Daily News

သားဖြစ်သူမှဆောက်ထားပေးသော တိုက်အိမ်ကြီးတွင်နေရန် ငြင်းဆန်ခဲ့ပြီး အမိုးအကာတွေပျက်စီးကာယိုယွင်းနေသော အိမ်ဟောင်းလေးတွင်သာ နေထိုင်လိုခဲ့သည့် မိခင်အိုကြီး

ဖိလစ်ပိုင်နိုင်ငံ Urdanetaမြို့တွင် နေထိုင်သော အသက် ၆၀ကျော်အရွယ် မိခင်အိုကြီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက်ပိုင်း လမ်းမပေါ်တွင်ထွက်၍ စျေးရောင်းခြင်းဖြင့် သားသမီးတွေကို ရှာကျွေးခဲ့သည်။

မိခင်ဖြစ်သူကြောင့်ပဲ သားသမီးတွေမှာ ပညာတတ်ကြီးဖြစ်ကာ ကိုယ့်ဘဝကိုရပ်တည်လာနိုင်ခဲ့ချိန်တွင် ၅နှစ်အတွင်း ကိုယ်ပိုင်ဝင်ငွေများကို ချွေတာစုဆောင်းပြီး နေချင်စဖွယ်တိုက်အိမ်ကြီးတစ်လုံးအား မိခင်ဖြစ်သူအတွက် ဆောက်လုပ်ပေးခဲ့သည်။

သို့သော်လည်း မိခင်ဖြစ်သူသည် တိုက်အိမ်ကြီးကို လက်ခံခဲ့ခြင်းမရှိပဲ သားသမီးတွေအနေနှင့် သူမအား သတိတရရှိနေပေးရုံနဲ့တင် လုံလောက်ပြီဖြစ်ကြောင်းဆိုခဲ့သည်။

ထို့နောက် မိခင်ဖြစ်သူသည် ပြိုကျလုနီးပါးဖြစ်နေသော အရင်အိမ်ဟောင်းလေးတွင်သာ နေထိုင်ခဲ့ပြီး လမ်းမပေါ်တွင် နေ့စဥ်စျေးထွက်ရောင်းလျက်ရှိသည်။

video

 

 

Hlaing (Love Feeling)

Zawgyi


ဖိလစ်ပိုင်နိုင်ငံ Urdanetaမြို့တွင် နေထိုင်သော အသက် ၆၀ကျော်အရွယ် မိခင်အိုကြီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက်ပိုင်း လမ်းမပေါ်တွင်ထွက်၍ ဈေးရောင်းခြင်းဖြင့် သားသမီးတွေကို ရှာကျွေးခဲ့သည်။



ထို့နောက် မိခင်ဖြစ်သူသည် ပြိုကျလုနီးပါးဖြစ်နေသော အရင်အိမ်ဟောင်းလေးတွင်သာ နေထိုင်ခဲ့ပြီး လမ်းမပေါ်တွင် နေ့စဉ်ဈေးထွက်ရောင်းလျက်ရှိသည်။

Hlaing (Love Feeling)

Leave a Comment