Tue. Oct 26th, 2021

ချမ်းသာသူ နဲ့ ဆင်းရဲသူ တို့ကြား မတူကွဲပြား‌သော အကျင့်စရိုက် (၁၀)ချက်

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ (၂၆) ဦးဟာ ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ(၃.၈)ဘီလီယံ နဲ့ညီမျှနေခြင်းမှာ တရားမျှတမှု မရှိဘူးလို့ ထင်ရပါတယ်။သို့သော် နောက်ကွယ်မှာတော့ ထိုသူတို့ရဲ့ ချမ်းသာကြွယ်ဝလာမှုအတွက် အထောက်အပံ့ပေးခဲ့တဲ့ နေထိုင်ပုံအကျင့်စရိုက်နဲ့ အကြောင်းတရားများစွာရှိနေပါတယ်။

လူအယောက်စီတိုင်း ရိုးသားစွာ ကြွယ်ဝချမ်းသားမှုအတွက် အခွင့်အလမ်းများ လုံလောက်စွာရရှ်ိနိုင်ရန် ရည်ရွယ်၍ သူဌေး သူကြွယ်များ၏ အကျင့်စရိုက် (၁၀)ချက်ကို စုစည်းဖော်ပြပေးချင်ပါတယ်။

 

(၁) မျှဝေပေးကမ်းတတ်ခြင်း

ချမ်းသာကြွယ်ဝသူများအနက် (၇၉)ရာခိုင်နှုန်းဟာ အလှူအတန်းကိစ္စများအတွက် အချိန်ရောငွေပါ အသုံးပြုလေ့ရှိပါတယ်။ ပေးကမ်းစွန့်ကြဲတတ်သူဟာ နှလုံးလှသည်သာမက ချမ်းသာပြည့်စုံသော ဘဝကိုပိုင်ဆိုင်ရကြပါတယ်။အချို့သော လောဘသမားများအား ငွေကို သုံးဖြုန်းရန်သာ ရှာဖွေတတ်ကြသော်လည်း ကြွယ်ဝချမ်ူသာသူများကတော့ လိုအပ်သည့် နေရာများကို အကျိုးကြောင်းဆီလျော်စွာ ကူညီထောက်ပံ့ကြပါတယ်။

(၂)မငြင်းပယ်တတ်ခြင်း

 

သင်ဟာ တစ်စုံတစ်ယောက် အတွေးအမြင်များကို တစ်နေ့ဘယ်နှစ်ကြိမ် ငြင်းပယ်ပစ်လေ့ရှိလဲ ပြန်သုံးသပ်ကြည့်ပါ။ ပြသာနာ အခက်အခဲများကို ဖြေရှင်းရန်ငြင်းဆိုခြင်းထက် စိတ်ရှည်သည်းခံမှုဖြင့် အချိန်ပေးစဉ်းစားပြီး အောင်မြင်သည်အထိ ဖြေရှင်းသင့်ပါတယ်။

(၃) အတင်းတုပ်လေ့မရှိခြင်း

အတင်းပြောခြင်းသာ လူမှုဆက်ဆံရေးနှင့် အောင်မြင်မှုတံခါးများကို ထိခိုက်စေပါတယ်ချမ်းသာကြွယ်ဝသူတို့ဟာ တစ်စုံတစ်ယောက်အကြောင်းကို ထိုသူနောက်ကွယ်မှာ အတင်းပြောလေ့မရှိပါဘူး။ ပြသာနာတစ်ခုကို အတင်းမပြောပဲ တိုက်ရိုက်ညှိနှိုင်းဖြေရှင်းတတ်ခြင်းဖြင့် လူမှုဆက်ဆံရေးတိုးတက်ကောင်းမွန်စေမှာပါ။

(၄) ဆန္ဒရှိရုံသာမဟုတ် ၊ ပန်းတိုင်ရှိခြင်း

အောင်မြင်မှုပန်းတိုင်အတွက် လိုအပ်သည့် ကြိုးစားမှုများကို တိကျစွာလေ့လာပြီး အရောက်သွားပါ။ မကြိုးစားဘဲ ဆုတောင်းနေခြင်းက အောင်မြင်မှုမရနိုင်ပါဘူး။

(၅) ဖြတ်လမ်း မလိုက်ပါနဲ့

ကိုယ်ပိုင်အစွမ်းအစဖြင့် သန်းကြွယ်သူဌေးဖြစ်လာခဲ့သူ Thomas Corley က လောင်းကစား နှင့် ထီထိုးခြင်း များကို အားကိုးမှုကြောင့် မချမ်းသာလာနိုင်ကြောင်း ပြောဆိုပါတယ်။အရာရာကို အမျှော်အမြင်ရှိရှိ တွက်ချက်ပြီး ကိုယ်တိုင်ကြိုးစားရပါမယ်။ ကံကိုယုံ၍ ပုံအပ်ခြင်းမျိုးဟာ တိကျသေချာသော လမ်းစ မရှိပါဘူး။

