success

ကိုယ်ဖြစ်ချင်တာကို လုပ်ရမှာက ကိုယ့်တာဝန်ပါ

#Unicode Version

လူတိုင်းမှာ ဖြစ်ချင်တာတွေရှိကြတယ်။ ဒါပေမယ့်
လူတိုင်းကတော့ ကိုယ့်ဖြစ်ချင်တာကိုဖြစ်လာအောင် မလုပ်ကြပါဘူး။ ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ်လို့ ပြောကြပေမယ့် ကိုယ်လုပ်တာနဲ့ ကိုယ်ဖြစ်ချင်တာနဲ့ ကတခြားစီ ဖြစ်နေတတ်တယ်။ တစ်ခါက တပည့်လေး တစ်ယောက် လာပြောတယ်။

သူ ဘာဖြစ်ချင်တယ်ပေါ့။ အဲဒါနဲ့ကျွန်တော်ကလည်း အဲလိုဖြစ်ချင်တယ်ဆိုရင်ဘာဖြစ်လို့မလုပ်သလဲလို့ မေးတော့၊ ကူညီပေးမယ့်သူမရှိဘူးလို့ သူပြန်ဖြေတယ်။

တကယ်က ကူညီပေးမယ့်သူ လိုအပ်နေတယ်ဆိုရင် ကိုယ်ကရှာရမှာပေါ့။ ကူညီပေးမယ့်သူက သူ့ဟာသူပေါ်လာ မှာ မဟုတ်ဘူးလေ။

ကိုယ်ဖြစ်ချင်တာကို လုပ်ရမှာက ကိုယ့်တာဝန်ပါ။

ကိုယ်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ၊ အဲလိုလုပ်ဖို့ဘာတွေ လိုလဲ၊ ပညာလား၊ ငွေလား၊ မိတ်ဆွေလား၊ အဆက်အသွယ် လား၊ ဒါမှမဟုတ် တခြားဘာတွေလိုလဲ။ ပညာလိုရင် သင်ယူရမယ်၊ ငွေလိုရင်ရှာရမယ်၊ အဆက်အသွယ်လိုချင် တယ်ဆိုရင်လည်းရှာရမှာပေါ့။ ကိုယ့်ကိုကူညီပေးမယ့်သူ လိုအပ်နေတယ်ဆိုရင် ဘယ်သူကူညီပေးနိုင်မလဲ ချဉ်းကပ် ရမှာပေါ့။ ဒါတွေအားလုံးကိုယ်ကရှာရမယ်၊ လုပ်ရမယ်လေ။

 

ဖြစ်ချင်တယ်၊ လုပ်ချင်တယ်ပြောပြီး ဘာမှမလုပ်ပဲထိုင်နေ မယ်ဆိုရင်တော့ ဘယ်တော့မှ ကိုယ်ဖြစ်ချင်တာဖြစ်လာ မှာမဟုတ်ပါဘူး။ လောကမှာ ကိုယ်ဘာဖြစ်ချင်တယ်၊ လုပ်ချင်တယ်ဆိုတာကို ကောင်းကောင်းကြီးသိပြီး မဆုတ် မနစ်ကြိုးစားတဲ့သူတိုင်းဟာ တစ်နေ့မဟုတ် တစ်နေ့ အောင်မြင်ကြတာကြီးပါပဲ။

ဒါကြောင့် ကိုယ်ဘာဖြစ်ချင်လဲသိပြီလား? ဘယ်လမ်းကို လျှောက်မှာလဲ သိပြီလား? သိပြီဆိုရင် ကိုယ်လျှောက်မယ့် လမ်းကို ဘယ်သူကမှ လာပြီးဖောက်ပေးမှာမဟုတ်ဘူး။ ကိုယ်တိုင်ဖောက်ရမယ်။ အဲလိုလုပ်ဖို့ လိုအပ်တဲ့တန်ဆာ ပလာတွေကို ရှာဖွေဆုဆောင်းရမယ်။ အဲဒါတွေကို အသုံး ပြုပြီး ပန်းတိုင်ဆီအရောက်လှမ်းရမယ်။

ရည်မှန်းချက်တွေကို အခုပဲအကောင်အထည်ဖော်လျှောက် လှမ်းပါ။ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါ။ အောင်မြင်ပါစေ။

Credit: Original Writer
Sharing By: #One Daily Media

#Zawgyi Version

ကိုယ္ျဖစ္ခ်င္တာကို လုပ္ရမွာက ကိုယ့္တာဝန္ပါ။
“It is self-responsibility to do what you want to do”

