success

စာဖတ်ခြင်းကပေးတဲ့ အကျိုးများ

#Unicode Version

 

၁) စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ ရင့်ကျက် တည်ငြိမ်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂) အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင် ကြတယ်။

၃) ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန် လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄) ဆုံးဖြတ်ချက်တွေ မှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ် သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅) စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွား လာနိုင်ပါတယ်။

၆) စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင်ပေမယ့် ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇) စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲ တွေ၊ စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈) ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ- ကျန်းမာရေးစာပေတွေဖတ်ထား သူတစ်ယောက် ဟာ အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉) စကားပြောကောင်းလာလိမ့်မယ်။

စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ် လို့ ရှိပါတယ်။ လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို “လေကြီး”လို့ ဝိုင်းပြီး ခေါ်ဝေါ်သမုတ် ကြပါလိမ့်မယ်။ စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါ လိမ့်မယ်။ စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှု ပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။ သင့်ပါးစပ် ကထွက်လာတဲ့ စကားလုံးတိုင်းဟာ တစ်ခြားလူတွေရဲ့ ဘဝကို ပျော်ရွှင်ခြင်းနဲ့ စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀) ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့ ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက် တည်ငြိမ်တဲ့ လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။
လက်လှမ်းမှီသမျှ စာပေတွေကို ဖတ်ပါများလာမှ သင်ဟာ ရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ဒါကြောင့် များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။ စာဖတ်ခြင်းက
သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေး ပါလိမ့်မယ်။ အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့ လူတယောက်အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

So what kind of literature should you read?

၁) အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့် ပါတယ်။ အဲ့လိုဖတ်ပေးခြင်းကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့် မယ်။

၂) ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက် အင်္ဂလိပ်နဲ့ပတ်သက် တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။ ဟင်းချက်နည်း၊ အလှ ပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှု ပညာရပ် ဆိုင်ရာစာပေတွေ ဖတ်မကုန်အောင် တစ်ပုံ တစ်ပင် ရှိပါတယ်။ စာရေးချင်သူတိုင်းအတွက် စာရေးနည်း နဲ့ပတ်သက်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃) စိတ်အားတက်ကြွစေမယ့် စာပေ
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့ တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင် သင့်ရဲ့ စိတ်ဟာ ရဲရဲတောက် လာပါလိမ့်မယ်။

၄) ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းစိုင်းးလှတဲ့ လူတယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။ ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို တိုတိုတုတ်တုတ်နဲ့မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာလိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေ မျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊ မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅) ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဉာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆) ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှု စတဲ့ တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

Credit: Original Writer
Sharing By: #One Daily Media

#Zawgyi Version

စာဖတ္ျခင္းကေပးတဲ့ အက်ိဳးမ်ား
Benefits of Reading

၁) စာဖတ္မ်ားတဲ့ လူတစ္ေယာက္ရဲ႕ ႐ုပ္သြင္ဟာ ရင့္က်က္ တည္ၿငိမ္လာတတ္ၿပီး ဘယ္ေလာက္ပဲ အံ့ဩစရာနဲ႕ေတြ႕ေတြ႕
မအံ့ဩတတ္ၾကေတာ့ဘူး။

၂) အရာရာကိုေက်ာ္ျဖတ္လိုတဲ့ စိတ္ေတြႀကီးထြားလာၿပီး တကယ္ပဲေက်ာ္ျဖတ္ဖို႔ အစီအစဥ္ေတြခ်မွတ္လာနိုင္ ၾကတယ္။

၃) ဦးေႏွာက္ရဲ႕ စြမ္းရည္ျမင့္တက္လာၿပီး ေကာင္းမြန္ လြန္းလွတဲ့ အေတြးေတြေပါက္ဖြားလာပါတယ္။

၄) ဆုံးျဖတ္ခ်က္ေတြ မွန္ကန္လာၿပီး ခ်က္ခ်င္းဆုံးျဖတ္ သင့္တဲ့အရာကို ခ်က္ခ်င္းဆုံးျဖတ္နိုင္လာတယ္။

