Uncategorized

ယခုနှစ်ရဲ့ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ ရေပေါ်ပန်းခြံတစ်ခုရဲ့မယုံနိုင်စရာကောင်းတဲ့မြင်ကွင်းပုံရိပ်များ

ဧည့်သည်များအတွက် မယုံနိုင်လောက်အောင်ထူးခြားတဲ့ပန်းခြံတစ်ခုကို New York မြို့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။ Heatherwick Studio နှင့် Mathews Nielsen Landscape Architects တို့က ဒီဇိုင်းထုတ်ထားတဲ့ အဆိုပါ Little Island အမည်ရှိပန်းခြံဟာ ရှစ်နှစ်ခန့်ကြာခက်ခဲတဲ့အတည်ပြုချက်နှင့်တည်ဆောက်မှုလုပ်ငန်းစဉ်များအပြီးတွင် မြို့သူမြို့သားများအတွက် သဘာဝအပန်းဖြေခရီးနှင့်ငြိမ်းချမ်းတဲ့အပန်းဖြေရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဤစီမံကိန်းဟာ ကူးစက်ရောဂါပြီးနောက် ပထမဆုံးဖွင့်လှစ်တဲ့ပန်းခြံများထဲမှတစ်ခုဖြစ်ပြီး မြို့တော်အား ပြန်လည်ကြည့်ရှုခံစားနိုင်တဲ့နေရာအဖြစ် အများပြည်သူများအတွက်အထောက်အကူဖြစ်စေမှာအသေအချာပါဘဲ။ Little Island ရဲ့အထင်ရှားဆုံးအင်္ဂါရပ်ဟာ ပန်းခြံကို အောက်ကနေထိန်းထားပေးသည့်ထူးခြားတဲ့အစီအမံများသာဖြစ်ပါတယ်။

.

Heatherwick Studio မှ Thomas Heatherwick က “ ဒီပန်းခြံရဲ့အောက်က အထိန်းအကွပ်ကို လိပ်ခုံးကနေ inspired ယူထားသလို မြစ်ရဲ့အခြေအနေကြောင့် အင်ဂျင်နီယာတွေဆီကနေ ဒီလိုဆောက်ဖို့ requestလုပ်ထားခံခဲ့ရတယ်၊ ငါတို့ရဲ့လက်ရာကို လူအများက သဘောကျပါ့မလားတွေးခဲ့သေးတယ်၊ ဒီလိပ်ခုံးပုံတိုင်တွေကို စုပြီး အဲ့ဒီဟာတွေရဲ့အပေါ်မှာ အပင်တွေကိုကြွယ်ဝစွာစိုက်ထားတဲ့မြေဆီလွှာများကို ဖြည့်ထည့်ထားပြီး လှည့်ပတ်ရတာကျေနပ်အောင် ဖန်တီးထားတာပါ ” ဟု ရှင်းပြခဲ့ပါတယ်။

.

သို့ပေမဲ့ ဗိသုကာပညာရှင်များဟာ ဤဖွဲ့စည်းတည်ဆောက်ပုံဖြေရှင်းနည်းအတွက် ဂုဏ်ပြုခံခဲ့ရပြီး သေချာပေါက်အောင်မြင်ခဲ့ပါတယ်။ အသစ်ဖွင့်လှစ်လိုက်သောပန်းခြံရဲ့လှပတဲ့ရိုက်ချက်များဟာ ၎င်း၏ကွဲပြားခြားနားတဲ့အမြင့်အနေအထားများမှတဆင့် လှုပ်ရှားမှုရဲ့အကွာအဝေးကိုပြသနေခဲ့ပါတယ်။ ဤဒီဇိုင်းစနစ်ဟာ amphitheatre နှင့်စင်မြင့်ကဲ့သို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အစီအစဉ်များပါဝင်ရန် ဒီဇိုင်နာများကလည်း ပါဝင်ကူညီပေးခဲ့ကြပါတယ်။

.

Little Island ရဲ့အကြီးမားဆုံးသောလုပ်ဆောင်ချက်အင်္ဂါရပ်မှာ ၎င်းထဲရှိ မယုံနိုင်လောက်အောင်ကောင်းတဲ့ အပင်ဇီဝမျိုးစုံမျိုးကွဲများစွာရှိနေခြင်းပါဘဲ။ Little Island တွင် မြက်ပင်များ၊ ပေါက်ပင်များ၊ သစ်ပင်များနှင့်အခြားပန်းပင်မျိုးစိတ်ပေါင်း ၄၀၀ နီးပါးပါဝင်ပါတယ်။

.

Little Island ကတရားဝင်ပြီးစီးသွားပြီဖြစ်တာကြောင့် New Yorkers များဟာ ၎င်းဘေးပတ်ဝန်းကျင်ရှိလှပတဲ့သဘာဝအပန်းဖြေမြင်ကွင်းများကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဒီတော့ စာဖတ်သူတို့အတွက် ဓာတ်ပုံဆရာ Timothy Schenck နဲ့ Richard Silver တို့ ရိုက်ကူးထားတဲ့ပန်းခြံရဲ့မယုံကြည်နိုင်စရာမြင်ကွင်းအနေအထားပုံရိပ်များကိုပါ ဖော်ပြပေးခဲ့လိုက်ပါတယ်ဗျာ။

Mia (KB Chimmy One)

Reference : mymodernmet

Leave a Comment