Wed. Oct 27th, 2021

ဆွဲဆောင်မှုအားပြင်းတဲ့ ကမ္ဘာတစ်လွှားမှ ထူးဆန်းသောရိုးရာဓလေ့ (၁၁)ခု

နေထိုင်ကြီးပြင်းရာ ဒေသပေါ်မူတည်ပြီး အလှအပ စံနှုန်းများဟာလည်း ကွဲပြားနိုင်ပါတယ်။တကယ်တမ်းတော့ အလှအပဟာ ကြည့်ရှူသူရဲ့ အမြင်နဲ့သာ အဓိကသက်ဆိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အားနည်းချက်လို့ ခံစားနေရတဲ့ အရာတချို့ဟာ တစ်ဖက်လူရဲ့အမြင်မှာတော့ ချစ်စရာအလှအပများလည်း ဖြစ်နေနိုင်ပါတယ်။
အခုတစ်ခါမှာလည်း ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်းစုံမှ လူမျိုးပေါင်းစုံတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတချို့ကို စိတ်ဝင်စားဖွယ် စုစည်းတင်ပြပေးလိုပါတယ်။

(၁) သွားထပ် ၊ သွားစွယ်

 

အနောက်နိုင်ငံများမှာတော့ ညီညာသော သွားပိုင်ရှင်များရ့အပြုံး ကိုသဘောကျနှစ်ခြိုက်တတ်ကြသော်လည်း ဂျပန်နိုင်ငံမှာ “yeaba” ဟုခေါ်သော သွားထပ်ပိုင်ရှင်လေးများ၏ အပြုံးက ဆွဲဆောင်မှုအရှိဆုံး နဲ့ သာမန်ထက် ပိုမိုချစ်စရာကောင်းတယ်လို့ မှတ်ယူထားကြတာပဲ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် ဂျပန်နိုင်ငံရှိ သွားဆရာဝန်များဟာ လူငယ်လူရွယ်များအကြား အလွန်ရေပန်းစားလာခဲ့ပါတယ်။

(၂) အမာရွတ်များဖြင့် အလှဆင်ခြင်း

အနောက်အာဖရိကနိုင်ငံ New Guinea ဒေသတွင် နေထိုင်သူများဟာ ခန္ဓာကိုယ်များပေါ်မှာအမာရွတ်များ ပုံစံမျိုးစုံရေးဆွဲကာ အလှဆင်လေ့ရှိကြပါတယ်။ထိုအရာများဟာ အလှအပရဲ့သင်္ကေတဖြစ်ပြီး အမျိုးသားများက အမျိုးသမီးများကို အခမ်းအနားဖြင့် ရေးဆွဲပေးလေ့ရှိပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင်တော့ ဤကိစ္စကို ဆွဲဆောင်မှုရှိသည်ဟု သတ်မှတ်သူ လူအနည်းစုသာရှိပါတယ်။

(၃) အသည်းနှလုံး ပုံသဏ္ဍာန်မျက်နှာ

တောင်ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိတ်ပြုပြင်ခြင်းဟာ တွင်ကျယ်နေသည်သာမက သာမန်ကိစ္စတစ်ခုလိုပင် သဘောထားကြပြီး မြို့ကြီးပြကြီး များမှာတော့ မျက်နှာလာရောက်ခွဲစိတ်ပြုပြင်ရန် ဖိတ်ခေါ်ကြော်ငြာများကို နေရာအနှံ့တွေ့ရနိုင်ပါတယ်။
အသည်းနှလုံး ပုံသဏ္ဍာန်မျက်နှာများဟာ လှပသောအသွင်အပြင်အတွက် အဓိကသော့ချက်လဲ ဖြစ်ပါတယ်။ထို့ကြောင့် ကိုရီးယားလူမျိုးများဟာ ခွဲစိတ်ပြုပြင်မှုများ လုပ်လေ့ရှိကြပါတယ်။ မေးရိုးကို ၃ ပိုင်း ပိုင်းကာ အလယ်ပိုင်းကို ဖယ်ရှားခြင်း (သို့) ၂ပိုင်းကို ပေါင်းစပ်ခြင်းများဖြင့် ပိုမိုချွန်ထွက်သော မေးရိုးသဏ္ဍာန်များ ဖန်တီးကြပါတယ်။အဆိုပါ ခွဲစိတ်မှုများပြုလုပ်ပြီးလျှင်လဲ အချိန်ကာလတစ်ခုကြာမြင့်သည်အထိ မာကျောသောအစားစားများ စားခြင်းကို ရှောင်ကြဉ်ကြရပါသေးတယ်။

