One Daily News

ဟောလိဝုဒ်ကို အံ့အားသင့်စေခဲ့တဲ့ Reese Witherspoon ရဲ့ ရဲရင့်သော ဘဝဇာတ်ကြောင်း

ဟောလိဝုဒ်ကို အံ့အားသင့်စေခဲ့တဲ့ Reese Witherspoon ရဲ့ ရဲရင့်သော ဘဝဇာတ်ကြောင်း

မင်းသမီးတစ်ဦးလဲ ဖြစ်သလို ထုတ်လုပ်သူ ၊ စီးပွားရေးလုပ်ငန်းတစ်ဦးလဲ ဖြစ်တဲ့ Reese Witherspoon ရဲ့အကြောင်းများကတော့ ပြောမကုန်နိုင်အောင်များစွာရှိပါတယ်။သူမဟာ ပိတ်ကားပေါ်တွင်သာမက ကိုယ်ပိုင်ဘဝမှာလည်း အရည်အချင်းပြည့်ဝသူဖြစ်ပါတယ်။ သူမက Stanford တက္ကသိုလ်မှာ တက်ရောက်ခဲ့ဖူးသော်လည်း အသက်(၂၃)နှစ်အရွယ် ပထမရင်သွေးမရမှီကပင် ကျောင်းထွက်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူမဟာ အောင်မြင်မှုရဲ့သော့ချက်များကို ကောင်းစွာသိသူတစ်ဦးလို့လဲ ‌ဆိုနိုင်ပါတယ်။

ထို့ကြောင့် သူမရဲ့ဘဝဇာတ်ကြောင်းများနဲ့သူမရဲ့ အံ့မခန်းအောင်မြင်မှုများ အကြောင်းကို စိတ်ဓာတ်ခွန်အား လိုအပ်နေမယ့် စာဖတ်ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁) သရုပ်ဆောင်ဘဝ၏ အံ့ဩဖွယ်အစ

သူမရဲ့သရုပ်ဆောင်ဘဝကို စတင်တံခါးဖွင့်လှစ်ပေးခဲ့တာကတော့ သူမအသက်(၁၄)နှစ်အရွယ်မှာ စတင်ရိုက်ကူးခဲ့တဲ့ Man in the Moon ဆိုသည့်ဇာတ်ကားပဲဖြစ်ပါတယ်။ထို့နောက် အသက်(၂၅)နှစ်အရွယ်မှာ သူမဟာ ထိပ်တန်းသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေပြီးဖြစ်သလို့ အသက်(၂၉)နှစ်အရွယ်မှာတော့ Johnny Cash ရဲ့ “Walk the line” ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့ပါတယ်

(၂) အစွန့်ပစ်ခံ

ကြီးမားသောအောင်မြင်မှုများ ရရှိနေပြီးနောက်မှာတော့ သူမဟာ ဘဝရဲ့စိန်ခေါ်မှုအချို့ကို စတင်ရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ထောင်ရေးပြိုကွဲခဲ့ရပြီး ကလေး(၂)ယောက်နဲ့အတူ ဘဝကိုရုန်းကန်ရဖို့ ဖြစ်လာပါတယ်။ဤသိူ့ဖြင့် သူမ
အသက်(၃၆)နှစ် အရွယ်မှာတော့ ဇာတ်ကားများရိုက်ကူးမှုလဲ ရပ်တန့်သွားခဲ့ရပြီး ဟောလိဝုဒ်နာမည်ကြီး ဇာတ်ဆောင်စာရင်းမှာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ဘဝရဲ့စိန်ခေါ်မှုများကြောင့် သူမရဲ့ဦးတည်ရာများပြောင်းလဲစေခဲ့ပါတယ်။

