Daily News

ပုံမှန်ကလေးထက် ပိုထွားနေတဲ့သားဖြစ်သူကို ၁၀ လကိုယ်ဝန်လွယ်မွေးဖွားခဲ့ရပြီးနောက် ၃လလောက်အိပ်ရာထဲလဲခဲ့ရကြောင်းကို ပြောပြလာတဲ့ မိခင်

Ghana နိုင်ငံ Volta ဒေသမှ အရပ်အမြင့်ဆုံးလူသားအဖြစ် သတ်မှတ်ခံထားရတဲ့ Charles Sogli ၏မိခင်ဖြစ်သူ Comfort Agbafufu ဟာ သူမရဲ့ ၁၀ လသားကိုယ်ဝန်ဆောင်ချိန်ကိုဘယ်လိုကြံ့ကြံ့ခံခဲ့ပုံကို ပြန်လည်ပြောပြခဲ့ပါတယ်။ Agbafufu ၏အဆိုအရ သူမဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စိန်ခေါ်မှုများစွာကိုကြုံတွေ့ခဲ့ရပြီး ယခုလက်ရှိ ထွားကျိုင်းလွန်းတဲ့သားဖြစ်သူကို မွေးဖွားပြီးနောက်မှာလည်း ခါးနာဝေဒနာများနှင့်အတူ အခြားသော ခံစားရခက်တဲ့ဝေဒနာများကိုပါ ကြုံတွေ့ခဲ့ရပါတယ်။ Ghana News Agency (GNA) နှင့်တွေ့ဆုံစကားပြောတဲ့အခါ Charles Sogli ၏မိခင်က သူမရဲ့သားဖြစ်သူအား ၁၀ လကြာအထိ ကိုယ်ဝန်လွယ်ထားရခြင်းက သူမအတွက် အခက်ခဲဆုံးဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ “ သူ့ကို လွယ်ထားရတာက အရမ်းအဆင်မပြေဖြစ်ခဲ့ရတယ်၊ အချိန်တစ်ခုအထိ ကျွန်မအများကြီးခံစားခဲ့ရတယ်၊ သူ့ကို ဆယ်လမှာ မွေးခဲ့တယ် … အဲဒီ့အချိန်တုန်းက ငါတို့ဒေသမှာ ဆေးရုံကမရှိသလောက်ဘဲ။

ဒါကြောင့် သူ့ကို အိမ်မှာမွေးခဲ့ရတာ၊ အံ့ဩစရာကောင်းတာက သူက သူ့ခေါင်းနဲ့လက်တွေကို တစ်ခါတည်းတွဲပြီး ထွက်လာခဲ့တာဘဲ ” ဟု မိခင်ဖြစ်သူက ဆိုခဲ့ပါတယ်။

သားဖြစ်သူမွေးဖွားပြီးနောက်တွင် မိခင် Agbafufu ဟာ သူမအတွက် အသက်အန္တရာယ်များလွန်းတဲ့လုပ်ငန်းစဉ်ကြောင့် လေဖြတ်လုနီးပါးဖြစ်ကာ အိပ်ရာထဲမှာ သုံးလခန့်လဲနေခဲ့ရကြောင်း ပြန်ပြောပြခဲ့ပါတယ်။ သူမ၏အဆိုအရ Sogli ၏ကိုယ်အလေးချိန်နှင့်ထူးခြားတဲ့ခြေလက်များဟာ ဒေသခံများအား ကြောက်ရွံ့စေခဲ့ပါတယ်။

“ သူက အတော်လေးကို ကြီးပြီး အရှည်တယ် ၊ သူ့လက်ချောင်းတွေက ထူတော့ လူတွေ သူ့ကိုတွေ့တဲ့အခါ သူ့ကိုမွေးထုတ်ပေးခဲ့တဲ့ ကျွန်မရဲ့စွမ်းရည်ကို တအံ့တဩနဲ့ ဖော်ပြခဲ့ကြပြီး အချို့ကလည်း ကြောက်လန့်နေကြတယ် ၊ သူ့ကို ကလေးတစ်ယောက်လိုသယ်ရတာမလွယ်ကူဘူး၊ သူ့ကိုကျောမှာသိုင်းချီဖို့ ပုဆိုးနှစ်ထည်ကိုတောင် သုံးခဲ့ရတယ် ” ဟု မိခင်ဖြစ်သူ ဆက်လက်ပြောပြခဲ့ပါတယ်။ ထို့အပြင် သားဖြစ်သူ Charles ဟာ မသန်စွမ်းမှုနှင့်ကျန်းမာရေးချို့တဲ့တဲ့အခြေအနေမျိုးမရှိဘဲ မွေးဖွားလာခဲ့ပေမဲ့ သူဟာ အသက်တစ်နှစ်ခွဲခန့်တွင် သူ့ရဲ့ပထမဆုံးခြေလှမ်းများကို စတင်လှမ်းခဲ့သလို သူဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီး အစားခလည်း အများကြီးစားခဲ့ပါတယ်။

ဖခင်ဖြစ်သူ Francis Agbafufu ကလည်း Charles ဟာ အသက် ၃နှစ်အရွယ်ကတည်းက အလုပ်စလုပ်ခဲ့ပြီး မိသားစုဝင် ခုနှစ်ယောက်ထဲမှ သူသာ ထူးခြားတဲ့အသွင်အပြင်များရှိကြောင်း ပြောကြားခဲ့ပါတယ်။ Charles Sogli အား ဂါနာနိုင်ငံ Agotime-Ziope ခရိုင်ရှိ သူ့ရဲ့ဇာတိမြို့ Ziope ရှိ စိုက်ပျိုးရေးသမားများက အများအားဖြင့် “ထူးခြားတဲ့ကောင်လေး” ဟု မြင်ကြပါတယ်။

အရပ်အမြင့် ၇ ပေ ၁၀ လက်မ နှင့် ခြေထောက်အရွယ်အစား ၁၆ လက်မခန့်ရှိတဲ့ Charles ဟာ ဖိနပ် size အတွက် ကျောင်းမှစောစောထွက်ကာ Volta ဒေသရှိ သတ္တုထည်ထုတ်လုပ်သူတစ်ဦးအဖြစ် အလုပ်သင်တက်ခဲ့ပါတယ်။ လက်ရှိမှာ သူ့အတွက် အကြီးဆုံးစိန်ခေါ်မှုကတော့ သူ့ရဲ့အရပ်အမြင့်ကြောင့် ယာဉ်များတက်စီးရန် ခက်ခဲခြင်းဘဲ ဖြစ်ပါတယ်။

Charles ဟာ လာမည့်နှစ်တွင် သူ့ရဲ့အလုပ်သင်ကာလကို ပြီးမြောက်မည်ဖြစ်ပြီး ခေတ်မီသတ္ထုထည်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် တည်ထောင်ရန်လည်း မျှော်လင့်နေပါတယ်။ Charles ရဲ့အစ်မဖြစ်သူကလည်း Charles အား ပြုစုပျိုးထောင်ခဲ့စဉ်က သူမနှင့်မိသားစုဝင်များအတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်းပါ ပြောပြခဲ့ပါသေးတယ်။

Mia (KB Chimmy One)

Reference : legit

Leave a Comment