(၆) စာများများဖတ်ခြင်း

Bill Gates ဟာ တစ်နှစ်ကိုစာအုပ်ရေပေါင်း (၅၀)ခန့် ဖတ်ပါတယ် ။ စာဖတ်ခြင်းဟာ ချမ်းသာကြွယ်ဝမှုအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါတယ်။အပျော်ဟာသ စာအုပ်များဖတ်ခြင်းမျိုး မဟုတ်ပဲ ဘဝတိုးတက်ရေးအတွက် ပညာဗဟုသုတနှင့် အတွေးအခေါ်သစ်များ ပေးစွမ်းနိုင်သော စာအုပ်များကို ဆိုလိုပါတယ်။ (၇၉)ရာခိုင်နှုန်းသော ဆင်းရဲချို့တဲ့သူများဟာ ဖျော်ဖြေရေး စာအုပ်များကိုသာ ဖတ်လေ့ရှိပါတယ်။

(၇)မကြွားဝါတတ်ခြင်း

အမှန်တကယ် ချမ်းသာကြွယ်ဝသူတို့ဟာ နောက်ဆုံး‌ပေါ် လက်ကိုင်အိတ်များ ၊ ကားများ ဖြင့်ကြွားဝါလေ့မရှိဘဲ အနေထိုင်ပိရိကြပါတယ်။ သင့်အိမ်နီးချင်းဟာ သင်မရိပ်မိနိုင်သော ဘီလျံနာတစ်ယောက်လဲ ဖြစ်နေနိုင်ပါတယ်။

(၈) ပြုံးပါ

အပြုံးဟာ လူတစ်ယောက်ကို ပထမဆုံး စတင်သတိထားမိစေသော အရာဖြစ်ပါတယ်။အပြုံးကြောင့်ပင် သင့်ပုံရိပ်ကို ခန့်မှန်းမိနိုင်စေပါတယ်။ထို့အတွက် ခံတွင်းရနံ့ နှင့် သွားများ၏ဖြူစင်မှုကိုလည်း အထူးဂရုပြုရပါမယ်။

(၉) အကြွေးကင်းရှင်းခြင်း

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် David Ramsey က ချမ်းသာချင်ရင် အကြွေးကင်းအောင် နေရမယ်လို့ ဆိုပါတယ်။ ဝယ်ချင်တစ်ခုခုရှိရင် ပိုက်ဆံစုပြီးမှ ဝယ်ပါ။ ” ချေးငှားခြင်းဟာ ချမ်းသာခြင်းရဲ့ အတားအဆီး” ပါလို့ David Ramsey က အကြံပြုထားပါတယ်။

(၁၀) တစ်ကိုယ်တည်းမနေခြင်း

ချမ်းသာကြွယ်ဝသူများမှာ အသင်းအဖွဲ့ရှိကြပါတယ်။မည်သူမှ အရာရာကို တစ်ကိုယ်တည်းမဖြေရှင်းနိုင်ကြပါဘူး။ မိမိတို့မသိသော ကိစ္စရပ်များတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ပိုမိုကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ယူကြရပါတယ်။ ကျွမ်းကျင်သူ တစ်စုံတစ်ယောက်ထံမှ အကြံဉာဏ် တောင်းခံခြင်းဟာ ရှက်စရာမဟုတ်ပါဘူး။

ထို့ကြောင့် အောင်မြင်မှုအတွက် သင့်ရဲ့ကိုယ်ပိုင်အယူအဆနဲ့ အကျင့်စရိုက်များရှိရင်လဲ ဝေမျှရေးသားပေးခဲ့နိုင်ပါတယ်။