(၃) ကိုယ်တိုင် ဖန်တီးသော စိတ်ကြိုက်ဇာတ်ကောင်များဖြင့် အသက်မွေးခြင်း

သူမက စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီးအဓိက ဇာတ်ဆောင်များကို ဖန်တီးအသုံးမပြုခြင်း အပေါ်မေးခွန်းထုတ်ခဲ့ပါတယ်။အမျိုးသားဇာတ်ဆောင်များကို အဓိကပွဲထုတ်သော ဇာတ်ကားများကို ငြီးငွေ့နေပါတယ်။ထို့ကြောင့်
သူမဟာ Hello Sunshine လို့အမည်ရတဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး Company တစ်ခုကို စတင်တည်ထောင်ခဲ့ပြီး သူမစိတ်ကြိုက်အမျိုးသမီး အဓိကဇာတ်ဆောင်များကို စတင်ဖန်တီး သရုပ်ဆောင်ခဲ့ပြီး ယခုအခါမှာတော့ သူမဟာ ကိုယ်တိုင်ထုတ်လုပ်သူတစ်ဖြစ်လဲ သရုပ်ဆောင် အဖြစ် ရုပ်ရှင်လောကကို ပြန်လည်ခြေချလာခဲ့ပါတယ်။
သူမထုတ်လုပ်ရိုက်ကူးခဲ့တဲ့ Big little lies , Gone Girl , Wild အစရှိသည့် ရုပ်ရှင်များသာ တစ်ဖန်ပြန်လည်အောင်မြင်လာခဲ့ပြီး Wild ဇာတ်ကားဟာဆိုရင် အကယ်ဒမီဆု စကာတင်စာရင်းပင် ဝင်ခဲ့ပါတယ်။

(၄) ရပ်တန့်မရနိုင်သော သူမ

အခုချိန်မှာတော့ သူမဟာ မင်းသမီး ၊ စီးပွားရေးလုပ်ငန်းရှင် ၊ ရုပ်ရှင်ထုတ်လုပ်သူ စသဖြင့် နယ်ပယ်အသီးသီးမှာ အရည်အချင်းရှိသူတစ်ဦးအဖြစ် အကြွင်းမဲ့သတ်မှတ်ခံထားရပါပြီ။ထို့အပြင်သူမက သတင်းအစီအစဉ်များ ၊ Podcasts , Youtube , Live video များမှ တစ်ဆင့်လဲ အမေရိကတစ်လွှားရှိ အမျိုးသမီးများအတွက် ပညာပေးအစီအစဉ်များ ပါဝင်ဟောပြောလေ့ရှိပါတယ်။

(၅) အမျိုးသမီးများအတွက် ရှေ့ဆောင်လမ်းပြ

သူမဟာ ဟောလိဝုဒ်ရုပ်ရှင်လောက၏ အမျိုးသမီးခေါင်းဆောင် ပါဝင်သော ရုပ်ရှင်ဇာတ်လမ်းများ စတင်ရိုက်ကူးလာမှု အပေါ် အကျိုးသက်ရောက်မှုများစွာ ရှိစေခဲ့သည်သာမက အမျိုးသားနှင့်အမျိုးသမီး သရုပ်ဆောင်များအကြားမှ ဝင်ငွေပမာဏ ကွာခြားမှုကို မြင်သာစေတဲ့ Time’s up Movement မှာလည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။
သူမဟာ အနာဂတ်မှာ ဟောလိဝုဒ်မှ အမျိုးသမီးသရုပ်‌ဆောင်များကို သူမငယ်စဉ်ကကဲ့သို့ အခက်အခဲများ မတွေ့ကြုံရစေရန် လမ်းသစ်ဖောက်ပေးခဲ့သူပဲဖြစ်ပါတယ်။

သင့်ပတ်ဝန်းကျင်မှာရော ဘဝအခက်အခဲများကို ရဲရင့်စွာ စိန်ခေါ်ကျော်ဖြတ်နေသူအမျိုးသမီး များကို မြင်တွေ့ဖူးပါလား ? စိတ်ဓာတ် ကြံ့ခိုင်သန်မာသော အမျိုးသမီးကောင်းများစွာ ရှိနေနိုင်ပါသေးတယ်။ ထို့ကြောင့် သင်မြင်တွေ့ဖူးသူများ အကြောင်းကိုလည်း အကြံပြုရေးသားခဲ့နိုင်ပါတယ်။

 

Rft BrightSide

Written One Daily Media

 

