့ သင္သည္ အေကာင္းျမင္စိတ္မ်ားကို ခံစားမိေနမယ္ဆိုရင္ေတာ့ ေကာင္းေသးာ စိတ္ခံဏားခ်က္မ်ား၊ ေပ်ာ္႐ႊင္မႈ၊ စိတ္လႈပ္ရွားမႈ၊ အနာဂတ္အတြက္ ေမွ်ာ္လင့္ျခင္း အစရွိသည္တို႔ကို ခံစားရပါလိမ့္မယ္။

တီထြင္ဖန္တီးႏိုင္စြမ္း ျမင့္မားလာျခင္း

 

အေကာင္းျမင္စိတ္ႏွင့္ တီထြင္ဖန္တီးႏိုင္စြမ္းတို႔သည္ တစ္ခုႏွင့္တစ္ခု ဒြန္တြဲေနတာပါ။ သင့္အေနနဲ႔ အဆိုးျမင္စိတ္မ်ားေနၿပီး စိတ္ဖိစီးမႈမ်ားေနပါက ဦးေႏွာက္က တီထြင္ႀကံဆႏိုင္စြမ္း ေလ်ာ့က်ေနပါတယ္။ ဒါ့ေၾကာင့္ မိမိရဲ႕တီထြင္ႏိုင္စြမ္းကို ျမင့္မားလာေအာင္ ႀကံေဆာင္ခ်င္တယ္ဆိုရင္ေတာ့ အရာအားလုံးအေပၚ အေကာင္းျမင္စိတ္ေမြးျမဴဖို႔လိုပါတယ္။

ဒါဆိုရင္ အေကာင္းျမင္စိတ္ကို ဘယ္လိုေမြးျမဴရမလဲ။

ၿပဳံးပါ

 

ၿပဳံးခ်င္စိတ္မရွိရင္ေတာင္မွ ဟန္ေဆာင္ၿပဳံးေပးပါ။ မ်ားမ်ားၿပဳံးေပးလိုက္တဲ့အခါ အၿပဳံးက သင့္ဦးေႏွာက္က ေပ်ာ္႐ႊင္ေစတဲ့ေဟာ္မုန္းမ်ား မ်ားမ်ားထုတ္လႊတ္ေပးေအာင္ ကူညီေပးႏိုင္ပါတယ္။

ကူညီ႐ိုင္းပင္းပါ

 

အျခားသူမ်ားကို ကူညီ႐ိုင္းပင္းျခင္းသည္ ပီတိမ်ားကို ခံစားရေစၿပီး ေကာင္းမြန္တဲ့ စိတ္ခံစားခ်က္မ်ားကိုလည္း ခံစားရေစပါတယ္။ တစ္ေန႔လွ်င္ အကူအညီလိုသူတစ္ေယာက္ကို တစ္ႀကိမ္ခန႔္ ကူညီေပး႐ုံမွ်နဲ႔တင္ သင့္ရဲ႕စိတ္ခံစားခ်က္မ်ား ေကာင္းမြန္လာေစပါတယ္။

 

 

 

Leave a Comment