Rft BrightSide

Written One Daily Media

Zawgyi

ခ်မ္းသာသူ နဲ႔ ဆင္းရဲသူ တို႔ၾကား မတူကြဲျပား‌ေသာ အက်င့္စ႐ိုက္ (၁၀)ခ်က္

ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာ (၂၆) ဦးဟာ ကမာၻ႔အဆင္းရဲဆုံး လူဦးေရ(၃.၈)ဘီလီယံ နဲ႔ညီမွ်ေနျခင္းမွာ တရားမွ်တမႈ မရွိဘူးလို႔ ထင္ရပါတယ္။သို႔ေသာ္ ေနာက္ကြယ္မွာေတာ့ ထိုသူတို႔ရဲ႕ ခ်မ္းသာႂကြယ္ဝလာမႈအတြက္ အေထာက္အပံ့ေပးခဲ့တဲ့ ေနထိုင္ပုံအက်င့္စ႐ိုက္နဲ႔ အေၾကာင္းတရားမ်ားစြာရွိေနပါတယ္။
လူအေယာက္စီတိုင္း ႐ိုးသားစြာ ႂကြယ္ဝခ်မ္းသားမႈအတြက္ အခြင့္အလမ္းမ်ား လုံေလာက္စြာရရွ္ိႏိုင္ရန္ ရည္႐ြယ္၍ သူေဌး သူႂကြယ္မ်ား၏ အက်င့္စ႐ိုက္ (၁၀)ခ်က္ကို စုစည္းေဖာ္ျပေပးခ်င္ပါတယ္။

(၁) မွ်ေဝေပးကမ္းတတ္ျခင္း

ခ်မ္းသာႂကြယ္ဝသူမ်ားအနက္ (၇၉)ရာခိုင္ႏႈန္းဟာ အလႉအတန္းကိစၥမ်ားအတြက္ အခ်ိန္ေရာေငြပါ အသုံးျပဳေလ့ရွိပါတယ္။ ေပးကမ္းစြန႔္ႀကဲတတ္သူဟာ ႏွလုံးလွသည္သာမက ခ်မ္းသာျပည့္စုံေသာ ဘဝကိုပိုင္ဆိုင္ရၾကပါတယ္။အခ်ိဳ႕ေသာ ေလာဘသမားမ်ားအား ေငြကို သုံးျဖဳန္းရန္သာ ရွာေဖြတတ္ၾကေသာ္လည္း ႂကြယ္ဝခ်မ္ူသာသူမ်ားကေတာ့ လိုအပ္သည့္ ေနရာမ်ားကို အက်ိဳးေၾကာင္းဆီေလ်ာ္စြာ ကူညီေထာက္ပံ့ၾကပါတယ္။

(၂)မျငင္းပယ္တတ္ျခင္း

သင္ဟာ တစ္စုံတစ္ေယာက္ အေတြးအျမင္မ်ားကို တစ္ေန႔ဘယ္ႏွစ္ႀကိမ္ ျငင္းပယ္ပစ္ေလ့ရွိလဲ ျပန္သုံးသပ္ၾကည့္ပါ။ ျပသာနာ အခက္အခဲမ်ားကို ေျဖရွင္းရန္ျငင္းဆိုျခင္းထက္ စိတ္ရွည္သည္းခံမႈျဖင့္ အခ်ိန္ေပးစဥ္းစားၿပီး ေအာင္ျမင္သည္အထိ ေျဖရွင္းသင့္ပါတယ္။

(၃) အတင္းတုပ္ေလ့မရွိျခင္း

အတင္းေျပာျခင္းသာ လူမႈဆက္ဆံေရးႏွင့္ ေအာင္ျမင္မႈတံခါးမ်ားကို ထိခိုက္ေစပါတယ္ခ်မ္းသာႂကြယ္ဝသူတို႔ဟာ တစ္စုံတစ္ေယာက္အေၾကာင္းကို ထိုသူေနာက္ကြယ္မွာ အတင္းေျပာေလ့မရွိပါဘူး။ ျပသာနာတစ္ခုကို အတင္းမေျပာပဲ တိုက္႐ိုက္ညႇိႏႈိင္းေျဖရွင္းတတ္ျခင္းျဖင့္ လူမႈဆက္ဆံေရးတိုးတက္ေကာင္းမြန္ေစမွာပါ။

(၄) ဆႏၵရွိ႐ုံသာမဟုတ္ ၊ ပန္းတိုင္ရွိျခင္း

ေအာင္ျမင္မႈပန္းတိုင္အတြက္ လိုအပ္သည့္ ႀကိဳးစားမႈမ်ားကို တိက်စြာေလ့လာၿပီး အေရာက္သြားပါ။ မႀကိဳးစားဘဲ ဆုေတာင္းေနျခင္းက ေအာင္ျမင္မႈမရႏိုင္ပါဘူး။

(၅) ျဖတ္လမ္း မလိုက္ပါနဲ႔

ကိုယ္ပိုင္အစြမ္းအစျဖင့္ သန္းႂကြယ္သူေဌးျဖစ္လာခဲ့သူ Thomas Corley က ေလာင္းကစား ႏွင့္ ထီထိုးျခင္း မ်ားကို အားကိုးမႈေၾကာင့္ မခ်မ္းသာလာႏိုင္ေၾကာင္း ေျပာဆိုပါတယ္။အရာရာကို အေမွ်ာ္အျမင္ရွိရွိ တြက္ခ်က္ၿပီး ကိုယ္တိုင္ႀကိဳးစားရပါမယ္။ ကံကိုယုံ၍ ပုံအပ္ျခင္းမ်ိဳးဟာ တိက်ေသခ်ာေသာ လမ္းစ မရွိပါဘူး။