Zawgyi

ေဟာလိဝုဒ္ကို အံ့အားသင့္ေစခဲ့တဲ့ Reese Witherspoon ရဲ႕ ရဲရင့္ေသာ ဘဝဇာတ္ေၾကာင္း

မင္းသမီးတစ္ဦးလဲ ျဖစ္သလို ထုတ္လုပ္သူ ၊ စီးပြားေရးလုပ္ငန္းတစ္ဦးလဲ ျဖစ္တဲ့ Reese Witherspoon ရဲ႕အေၾကာင္းမ်ားကေတာ့ ေျပာမကုန္ႏိုင္ေအာင္မ်ားစြာရွိပါတယ္။သူမဟာ ပိတ္ကားေပၚတြင္သာမက ကိုယ္ပိုင္ဘဝမွာလည္း အရည္အခ်င္းျပည့္ဝသူျဖစ္ပါတယ္။ သူမက Stanford တကၠသိုလ္မွာ တက္ေရာက္ခဲ့ဖူးေသာ္လည္း အသက္(၂၃)ႏွစ္အ႐ြယ္ ပထမရင္ေသြးမရမွီကပင္ ေက်ာင္းထြက္ၿပီး မိသားစုစားဝတ္ေနေရးအတြက္ ႐ုန္းကန္ဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ သူမဟာ ေအာင္ျမင္မႈရဲ႕ေသာ့ခ်က္မ်ားကို ေကာင္းစြာသိသူတစ္ဦးလို႔လဲ ‌ဆိုႏိုင္ပါတယ္။

ထို႔ေၾကာင့္ သူမရဲ႕ဘဝဇာတ္ေၾကာင္းမ်ားနဲ႔သူမရဲ႕ အံ့မခန္းေအာင္ျမင္မႈမ်ား အေၾကာင္းကို စိတ္ဓာတ္ခြန္အား လိုအပ္ေနမယ့္ စာဖတ္ပရိတ္သတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။

(၁) သ႐ုပ္ေဆာင္ဘဝ၏ အံ့ဩဖြယ္အစ

သူမရဲ႕သ႐ုပ္ေဆာင္ဘဝကို စတင္တံခါးဖြင့္လွစ္ေပးခဲ့တာကေတာ့ သူမအသက္(၁၄)ႏွစ္အ႐ြယ္မွာ စတင္႐ိုက္ကူးခဲ့တဲ့ Man in the Moon ဆိုသည့္ဇာတ္ကားပဲျဖစ္ပါတယ္။ထို႔ေနာက္ အသက္(၂၅)ႏွစ္အ႐ြယ္မွာ သူမဟာ ထိပ္တန္းသ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ရပ္တည္ေနၿပီးျဖစ္သလို႔ အသက္(၂၉)ႏွစ္အ႐ြယ္မွာေတာ့ Johnny Cash ရဲ႕ “Walk the line” ဇာတ္ကားျဖင့္ ေအာ္စကာဆု ရရွိခဲ့ပါတယ္

(၂) အစြန႔္ပစ္ခံ

ႀကီးမားေသာေအာင္ျမင္မႈမ်ား ရရွိေနၿပီးေနာက္မွာေတာ့ သူမဟာ ဘဝရဲ႕စိန္ေခၚမႈအခ်ိဳ႕ကို စတင္ရင္ဆိုင္ခဲ့ရပါတယ္။ အိမ္ေထာင္ေရးၿပိဳကြဲခဲ့ရၿပီး ကေလး(၂)ေယာက္နဲ႔အတူ ဘဝကို႐ုန္းကန္ရဖို႔ ျဖစ္လာပါတယ္။ဤသိူ႔ျဖင့္ သူမ
အသက္(၃၆)ႏွစ္ အ႐ြယ္မွာေတာ့ ဇာတ္ကားမ်ား႐ိုက္ကူးမႈလဲ ရပ္တန႔္သြားခဲ့ရၿပီး ေဟာလိဝုဒ္နာမည္ႀကီး ဇာတ္ေဆာင္စာရင္းမွာလည္း ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ဘဝရဲ႕စိန္ေခၚမႈမ်ားေၾကာင့္ သူမရဲ႕ဦးတည္ရာမ်ားေျပာင္းလဲေစခဲ့ပါတယ္။