၅) စာဖတ္ျခင္းေၾကာင့္ လူေတြဟာ မေကာင္းမႈကို ေရွာင္ရွားလိုစိတ္ေတြမ်ားလာၿပီး စာနာစိတ္ေတြ တိုးပြား လာနိုင္ပါတယ္။

၆) စာဖတ္တဲ့လူတိုင္းမေအာင္ျမင္နိုင္ေပမယ့္ ဘယ္ေတာ့မွ မက်ရႈံးနိုင္ပါဘူး။

၇) စာဖတ္သူေတြဟာ ဘဝရဲ႕အေၾကာင္းေတြ၊ အခက္အခဲ ေတြ၊ စိတ္ကူးစိတ္သန္းေတြကို တစ္ျခားလူေတြထက္ ပိုသိလာၾကတယ္။

၈) ဖတ္ထားတဲ့စာေတြဟာ ေမ့သြားတတ္ေပမယ့္ အေရးႀကဳံလာတဲ့အခါ ျပန္ၿပီးအမွတ္ရေစပါတယ္။

ဥပမာ- က်န္းမာေရးစာေပေတြဖတ္ထား သူတစ္ေယာက္ ဟာ အေရးေပၚက်န္းမာေရး အေျခအေနျဖစ္လာတဲ့အခါ ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာ သိလာနိုင္ပါတယ္။

၉) စကားေျပာေကာင္းလာလိမ့္မယ္။

စကားဆိုတာ ေျပာသင့္တဲ့အခ်ိန္၊မေျပာသင့္တဲ့အခ်ိန္ရယ္ လို႔ ရွိပါတယ္။ လူေတြကကိုယ့္ကို အထင္ႀကီးလိုတာေၾကာင့္ ေနရာတကာမွာ ဝင္ၿပီးေျပာေနမယ္၊ ဘယ္သူမွမေပးဘဲ ဆရာဝင္လုပ္ေနမယ္၊ပါေလရာ ငါးပိခ်က္လုပ္ေနမယ္ဆိုရင္ လူေတြက သင့္ကို “ေလႀကီး”လို႔ ဝိုင္းၿပီး ေခၚေဝၚသမုတ္ ၾကပါလိမ့္မယ္။ စကားကို ခ်င့္ခ်ိန္ၿပီးေျပာဆိုတတ္ဖို႔လိုပါ လိမ့္မယ္။ စာအုပ္ေတြဖတ္ပါမ်ားလာရင္ သင့္ရဲ႕ေျပာဆိုမႈ ပုံစံဟာ အထင္ႀကီးစရာေကာင္းေနပါလိမ့္မယ္။ သင့္ပါးစပ္ ကထြက္လာတဲ့ စကားလုံးတိုင္းဟာ တစ္ျခားလူေတြရဲ႕ ဘဝကို ေပ်ာ္႐ႊင္ျခင္းနဲ႕ စိတ္အားတက္ႂကြျခင္းေတြကို ေပးနိုင္ပါလိမ့္မယ္။

၁၀) ေကာင္းမြန္တဲ့ ပတ္ဝန္းက်င္ကို ေ႐ြးခ်ယ္တတ္လာၿပီး၊ အေပါင္းအသင္းေတြကိုပါ ေျပာင္းလဲေပးနိုင္ပါလိမ့္မယ္။

ဒါေပမယ့္ စာအုပ္တစ္အုပ္ေလာက္ပဲ ဖတ္ၿပီး ကိုယ့္ကိုကိုယ္ စာဖတ္တဲ့သူလို႔ ဂုဏ္ယူေနမယ္ဆိုရင္ေတာ့ ရင့္က်က္ တည္ၿငိမ္တဲ့ လူတစ္ေယာက္ မျဖစ္နိုင္ေသးပါဘူး။
လက္လွမ္းမွီသမွ် စာေပေတြကို ဖတ္ပါမ်ားလာမွ သင္ဟာ ရဲရင့္တည္ၾကည္တဲ့ လူတစ္ေယာက္ျဖစ္လာမွာပါ။ဒါေၾကာင့္ မ်ားမ်ားဖတ္ပါ။ ဖတ္နိုင္သေလာက္ဖတ္ပါ။ စာဖတ္ျခင္းက
သင့္ကို မယုံၾကည္နိုင္ေလာက္တဲ့ အေတြ႕အႀကဳံေတြေပး ပါလိမ့္မယ္။ အံ့ဩစရာေကာင္းၿပီး လူေတြေလးစားရတဲ့ လူတေယာက္အျဖစ္သို႔ ေျပာင္းလဲလာေစပါလိမ့္မယ္။

So what kind of literature should you read?

