success

လူချမ်းသာ​​တွေနဲ့ လူဆင်းရဲ​တွေ​ရဲ့ ​ခြားနားချက် (၁၇)ချက်

Unicode Version

စာရေးဆရာ T. Harv Eker ရေးသား​ခဲ့​တဲ့ “သန်းကြွယ် သူဌေးတွေရဲ့ စိတ်​နေစိတ်ထား လျှိို့ဝှက်ချက်များ”
(Secrets of the Millionaire Mind) စာအုပ် ထဲမှာပါတဲ့ လူချမ်းသာ​​တွေနဲ့ လူဆင်းရဲ​တွေ​ရဲ့ ​ခြားနားချက် (၁၇) ချက်ကို ဖော်ပြလိုက်ပါတယ်။
​​
(၁) လူချမ်းသာ​တွေက “ကိုယ့်​ကြမ္မာ ကိုယ်​ဖန်တီးနိုင်တယ်” လို့ ယုံကြည်ကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ “​​အရာ​အားလုံးဟာ ကံစီ​မံရာ​အတိုင်းပဲ” လို့ ယုံကြည်ကြပါတယ်။

 

(၂) ငွေကြေးကစားပွဲမှာ လူချမ်းသာ​တွေက နိုင်အောင် ကြိုးစားပြီး တိုက်စစ်​နဲ့ ကစားကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ ​ခံစစ်​နဲ့ မရှုံးဖို့ကိုပဲ ​အားစိုက်ကြိုးစားကြပါတယ်။

 

 

(၃) ​လူချမ်းသာ​တွေက ချမ်းသာအောင် ဖိဖိစီးစီး ကြိုးစားဖို့ ကတိပြုကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ ချမ်းသာဖို့ စိတ်ကူးယဉ်ပါတယ်။

(၄) လူချမ်းသာ​တွေက ကြီးကျယ်မြင့်မြတ်တာတွေကို တွေးပါတယ်။ လူဆင်းရဲ​တွေက​​တော့ ​အသေး​အဖွဲ ​အ​​ရေးမပါတာ​တွေကို တွေးပါတယ်။

 

(၅) လူချမ်းသာ​တွေက ​အခွင့်​အလမ်း ​အလား​အလာတွေကို အာရုံစိုက်ပါတယ်။ လူဆင်းရဲ​တွေက ပြဿနာ​တွေကို အာရုံစိုက်ပါတယ်။

(၆) လူချမ်းသာ​တွေက ​အခြား ​ချမ်းသာအောင်မြင်​နေ​တဲ့သူ​တွေကို လေးစား​အားကျပါတယ်။ လူဆင်းရဲ​တွေက​​တော့ ချမ်းသာအောင်မြင်​နေ​တဲ့သူ​တွေကို မလိုစိတ်ထား ​အမုန်းပွားပါတယ်။

 

 

(၇) လူချမ်းသာ​တွေက ​အ​​ကောင်းမြင်စိတ်​နဲ့ ကြိုးစား အောင်မြင်လာ​တဲ့သူ​တွေ​နဲ့ ​​မိတ်​ဆွေ​ဖွဲ့ ပေါင်းသင်းပါတယ်။ လူဆင်းရဲ​တွေက​​တော့ ​အဆိုးမြင်တတ်​တဲ့ ဘဝ​အရှုံးသမား​တွေ​နဲ့ ​​ပေါင်းသင်းကြပါတယ်။

(၈) လူချမ်းသာ​တွေက ကိုယ်သိထားတတ်ထား​တဲ့ ​အရည်​အချင်း၊ ​တန်ဖိုး​နဲ့ ယုံကြည်ချက်​တွေကို ရဲရဲဝံ့ဝံ့ ထုတ်​​ဖော်တတ်ကြပါတယ်။ လူဆင်းရဲတွေက​​တော့ ဒီလိုထုတ်​​ဖော်ဖို့ မနှစ်သက်ကြပါဘူး။

(၉) လူချမ်းသာ​တွေဟာ သူတို့ကြုံ​​တွေ့ရ​တဲ့ ပြဿနာ​တွေကို ​​ကျော်လွှားတွန်း​လှန်နိုင်ပါတယ်။ လူဆင်းရဲ​တွေက​​တော့ ပြဿနာ​တွေ​ရဲ့​အောက်မှာ ပိပြား​နေတတ်ကြပါတယ်။

(၁၀) လူချမ်းသာ​တွေက ကိုယ်လက်​ခံရရှိ​တဲ့​အရာ​တွေကို ထိုက်ထိုက်​တန်​တန် ​ကျေ​ကျေနပ်နပ်လက်​ခံကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ မထိုက်​တန်ပဲရလာသလို ဘာလိုလို​နဲ့ ရှက်ရွံ့​လက်တွန့် ​နေတတ်ကြပါတယ်။