(၃) ကိုယ္တိုင္ ဖန္တီးေသာ စိတ္ႀကိဳက္ဇာတ္ေကာင္မ်ားျဖင့္ အသက္ေမြးျခင္း

သူမက စိတ္ဝင္စားစရာေကာင္းတဲ့ အမ်ိဳးသမီးအဓိက ဇာတ္ေဆာင္မ်ားကို ဖန္တီးအသုံးမျပဳျခင္း အေပၚေမးခြန္းထုတ္ခဲ့ပါတယ္။အမ်ိဳးသားဇာတ္ေဆာင္မ်ားကို အဓိကပြဲထုတ္ေသာ ဇာတ္ကားမ်ားကို ၿငီးေငြ႕ေနပါတယ္။ထို႔ေၾကာင့္
သူမဟာ Hello Sunshine လို႔အမည္ရတဲ့ ကိုယ္ပိုင္ထုတ္လုပ္ေရး Company တစ္ခုကို စတင္တည္ေထာင္ခဲ့ၿပီး သူမစိတ္ႀကိဳက္အမ်ိဳးသမီး အဓိကဇာတ္ေဆာင္မ်ားကို စတင္ဖန္တီး သ႐ုပ္ေဆာင္ခဲ့ၿပီး ယခုအခါမွာေတာ့ သူမဟာ ကိုယ္တိုင္ထုတ္လုပ္သူတစ္ျဖစ္လဲ သ႐ုပ္ေဆာင္ အျဖစ္ ႐ုပ္ရွင္ေလာကကို ျပန္လည္ေျခခ်လာခဲ့ပါတယ္။
သူမထုတ္လုပ္႐ိုက္ကူးခဲ့တဲ့ Big little lies , Gone Girl , Wild အစရွိသည့္ ႐ုပ္ရွင္မ်ားသာ တစ္ဖန္ျပန္လည္ေအာင္ျမင္လာခဲ့ၿပီး Wild ဇာတ္ကားဟာဆိုရင္ အကယ္ဒမီဆု စကာတင္စာရင္းပင္ ဝင္ခဲ့ပါတယ္။

(၄) ရပ္တန႔္မရႏိုင္ေသာ သူမ

အခုခ်ိန္မွာေတာ့ သူမဟာ မင္းသမီး ၊ စီးပြားေရးလုပ္ငန္းရွင္ ၊ ႐ုပ္ရွင္ထုတ္လုပ္သူ စသျဖင့္ နယ္ပယ္အသီးသီးမွာ အရည္အခ်င္းရွိသူတစ္ဦးအျဖစ္ အႂကြင္းမဲ့သတ္မွတ္ခံထားရပါၿပီ။ထို႔အျပင္သူမက သတင္းအစီအစဥ္မ်ား ၊ Podcasts , Youtube , Live video မ်ားမွ တစ္ဆင့္လဲ အေမရိကတစ္လႊားရွိ အမ်ိဳးသမီးမ်ားအတြက္ ပညာေပးအစီအစဥ္မ်ား ပါဝင္ေဟာေျပာေလ့ရွိပါတယ္။

(၅) အမ်ိဳးသမီးမ်ားအတြက္ ေရွ႕ေဆာင္လမ္းျပ

သူမဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာက၏ အမ်ိဳးသမီးေခါင္းေဆာင္ ပါဝင္ေသာ ႐ုပ္ရွင္ဇာတ္လမ္းမ်ား စတင္႐ိုက္ကူးလာမႈ အေပၚ အက်ိဳးသက္ေရာက္မႈမ်ားစြာ ရွိေစခဲ့သည္သာမက အမ်ိဳးသားႏွင့္အမ်ိဳးသမီး သ႐ုပ္ေဆာင္မ်ားအၾကားမွ ဝင္ေငြပမာဏ ကြာျခားမႈကို ျမင္သာေစတဲ့ Time’s up Movement မွာလည္း ပါဝင္လႈပ္ရွားခဲ့ပါတယ္။
သူမဟာ အနာဂတ္မွာ ေဟာလိဝုဒ္မွ အမ်ိဳးသမီးသ႐ုပ္‌ေဆာင္မ်ားကို သူမငယ္စဥ္ကကဲ့သို႔ အခက္အခဲမ်ား မေတြ႕ႀကဳံရေစရန္ လမ္းသစ္ေဖာက္ေပးခဲ့သူပဲျဖစ္ပါတယ္။

သင့္ပတ္ဝန္းက်င္မွာေရာ ဘဝအခက္အခဲမ်ားကို ရဲရင့္စြာ စိန္ေခၚေက်ာ္ျဖတ္ေနသူအမ်ိဳးသမီး မ်ားကို ျမင္ေတြ႕ဖူးပါလား ? စိတ္ဓာတ္ ႀကံ့ခိုင္သန္မာေသာ အမ်ိဳးသမီးေကာင္းမ်ားစြာ ရွိေနႏိုင္ပါေသးတယ္။ ထို႔ေၾကာင့္ သင္ျမင္ေတြ႕ဖူးသူမ်ား အေၾကာင္းကိုလည္း အႀကံျပဳေရးသားခဲ့ႏိုင္ပါတယ္။

Rft BrightSide

Written One Daily Media

 

Leave a Comment