၁) ေအာင္ျမင္သူေတြရဲ႕ အတၳဳပၸတၱိေတြကို ဖတ္ေပးသင့္ ပါတယ္။ အဲ့လိုဖတ္ေပးျခင္းေၾကာင့္ ေအာင္ျမင္သူေတြရဲ႕ အမူအက်င့္ေတြ၊ စိတ္ဓာတ္ေတြကို သင္သိျမင္လာပါလိမ့္ မယ္။

၂) ပညာရပ္ဆိုင္ရာစာေပမ်ား
အဂၤလိပ္စာကိုေလ့လာခ်င္သူအတြက္ အဂၤလိပ္နဲ႕ပတ္သက္ တဲ့ စာအုပ္ေတြအမ်ားႀကီးရွိပါတယ္။ ဟင္းခ်က္နည္း၊ အလွ ျပင္နည္း၊ စီးပြားေရး၊ လူမႈဆက္ဆံေရး၊ ေခါင္းေဆာင္မႈ ပညာရပ္ ဆိုင္ရာစာေပေတြ ဖတ္မကုန္ေအာင္ တစ္ပုံ တစ္ပင္ ရွိပါတယ္။ စာေရးခ်င္သူတိုင္းအတြက္ စာေရးနည္း နဲ႕ပတ္သက္တဲ့ စာေပေတြ မကုန္မခမ္းပါပဲ။

၃) စိတ္အားတက္ႂကြေစမယ့္ စာေပ
သင့္ရဲ႕ စိတ္ကို ဒိုင္းကနဲျမင့္တက္ေစတဲ့ တက္က်မ္းေခၚ စာေပေတြဟာ မျမင္ခ်င္အဆုံးေပါမ်ားလွတယ္။ တက္က်မ္းေတြကို ဖတ္ပါမ်ားလာရင္ သင့္ရဲ႕ စိတ္ဟာ ရဲရဲေတာက္ လာပါလိမ့္မယ္။

၄) ရသစာေပ
ရသစာေပဟာ အင္မတန္ရိုင္းစိုင္းးလွတဲ့ လူတေယာက္ကို ခ်က္ခ်င္းႏူးညံ့ေစပါတယ္။ ရသစာေပရဲ႕ သေဘာဟာ တက္က်မ္းေတြလို တိုတိုတုတ္တုတ္နဲ႕မဟုတ္ပဲ ဇာတ္လမ္း၊ဇာတ္အိမ္ေတြဖြဲ႕ကာလိုရာ ရည္႐ြယ္ခ်က္ကို ေဖာ္ျပတဲ့စာေပ မ်ိဳးပါ။ ဇာတ္ေဆာင္ေတြရဲ႕ ေကာင္းမြန္တဲ့အက်င့္စရိုက္၊ မေကာင္းတဲ့အက်င့္စရိုက္ေတြကို ယွဥ္တြဲျပကာ လူေတြကို ဆုံးမတဲ့စာေပအမ်ိဳးအစားပါ။

၅) ဟာသစာေပ
ေပ်ာ္႐ႊင္မႈကိုေပးတတ္ၿပီး သင့္ကို ဟာသဉာဏ္႐ႊင္ေအာင္ ျပဳလုပ္ေပးတတ္ပါတယ္။

၆) ဘာသာေရးစာေပ
စိတ္နဲ႕ ႏွလုံသားကို ၿငိမ္းခ်မ္းေစတဲ့စာေပပါ။ လိုခ်င္တပ္မႈ စတဲ့ တဏွာရာဂမီးေတြကို ခ်ဳပ္ၿငိမ္းေစပါတယ္။

Credit: Original Writer
Sharing By: #One Daily Media

Leave a Comment