လူတိုင္းမွာ ျဖစ္ခ်င္တာေတြရွိၾကတယ္။ ဒါေပမယ့္
လူတိုင္းကေတာ့ ကိုယ့္ျဖစ္ခ်င္တာကိုျဖစ္လာေအာင္ မလုပ္ၾကပါဘူး။ ဘာျဖစ္ခ်င္တယ္၊ ညာျဖစ္ခ်င္တယ္လို႔ ေျပာၾကေပမယ့္ ကိုယ္လုပ္တာနဲ႕ ကိုယ္ျဖစ္ခ်င္တာနဲ႕ ကတျခားစီ ျဖစ္ေနတတ္တယ္။ တစ္ခါက တပည့္ေလး တစ္ေယာက္ လာေျပာတယ္။

သူ ဘာျဖစ္ခ်င္တယ္ေပါ့။ အဲဒါနဲ႕ကြၽန္ေတာ္ကလည္း အဲလိုျဖစ္ခ်င္တယ္ဆိုရင္ဘာျဖစ္လို႔မလုပ္သလဲလို႔ ေမးေတာ့၊ ကူညီေပးမယ့္သူမရွိဘူးလို႔ သူျပန္ေျဖတယ္။

တကယ္က ကူညီေပးမယ့္သူ လိုအပ္ေနတယ္ဆိုရင္ ကိုယ္ကရွာရမွာေပါ့။ ကူညီေပးမယ့္သူက သူ႕ဟာသူေပၚလာ မွာ မဟုတ္ဘူးေလ။

ကိုယ္ျဖစ္ခ်င္တာကို လုပ္ရမွာက ကိုယ့္တာဝန္ပါ။

ကိုယ္ဘာျဖစ္ခ်င္လဲ၊ ဘာလုပ္ခ်င္လဲ၊ အဲလိုလုပ္ဖို႔ဘာေတြ လိုလဲ၊ ပညာလား၊ ေငြလား၊ မိတ္ေဆြလား၊ အဆက္အသြယ္ လား၊ ဒါမွမဟုတ္ တျခားဘာေတြလိုလဲ။ ပညာလိုရင္ သင္ယူရမယ္၊ ေငြလိုရင္ရွာရမယ္၊ အဆက္အသြယ္လိုခ်င္ တယ္ဆိုရင္လည္းရွာရမွာေပါ့။ ကိုယ့္ကိုကူညီေပးမယ့္သူ လိုအပ္ေနတယ္ဆိုရင္ ဘယ္သူကူညီေပးနိုင္မလဲ ခ်ဥ္းကပ္ ရမွာေပါ့။ ဒါေတြအားလုံးကိုယ္ကရွာရမယ္၊ လုပ္ရမယ္ေလ။

ျဖစ္ခ်င္တယ္၊ လုပ္ခ်င္တယ္ေျပာၿပီး ဘာမွမလုပ္ပဲထိုင္ေန မယ္ဆိုရင္ေတာ့ ဘယ္ေတာ့မွ ကိုယ္ျဖစ္ခ်င္တာျဖစ္လာ မွာမဟုတ္ပါဘူး။ ေလာကမွာ ကိုယ္ဘာျဖစ္ခ်င္တယ္၊ လုပ္ခ်င္တယ္ဆိုတာကို ေကာင္းေကာင္းႀကီးသိၿပီး မဆုတ္ မနစ္ႀကိဳးစားတဲ့သူတိုင္းဟာ တစ္ေန႕မဟုတ္ တစ္ေန႕ ေအာင္ျမင္ၾကတာႀကီးပါပဲ။

ဒါေၾကာင့္ ကိုယ္ဘာျဖစ္ခ်င္လဲသိၿပီလား? ဘယ္လမ္းကို ေလွ်ာက္မွာလဲ သိၿပီလား? သိၿပီဆိုရင္ ကိုယ္ေလွ်ာက္မယ့္ လမ္းကို ဘယ္သူကမွ လာၿပီးေဖာက္ေပးမွာမဟုတ္ဘူး။ ကိုယ္တိုင္ေဖာက္ရမယ္။ အဲလိုလုပ္ဖို႔ လိုအပ္တဲ့တန္ဆာ ပလာေတြကို ရွာေဖြဆုေဆာင္းရမယ္။ အဲဒါေတြကို အသုံး ျပဳၿပီး ပန္းတိုင္ဆီအေရာက္လွမ္းရမယ္။

ရည္မွန္းခ်က္ေတြကို အခုပဲအေကာင္အထည္ေဖာ္ေလွ်ာက္ လွမ္းပါ။ ထိုင္ေနလို႔ေတာ့ ဘာမွျဖစ္လာမွာမဟုတ္ပါ။ ေအာင္ျမင္ပါေစ။

Credit: Original Writer
Sharing By: #One Daily Media

Leave a Comment