(၆) စာမ်ားမ်ားဖတ္ျခင္း

Bill Gates ဟာ တစ္ႏွစ္ကိုစာအုပ္ေရေပါင္း (၅၀)ခန႔္ ဖတ္ပါတယ္ ။ စာဖတ္ျခင္းဟာ ခ်မ္းသာႂကြယ္ဝမႈအတြက္ အေထာက္အပံ့ေကာင္းတစ္ခု ျဖစ္ပါတယ္။အေပ်ာ္ဟာသ စာအုပ္မ်ားဖတ္ျခင္းမ်ိဳး မဟုတ္ပဲ ဘဝတိုးတက္ေရးအတြက္ ပညာဗဟုသုတႏွင့္ အေတြးအေခၚသစ္မ်ား ေပးစြမ္းႏိုင္ေသာ စာအုပ္မ်ားကို ဆိုလိုပါတယ္။ (၇၉)ရာခိုင္ႏႈန္းေသာ ဆင္းရဲခ်ိဳ႕တဲ့သူမ်ားဟာ ေဖ်ာ္ေျဖေရး စာအုပ္မ်ားကိုသာ ဖတ္ေလ့ရွိပါတယ္။

(၇)မႂကြားဝါတတ္ျခင္း

အမွန္တကယ္ ခ်မ္းသာႂကြယ္ဝသူတို႔ဟာ ေနာက္ဆုံး‌ေပၚ လက္ကိုင္အိတ္မ်ား ၊ ကားမ်ား ျဖင့္ႂကြားဝါေလ့မရွိဘဲ အေနထိုင္ပိရိၾကပါတယ္။ သင့္အိမ္နီးခ်င္းဟာ သင္မရိပ္မိႏိုင္ေသာ ဘီလ်ံနာတစ္ေယာက္လဲ ျဖစ္ေနႏိုင္ပါတယ္။

(၈) ၿပဳံးပါ

အၿပဳံးဟာ လူတစ္ေယာက္ကို ပထမဆုံး စတင္သတိထားမိေစေသာ အရာျဖစ္ပါတယ္။အၿပဳံးေၾကာင့္ပင္ သင့္ပုံရိပ္ကို ခန႔္မွန္းမိႏိုင္ေစပါတယ္။ထို႔အတြက္ ခံတြင္းရနံ႔ ႏွင့္ သြားမ်ား၏ျဖဴစင္မႈကိုလည္း အထူးဂ႐ုျပဳရပါမယ္။

(၉) အေႂကြးကင္းရွင္းျခင္း

အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ David Ramsey က ခ်မ္းသာခ်င္ရင္ အေႂကြးကင္းေအာင္ ေနရမယ္လို႔ ဆိုပါတယ္။ ဝယ္ခ်င္တစ္ခုခုရွိရင္ ပိုက္ဆံစုၿပီးမွ ဝယ္ပါ။ ” ေခ်းငွားျခင္းဟာ ခ်မ္းသာျခင္းရဲ႕ အတားအဆီး” ပါလို႔ David Ramsey က အႀကံျပဳထားပါတယ္။

(၁၀) တစ္ကိုယ္တည္းမေနျခင္း

ခ်မ္းသာႂကြယ္ဝသူမ်ားမွာ အသင္းအဖြဲ႕ရွိၾကပါတယ္။မည္သူမွ အရာရာကို တစ္ကိုယ္တည္းမေျဖရွင္းႏိုင္ၾကပါဘူး။ မိမိတို႔မသိေသာ ကိစၥရပ္မ်ားတြင္ သက္ဆိုင္ရာနယ္ပယ္အလိုက္ ပိုမိုကြၽမ္းက်င္သူမ်ား၏ အႀကံဉာဏ္ကို ယူၾကရပါတယ္။ ကြၽမ္းက်င္သူ တစ္စုံတစ္ေယာက္ထံမွ အႀကံဉာဏ္ ေတာင္းခံျခင္းဟာ ရွက္စရာမဟုတ္ပါဘူး။

ထို႔ေၾကာင့္ ေအာင္ျမင္မႈအတြက္ သင့္ရဲ႕ကိုယ္ပိုင္အယူအဆနဲ႔ အက်င့္စ႐ိုက္မ်ားရွိရင္လဲ ေဝမွ်ေရးသားေပးခဲ့ႏိုင္ပါတယ္။

Rft BrightSide

Written One Daily Media

 

 

Leave a Reply

Your email address will not be published. Required fields are marked *