Daily News

ကျောင်းသို့ နေ့စဥ် ၈ ကီလိုမီတာကျော် လမ်းလျှောက်လာရလို့ ကျောင်းသားတွေက ဖိနပ်တစ်ရန်နဲ့ surprise လုပ်ခဲ့လို့ မျက်ရည်များစီးကျနေခဲ့တဲ့ ဆရာ

ဖိလစ်ပိုင်နိုင်ငံက Laguna ပြည်နယ်ရှိ Immunctus Heart of Mary Secondary School မှ ကျောင်းသားများက အသက် ၅၀ အရွယ် Cesar Pansalan အမည်ရှိ သူတို့ရဲ့ဆရာဟာ ၈.၈ ကီလိုမီတာထက်ပိုတဲ့ အကွာအဝေးနဲ့ ကျောင်းလာခဲ့ရတာကို သိနေတာကြောင့် ကျောင်းသားများက ဆရာ့အတွက် ဖိနပ်အသစ်တစ်ရန် ဝယ်ပေးခဲ့ပါတယ် ။ ဆရာကစာသင်တာမစခင် အခန်းထဲကို လမ်းလျှောက်သွားပြီး လက်ဆောင်သေတ္တာတစ်လုံးကို တွေ့လို့ပါတယ် ။ ကျောင်းသားများက သေတ္တာကိုဖွင့်ရန် ပြောတဲ့အခါ ဆရာကသေတ္တာကို ဖွင့်ကြည့်လိုက်ပြီး မျက်ရည်များစီးကျလာခဲ့ပါတယ် ။ ဆရာ Cesar က ကလေးတွေကို သူ့အတွက် ဘာလို့ ဖိနပ်ဝယ်ပေးရတာလဲလို့ မေးလိုက်တော့ ကျောင်းသားများက “ကျွန်တော်တို့တွေပေးလိုက်တဲ့ ဖိနပ်တစ်ရန်က ဆရာ ပေးခဲ့တဲ့ အသိပညာနဲ့ နှိုင်းယှဉ်ရင် သေးငယ်တဲ့ အရာတစ်ခုသာ ဖြစ်တယ်” လို့ ဆရာ့ကို ပြန်ဖြေခဲ့ပါတယ် ။ ဒါဟာ ကြည့်နူးဖွယ်ရာကောင်းတဲ့ အခိုက်အတန့်လေးပါ ။

.

.

.

.

.

.

.

JRose (KB Chimmy One)

Reference : sanook

.

.

.

.

Zawgyi


JRose (KB Chimmy One)

Leave a Comment