(၄) ဝိတ်လွန်ခြင်း

Mauritanians များသာ ဗိုက်ခေါက်မရှိလျှင် အမျိုးသားကို မဆွဲဆောင်နိုင်ဘူး ဟု ယူဆသူများဖြစ်ကြပါတယ်။ထို့ကြောင့် မိဘများဟာ သမီးမိန်းကလေးများကို တစ်နေ့လျှင် (၁၆၀၀၀) ကယ်လိုရီ စားခိုင်းကြပါတယ်။သို့သော်လည်း ဆေးပညာရှူထောင့်အရကြည့်လျှင် လိုအပ်သော ကယ်လိုရီပမာဏမှာ တစ်နေ့အလွန်ဆုံး (၁၅၀၀) သာ ဖြစ်သောကြောင့် ကျန်းမာရေးမညီညွတ်ခြင်းများလဲ တွေ့ရှိရပါတယ်။

(၅) ခွဲစိတ်ပြုပြင်ပတ်တီးများ

အီရန်နိုင်ငံဟာ အရိုးခွဲစိတ်ပြုပြင်ခြင်း မြို့တော်တစ်ခုဖြစ်ပါတယ်။ ကုန်ကျစရိတ်များပြားလှသော်လည်း အမျိုးသား၊အမျိုးသမီးများ အားလုံးကတော့ အလှတရားအတွက်သာမက လူအဖွဲ့အစည်းအတွင်းမှာပါ အရေးပါတဲ့ နှာတံချွန်များရရှိဖို့အတွက် ဘာမဆိုလုပ်မည့်သူများ သာဖြစ်ပါတယ်။
ထူးခြားမှုတစ်ခုကတော့ နှာခေါင်းရိုးခွဲစိတ်ထားခြင်း မရှိသော်လည်း လူအများကြားတွင်မူ ခွဲစိတ်ထားသည့်ဟန်ဖြင့် ပတ်တီးများအုပ်ကာ သွားလာလေ့ရှိကြခြင်းပဲ ဖြစ်ပါတယ်။

(၆) ဖြူဖျော့သော အသားအရည်

အာရှနိုင်ငံအများစုဟာ အသားဖြူခြင်းကို အလှတရားအဖြစ် စံနှုန်းထားလေ့ရှိပါတယ်။တရုတ်လူမျိုးအများစုဟာ ကမ်းခြေအပျော်ခရီးများကြောင့် အသားအရည်နေလောင်စေမည်ကို စိုးရွံ့လေ့ရှိကြပါတယ်။ ထို့အပြင် တရုတ်နှင့် ယိုးဒယားလူမျိုးအများစုကတော့ အသားအရည်ညိုအောင် နေပူဆာလှုံလေ့ရှိတယ် အနောက်နိုင်ငံသားများအပေါ် နားမလည်နိုင်အောင် ဖြစ်လေ့ရှိကြပါတယ်။

(၇)ကျယ်ပြန့်သောနဖူးပြင်

အာဖရိကတိုက်ရှိ Fula မျိုးနွယ်စု အမျိုးသမီးများဟာ ကျယ်ပြန့်သောနဖူးပြင်များ ပိုင်ဆိုင်လိုကြပါတယ်။ထို့ကြောင့်အမျိုးသမီးများဟာ သူမတို့ရဲ့ ဆံပင်များကို ဖယ်ရှားရိတ်ပစ်တတ်ကြပါတယ်။
ထို့ကဲ့သို့ မိမိဦးခေါင်းထက် နဖူးတစ်ဝက်မှ ဆံပင်များကို ဖယ်ရှားပစ်လေ့ရှိသည့် အလားတူဓလေ့တစ်ခုကို အလယ်ခေတ်ဥရောပ အမျိုးသမီးများမှာလဲ တွေ့ရှိခဲ့ရဖူးပါတယ်။

