Daily News

နှစ်ပေါင်း ၁,၅၀၀ ကြာအထိ အချင်းချင်းပွေ့ဖက်ရင်းသေဆုံးသွားခဲ့တဲ့ ချစ်သူစုံတွဲတစ်တွဲရဲ့မပျက်စီးသေးတဲ့အရိုးစုကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ သုတေသီများ

၎င်းတို့ရဲ့ သေဆုံးချိန်အတွက် ပြင်ဆင်မှုတွေပြုလုပ်တဲ့အခါ ချစ်သူစုံတွဲများစွာဟာ ကပ်လျက်မြေကွက်များဝယ်ယူခြင်းနှင့် ကျောက်စာပေါ်တွင် အတူတကွနာမည်ရေးထိုးထားခြင်းကဲ့သို့သောရွေးချယ်မှုများကို စဉ်းစားထားတတ်ကြပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရှေးဟောင်းသင်္ချိုင်းတစ်ခုတွင် မကြာသေးမီကတွေ့ရှိမှုတစ်ခုမှာ ထာဝရအတူရှိနေရန်ဆန္ဒဟာ ခေတ်မီတီထွင်မှုတစ်ခုမဟုတ်ကြောင်း ထောက်ပြနေခဲ့ပါတယ်။ Shanxi ပြည်နယ် Datong မြို့ရှိ နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိသင်္ချိုင်းတစ်ခုအား တူးဖော်နေစဉ် သုတေသီများက ရာစုနှစ်များစွာကြာ တင်းကျပ်စွာဖက်ထားလာခဲ့သည့်အရိုးစုစုံတွဲတစ်တွဲကို တွေ့ရှိခဲ့ကြပါတယ်။

Datong တွင်ရှာဖွေတွေ့ရှိခဲ့တဲ့င်္သဂြိုဟ်မှုများစွာတွင် အတူတကွမြှုပ်နှံထားခဲ့တဲ့စုံတွဲများစွာပါဝင်ပါတယ်။ သို့သော် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတည်းကိုသာ ဒွန်တွဲလျက်တွေ့ရှိခဲ့ကြရပါတယ်။ သူမရဲ့ခေါင်းကို ကောင်လေးရဲ့ပုခုံးပေါ်မှာတင်ထားပြီး ကောင်လေးရဲ့လက်မောင်းကလည်း သူမရဲ့ခေါင်းအောက်မှာရှိနေခဲ့ပါတယ်။

လေ့လာမှုမှ သုတေသီတစ်ဦးဖြစ်သူ Qian Wang က ” ဒါဟာ တရုတ်ရဲ့ နေရာတိုင်းမှာ နွေးထွေးတဲ့ပွေ့ဖက်ခြင်းအတွက် ဒီလိုပြုမူတတ်တဲ့ ချစ်သူစုံတွဲကို ပထမဆုံးတွေ့ဖူးတာပဲ” ဟုဆိုခဲ့ပြီး ၎င်းတို့အဖွဲ့က ထိုစုံတွဲရဲ့အရိုးစုကို အမြဲတွဲထားခဲ့ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ သုတေသီများမှတ်သားခဲ့သည့်နောက်ထပ်စိတ်ဝင်စားဖွယ်အသေးစိတ်အချက်မှာ ထိုအမျိုးသမီးဟာ သူမရဲ့ဘယ်ဘက်လက်သူကြွယ်တွင် ရိုးရှင်းတဲ့လက်စွပ်ကို ၀တ်ထားပါတယ်။

ထိုအချိန်က မင်္ဂလာဆောင်လက်စွပ်များက ရိုးရာမဟုတ်သေးပါဘူး။ သို့သော် သုသေသနပြုလုပ်သူများက လက်စွပ်၌ဝတ်ဆင်ထားခြင်းဟာ ရည်ရွယ်ချက်ရှိစွာ ၎င်းတို့ရဲ့နှောင်ကြိုးကိုဆိုလိုခြင်းလားဆိုသည်ကိုတွေးခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးစလုံးဟာ အသက် ၄၀ မတိုင်မီမှာ သေဆုံးသွားခဲ့ပုံရပါတယ်။ ထိုအမျိုးသားဟာ အသက် ၂၉ မှ ၃၅ ကြားတွင် သေဆုံးနိုင်ခြေရှိပြီး သူ့ရဲ့လက်နှင့်လက်ချောင်းတို့တွင် သိသာထင်ရှားသည့်ဒဏ်ရာများရှိတာကို ပြသနေပါတယ်။

အမျိုးသမီးဟာ ဒဏ်ရာမပြဘဲ အသက် ၃၅ နှင့် ၄၀ ကြားသေဆုံးနိုင်ခြေရှိပြီး သုတေသီများက ၎င်းတို့စုံတွဲဟာ နာမကျန်းမှုကြောင့်အတူတကွသေဆုံးနိုင်သည်ဟု ခန့်မှန်းထားကြပါတယ်။ ထိုလူဟာ ဒဏ်ရာများကြောင့်သေဆုံးခြင်းဖြစ်နိုင်ပြီး သူ့ရဲ့ချစ်သူကလည်း သူ့အနား၌မြှုပ်နှံရန် မိမိကိုယ်ကိုသတ်သေခြင်းလည်းဖြစ်နိုင်ပါတယ်။

စာတမ်းပူးတွဲရေးသားသူပါမောက္ခ Qun Zhang က ယခင် မြောက်ပိုင်းဝေသာလီခေတ်တွင် ဗုဒ္ဓသာသနာဟာ လူသိများခဲ့ပြီး နောက်ဘဝနှင့်ပတ်သက်တဲ့အယူအဆများမှာ ပိုမိုပေါများခဲ့ကြောင်း ဆိုခဲ့တာကြောင့် အဆိုပါချစ်သူနှစ်ဦးဟာ နောက်ဘဝအထိအတူရှိနေနိုင်ရန်စိတ်ကူးခဲ့ပုံရပါတယ်။

အချစ်ရဲ့အပြင်အဆင်များသည်လည်း ထိုအချိန်က တရုတ်စာပေနှင့်ယဉ်ကျေးမှုတွင် အရေးပါနေပြီဖြစ်ပါတယ်။ သို့ပေမဲ့လည်း ၎င်းတို့ချစ်သူစုံတွဲရဲ့အရိုးစုပုံစံကို ကြည့်ခြင်းအားဖြင့် ယခင်ရာစုနှစ်များစွာရှိလူသားတို့ရဲ့ချစ်ခြင်းမေတ္တာက လေးနက်ပြီးကြည်နူးစရာကောင်းနေခဲ့ပုံကို သိသာထင်ရှားစေခဲ့ပါတယ်။

Mia (KB Chimmy One)

Reference : mymodernmet

Leave a Comment