Mon. Jun 5th, 2023
#Unicode Version
ကျွန်တော်တို့ တစ်နေ့တာ ကုန်ဆုံးသွားတယ်။ တကယ်ပျော် ကြပြီးလား ဘာအကြောင်းနဲ့မှ ကိုယ့်ကိုကိုယ် စိတ်ညစ် အောင်တော့ မနေပါနဲ့ ကိုယ့်အတွက်ကြောင့် သူတစ်ပါးကို စိတ်မညစ်ပါစေနဲ့။
သူများအတွက်ကြောင့်လည်း ကိုယ့်ကိုကိုယ် စိတ်ညစ်မခံ ပါနဲ့။ ပျင်းနေရင် စာဖတ်ပါ။ သီချင်းနားထောင်ပါ။
တကယ်စိတ်ညစ်စရာ ကြုံလာခဲ့ရင်လည်း ဘုရားတရား စာတွေရွတ်ဖတ်ပေးခြင်းက စိတ်ကိုတည်ငြိမ်အေးချမ်း
လာစေပါတယ်။ စိတ်ပျော်ရင် စိတ်ချမ်းသာမယ်။
စိတ်ချမ်းသာရင် လူကိုကျန်းမာစေပါတယ်။
လူကျန်းမာမှ လူချမ်းသာဘဝကိုရမှာပါ။
မိသားစုကိုချစ်ပါ။ ကိုယ့်ကိုကိုယ်လည်းချစ်ပါ။
နောက်ဖြစ်လာမဲ့ အရာတွေကိုတွေးပြီး စိတ်ပူနေမဲ့အစား ကျွန်တော်တို့ ဒီနေ့ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်သွားမယ်ဆိုရင် နောင်အနာဂတ်မှာလည်း ကောင်းတဲ့အရာတွေရလာမှာပါ။
အချိန်ကိုတန်ဖိုးထားပါ။ တစ်မိနစ်ကို တန်ဖိုးမထားရင် တစ်နာရီ တစ်ရက်ဆိုတာ တန်ဖိုးနည်းသွားပါတယ်။
ဘုရား တရား သံဃာ မိဘ ဆရာသမားကိုလည်း မမေ့ပါနဲ့။ ငါးပါသီလကိုလည်း အတတ်နိုင်ဆုံး ထိန်းပါ။ အဲ့ဒါမှ ယခု ကျရောက်နေတဲ့ အန္တရာယ်ကပ်ဘေးဆိုးမှ ကင်းလွတ်ဝေး ကွာပြီး ဘဝမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေ ပြည့်စုံလာမှာပါ။
ဘယ်အရာမဆို သူ့တန်ဖိုးနဲ့ သူတော့ရှိပါတယ်။ တန်ဖိုးကို သိမှ တန်ဖိုးရှိတာပါ။ တန်ဖိုးကိုသိပြီး ပျော်ရွှင် ချမ်းမြေ့တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။
လိုအပ်တာလေးရှိရင် အကြံပေးပါ။
ပညာရှင်မဟုတ်ပါ ဝါသနာရှင်ပါ။
Credit: Original Writer
Sharing By: #One Daily Media
#Zawgyi Version
“ဘဝမှာ ပျော်အောင်နေပါ”
Enjoy life
နောက်ဖြစ်လာမဲ့ အရာတွေကိုတွေးပြီး စိတ်ပူနေမဲ့အစား ကျွန်တော်တို့ ဒီနေ့ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်သွားမယ်ဆိုရင် နောင်အနာဂတ်မှာလည်းေ ကာင်းတဲ့အရာတွေရလာမှာပါ။
Leave a Reply
Your email address will not be published. Required fields are marked *