Daily News

ဖခင်ရဲ့အလုပ်ကို အရှက်ရနေခဲ့ပေမဲ့ နောက်ဆုံး ဘွဲ့ရတဲ့နေ့မှာတော့ အမှိုက်ကားမောင်းတဲ့ဖခင်ကို နောင်တကြီးစွာ ဒူးထောက်ဦးညတ်ခဲ့တဲ့ ကောင်လေး

လူအများစု၏အမြင်မှာ ဘွဲ့ရရှိခြင်းက သင့်အားလေးစားစရာတစ်ခုဖြစ်စေပါတယ်။ သို့သော်ထိုင်းနိုင်ငံရှိ လူငယ်လေး Klanarong Srisakul အတွက်ကတော့ ဂုဏ်ထူးဆောင်ဘွဲ့ရရန် မလွယ်ကူလွန်းတာကြောင့် ၎င်းဟာ သူ့အတွက် အလွန်ပင်ထူးခြားလှပါတယ်။ Klanarong ၏ဖခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ကောလိပ်ပညာရေးအတွက် လစာပေးရန် အမှိုက်သိမ်းကားမောင်းသမားအဖြစ် အလုပ်လုပ်နေခဲ့ပါတယ်။ ထို့ကြောင့် Klanarong ဟာ ဘွဲ့ယူတဲ့နေ့မှာ အလုပ်ကြိုးစားပြီး သူ့အား ဘွဲ့ရအောင်စွမ်းဆောင်ပေးခဲ့တဲ့ဖခင်ဖြစ်သူအတွက် လွန်စွာ ဂုဏ်ယူနေခဲ့ရပါတယ်။

ထိုနေ့မှာ Klanarong ဟာ အမှိုက်ကားရှေ့မှာရပ်နေတဲ့ဖခင်ဖြစ်သူအား ဒူးထောက်ဦးညွှတ်ရင်း ဖခင်ဖြစ်သူရဲ့ထောက်ပံ့ပေးမှုများအားလုံးအတွက်ကို ကျေးဇူးတင်နေခဲ့ပါတယ်။ Klanarong ဟာ ငယ်စဉ်အခါက အမှိုက်သိမ်းကားမောင်းသူဖြစ်တဲ့ဖခင်ရဲ့အလုပ်က အရှက်ရစေကြောင်း ညည်းညူခဲ့ပါတယ်။

ထို့အပြင် ဖခင်ဖြစ်သူအား စစ်တပ်နှင့်ရဲတပ်ဖွဲ့တွင်အသက်မွေးဝမ်းကျောင်းနေခဲ့တဲ့အတန်းဖော်များရဲ့ဖခင်များနှင့်လည်း နှိုင်းယှဉ်ခဲ့ပါသေးတယ်။ Klanarong ဟာ ကြီးပြင်းလာသည်နှင့်အမျှ သူ့ဖခင်ရဲ့မိသားစုဟာ ငယ်စဉ်ကတည်းကပင် ဆင်းရဲနေခဲ့တာကို သိလာခဲ့ရပါတယ်။

ဖခင်ဖြစ်သူမှာ အစ်ကိုအများကြီးရှိပြီး ဖခင်ဖြစ်သူဟာ မိဘများအား လယ်လုပ်ကူညီပေးခဲ့ရတာကြောင့် အထက်တန်းကျောင်းတောင် မတက်နိုင်ခဲ့ပါဘူး။ ဘဝကအရမ်းခက်ခဲပေမဲ့လည်း ဖခင်ဟာ သားဖြစ်သူကို ဘယ်တော့မှဒုက္ခမပေးခဲ့သလို Klanarong လိုချင်တဲ့အရာမှန်သမျှကိုလည်း အမြဲထုတ်ပေးခဲ့ပါတယ်။ ဖခင်ဟာ Klanarong ကိုအိမ်မှုကိစ္စကူညီဖို့ဘယ်တော့မှမတောင်းဆိုခဲ့ဖူးသလို သူ့အား စာသင်တာကိုပဲ အာရုံစိုက်စေချင်ခဲ့ပါတယ်။

အဲဒီအတွက်ကြောင့်လည်း ဖခင်ဟာ သူ့အလုပ်အပေါ် ကြီးမားတဲ့စိတ်ခံစားချက်မျိုးလည်းမရှိခဲ့ပါဘူး။ Klanarong ဟာ စစ်တက္ကသိုလ်သို့ ၀င်ရန်စဉ်းစားခဲ့သော်လည်း စာမေးပွဲမအောင်ခဲ့ပါဘူး။ သူဟာ တဖြည်းဖြည်းနဲ့စိတ်ပျက်လာခဲ့ပေမယ့်လည်း သူ့မိသားစုရဲ့ပံ့ပိုးမှုကို အမြဲရရှိခဲ့ရပါတယ်။

Klanarong ဘွဲ့ရတဲ့နေ့မှာတော့ ဖခင်ဖြစ်သူဟာ အရမ်းစိတ်လှုပ်ရှားကာ ပျော်ရွှင်စွာ ငိုကြွေးနေခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ မိသားစုရဲ့ခက်ခဲတဲ့အခြေအနေကြားကနေတောင် သားဖြစ်သူက ဘွဲ့ယူနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ မိဘတွေက ကျွန်တော်တို့အတွက် ဘာလုပ်တွေအများကြီးလုပ်ပေးခဲ့လဲဆိုတာကို ပြန်စဉ်းစားကြည့်တတ်ကြရပါမယ်။ ထို့အပြင် မိဘများအား ကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့အား သင့်ရဲ့ချစ်ခြင်းမေတ္တာကို နောင်တမရှိဘဲ ရဲရင့်စွာ ပြသပေးဖို့ အမြဲသတိရပါလို့ မှာခဲ့ချင်ပါတယ်ဗျ။

Mia (KB Chimmy One)

Leave a Comment