(၁၁) လူချမ်းသာ​တွေဟာ ကိုယ်လုပ်​တဲ့​အလုပ်​ရဲ့ ​ရလဒ်​​ပေါ်မူတည်ပြီး ​ငွေရ​တဲ့ ​အလုပ်မျိုးကို ရွေးလုပ်ကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ ​ကိုယ်ပေးလိုက်ရ​တဲ့ ​အချိန်​တွေ​​ပေါ် မူတည်ပြီး ​ငွေရ​တဲ့ ​အလုပ်မျိုးကို ရွေးလုပ်ကြပါတယ်။

 

 

(၁၂) လူချမ်းသာ​တွေဟာ “သား ရွှေအိုးထမ်းလာတာကို မြင်” ရအောင် ထိုးထွင်းပြီး တွေးကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ “သား​ အသက်ရှင်ဖို့”၊ “ရွှေအိုးကြီးရဖို့” ​နဲ့ “မျက်စိမြင်ဖို့” ကို တစ်ခုမဟုတ် တစ်ခုပဲ တွေးတတ်ကြ ပါတယ်။

(၁၃) လူချမ်းသာ​တွေဟာ သူတို့​ရဲ့ ​အသားတင်ကြွယ်ဝ ချမ်းသာမှုကို အာရုံစိုက်ပါတယ်။ လူဆင်းရဲ​တွေက​​တော့ လုပ်​အားခ ဝင်​ငွေကိုပဲ အာရုံစိုက်ပါတယ်။

(၁၄) လူချမ်းသာ​တွေက ​ငွေကြေးစီ​မံခန့်ခွဲမှု ကျွမ်းကျင်ကြ ပါတယ်။ လူဆင်းရဲ​တွေက ငွေကြေးစီ​မံခန့်ခွဲမှု ညံ့ဖျင်း ကြပါတယ်။

(၁၅) လူချမ်းသာ​တွေက ​ငွေကို ခိုင်းထားတတ်ကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ ​ငွေ​ရဲ့ခိုင်းတာကို ​ခံ​နေရပါတယ်။

 

 

(၁၆) လူချမ်းသာ​တွေဟာ ကြောက်ရွံ့​နေလည်း ​လုပ်စရာ ရှိတာ ဆက်လုပ်ပါတယ်။ လူဆင်းရဲ​တွေက​​တော့ ​အကြောက်တရားတွေကြား ဘာမှ ဆက်မလုပ်နိုင်​​တော့ပါ ဘူး။

(၁၇) လူချမ်းသာ​တွေဟာ ​​အမြဲ​​လေ့လာသင်ယူတိုးတက်​နေကြပါတယ်။ လူဆင်းရဲ​တွေက​​တော့ သူတို့ ​အကုန်သိ​အကုန်တတ်​နေပြီလို့ ​အထင်ရောက်ကြပါတယ်။

​(​အချို့​အချက်​တွေက​​ ​ပြည့်​ပြည့်ဝဝ ​မှန်​ကန်တယ်လို့ မဆိုနိုင်ပဲ ခြွင်းချက်​တွေ​​တော့ ရှိပါတယ်။ ကိုယ်တိုင်ပဲ ချင့်ချိန်သုံးသပ်ကြပါခင်ဗျာ။)
“အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ”

 

#Zawgyi Version

လူခ်မ္းသာ​​ေတြနဲ႕ လူဆင္းရဲ​ေတြ​ရဲ႕ ​ျခားနားခ်က္ (၁၇) ခ်က္
17 Differences Between Rich and Poor

စာေရးဆရာ T. Harv Eker ေရးသား​ခဲ့​တဲ့ “သန္းႂကြယ္ သူေဌးေတြရဲ႕ စိတ္​ေနစိတ္ထား လွ်ိို႔ဝွက္ခ်က္မ်ား”
(Secrets of the Millionaire Mind) စာအုပ္ ထဲမွာပါတဲ့ လူခ်မ္းသာ​​ေတြနဲ႕ လူဆင္းရဲ​ေတြ​ရဲ႕ ​ျခားနားခ်က္ (၁၇) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။
​​
(၁) လူခ်မ္းသာ​ေတြက “ကိုယ့္​ၾကမၼာ ကိုယ္​ဖန္တီးနိုင္တယ္” လို႔ ယုံၾကည္ၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ “​​အရာ​အားလုံးဟာ ကံစီ​မံရာ​အတိုင္းပဲ” လို႔ ယုံၾကည္ၾကပါတယ္။

(၂) ေငြေၾကးကစားပြဲမွာ လူခ်မ္းသာ​ေတြက နိုင္ေအာင္ ႀကိဳးစားၿပီး တိုက္စစ္​နဲ႕ ကစားၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ​ခံစစ္​နဲ႕ မရႈံးဖို႔ကိုပဲ ​အားစိုက္ႀကိဳးစားၾကပါတယ္။