(၈) လည်တိုင်ရှည်များ

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသရှိ ကယမ်းလူမျိုး အမျိုးသမီးများမှာ တွေ့ရှိရပြီး မြန်မာနိုင်ငံကို “the country of giraffe women” လို့လည်း ခေါ်ဆိုကြပါသေးတယ်။သူတို့ဟာ ကြေးဝါကွင်းများကို လည်တိုင်မှာ ဝတ်ဆင်လေ့ရှိကြပြီး လည်တိုင် ပိုရှည်လေပိုမိုလှပလေ လို့ မှတ်ယူကြပါတယ်။ရှေးလူကြီးများကတော့ ကျားရဲသတ္တဝါများ ရန်ကိုကာကွယ်ရန်ဝတ်ဆင်ကြသည်ဟုလည်း ပြောဆိုကြသော်လည်း အမှန်တကယ်တမ်းမှာတော့ မျိုးနွယ်စုများ၏ ဓလေ့ကိုဖော်ပြခြင်းမျိုးသာ ဖြစ်ပါတယ်။

(၉) ချဲ့ကားထားသောနူတ်ခမ်း နှင့် အနီရောင်အသားအရည်

 

 

အီသီယိုးပီးယားနိုင်ငံ Mursi မျိုးနွယ်စုမှ အမျိုးသမီးများဟာ သူမတို့ရဲ့ အောက်နုတ်ခမ်းကို စက်ဝိုင်းသဏ္ဍာန်အပြားများ အသုံးပြုပြီးရှည်လျားလာအောင် လုပ်ယူကြရပါတယ်။။ပိုမိုရှည်လျားလေ ထိုမိန်းကလေးဟာ ပေါင်းသင်းဆက်ဆံ‌ရေးပိုကောင်းသူ လို့ သတ်မှတ်ခံရလေဖြစ်ပါတယ်။
အနောက်တောင် အီသီယိုးပီးယားနိုင်ငံမှ Suri ဟုခေါ်ဆိုတဲ့ အာဖရိကန်မျိုးနွယ်စုများမှာလည်း အလားတူ ဓလေ့ကိုတွေ့ရှိရပါတယ်။သူတို့မျိုးနွယ်စုများကတော့ လူဦးရေ(၂၀၀၀၀) နီးပါးခန့်ရှိပါတယ်။

Namibia အနောက်မြောက်ဖက် Kaokoland ဒေသမှ Himba လူမျိုးများကတော့ နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် မြေနီမှုန့်များကို အသုံးပြုလေ့ရှိသောကြောင့် သူတို့ရဲ့ခန္ဓာကိုယ်များကိုလည်း အနီရောင်များအဖြစ် တွေ့မြင်ရပါတယ်။

(၁၀) မျက်ခုံးဆက်

တာဂျစ်ကစ္စတန်နိုင်ငံ ဒေသအချို့မှ အမျိုးသမီးများမှာ တွေ့ရလေ့ရှိပါတယ်။အကယ်၍များသာအဆိုပါချစ်စရာအသွင်အပြင်မျိုးကို သဘာဝအတိုင်း မရရှိခဲ့လျှင်တောင် မျက်ခုံးမွှေးဆွဲတံ ကိုအသုံးပြုပြီး ကိုယ်တိုင်ပြင်ဆင်လိုက်ဖို့ ဆုံးဖြတ်မိနိုင်ပါတယ်။
၎င်းတို့ အယူအဆအရတော့ အဆိုပါ မျက်ခုံးဆက်သွယ်ခြင်းမျိုးဟာ ကံကောင်းသောအနာဂတ်ဘဝကို ပိုင်ဆိုင်ရမယ့် နိမိတ်မျိုးလို့လည်း ဆိုကြပါတယ်။

သင်ရော မိမိရဲ့ ကိုယ်ပိုင်သဘာဝ အလှတရားများကိုရော ရှာဖွေကြည့်ဖူးပါသလား ? ဖော်ပြပါ သူများ၏ ထူးခြားတဲ့ အလေ့အထများက ကျွန်ုပ်တို့ကို အံ့ဩစေခဲ့သလို့ ကျွန်ုပ်တို့၏နားဖောက်ခြင်း နားကပ်တပ်ခြင်း ၊ ဒေါက်မြင့်ဖိနပ်များ စီးခြင်း စသည်တို့အပေါ်လဲ ထိုသူများက အံ့ဩတွေဝေနေကြမှာပါ ။

 

BrightSide

Written One Daily Media

 

Leave a Reply

Your email address will not be published. Required fields are marked *