(၃) ​လူခ်မ္းသာ​ေတြက ခ်မ္းသာေအာင္ ဖိဖိစီးစီး ႀကိဳးစားဖို႔ ကတိျပဳၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ခ်မ္းသာဖို႔ စိတ္ကူးယဥ္ပါတယ္။

(၄) လူခ်မ္းသာ​ေတြက ႀကီးက်ယ္ျမင့္ျမတ္တာေတြကို ေတြးပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ​အေသး​အဖြဲ ​အ​​ေရးမပါတာ​ေတြကို ေတြးပါတယ္။

(၅) လူခ်မ္းသာ​ေတြက ​အခြင့္​အလမ္း ​အလား​အလာေတြကို အာ႐ုံစိုက္ပါတယ္။ လူဆင္းရဲ​ေတြက ျပႆနာ​ေတြကို အာ႐ုံစိုက္ပါတယ္။

(၆) လူခ်မ္းသာ​ေတြက ​အျခား ​ခ်မ္းသာေအာင္ျမင္​ေန​တဲ့သူ​ေတြကို ေလးစား​အားက်ပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ခ်မ္းသာေအာင္ျမင္​ေန​တဲ့သူ​ေတြကို မလိုစိတ္ထား ​အမုန္းပြားပါတယ္။

(၇) လူခ်မ္းသာ​ေတြက ​အ​​ေကာင္းျမင္စိတ္​နဲ႕ ႀကိဳးစား ေအာင္ျမင္လာ​တဲ့သူ​ေတြ​နဲ႕ ​​မိတ္​ေဆြ​ဖြဲ႕ ေပါင္းသင္းပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ​အဆိုးျမင္တတ္​တဲ့ ဘဝ​အရႈံးသမား​ေတြ​နဲ႕ ​​ေပါင္းသင္းၾကပါတယ္။

(၈) လူခ်မ္းသာ​ေတြက ကိုယ္သိထားတတ္ထား​တဲ့ ​အရည္​အခ်င္း၊ ​တန္ဖိုး​နဲ႕ ယုံၾကည္ခ်က္​ေတြကို ရဲရဲဝံ့ဝံ့ ထုတ္​​ေဖာ္တတ္ၾကပါတယ္။ လူဆင္းရဲေတြက​​ေတာ့ ဒီလိုထုတ္​​ေဖာ္ဖို႔ မႏွစ္သက္ၾကပါဘူး။

(၉) လူခ်မ္းသာ​ေတြဟာ သူတို႔ႀကဳံ​​ေတြ႕ရ​တဲ့ ျပႆနာ​ေတြကို ​​ေက်ာ္လႊားတြန္း​လွန္နိုင္ပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ျပႆနာ​ေတြ​ရဲ႕​ေအာက္မွာ ပိျပား​ေနတတ္ၾကပါတယ္။

(၁၀) လူခ်မ္းသာ​ေတြက ကိုယ္လက္​ခံရရွိ​တဲ့​အရာ​ေတြကို ထိုက္ထိုက္​တန္​တန္ ​ေက်​ေက်နပ္နပ္လက္​ခံၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ မထိုက္​တန္ပဲရလာသလို ဘာလိုလို​နဲ႕ ရွက္႐ြံ႕​လက္တြန့္ ​ေနတတ္ၾကပါတယ္။

(၁၁) လူခ်မ္းသာ​ေတြဟာ ကိုယ္လုပ္​တဲ့​အလုပ္​ရဲ႕ ​ရလဒ္​​ေပၚမူတည္ၿပီး ​ေငြရ​တဲ့ ​အလုပ္မ်ိဳးကို ေ႐ြးလုပ္ၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ​ကိုယ္ေပးလိုက္ရ​တဲ့ ​အခ်ိန္​ေတြ​​ေပၚ မူတည္ၿပီး ​ေငြရ​တဲ့ ​အလုပ္မ်ိဳးကို ေ႐ြးလုပ္ၾကပါတယ္။

(၁၂) လူခ်မ္းသာ​ေတြဟာ “သား ေ႐ႊအိုးထမ္းလာတာကို ျမင္” ရေအာင္ ထိုးထြင္းၿပီး ေတြးၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ “သား​ အသက္ရွင္ဖို႔”၊ “ေ႐ႊအိုးႀကီးရဖို႔” ​နဲ႕ “မ်က္စိျမင္ဖို႔” ကို တစ္ခုမဟုတ္ တစ္ခုပဲ ေတြးတတ္ၾက ပါတယ္။

(၁၃) လူခ်မ္းသာ​ေတြဟာ သူတို႔​ရဲ႕ ​အသားတင္ႂကြယ္ဝ ခ်မ္းသာမႈကို အာ႐ုံစိုက္ပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ လုပ္​အားခ ဝင္​ေငြကိုပဲ အာ႐ုံစိုက္ပါတယ္။

(၁၄) လူခ်မ္းသာ​ေတြက ​ေငြေၾကးစီ​မံခန့္ခြဲမႈ ကြၽမ္းက်င္ၾက ပါတယ္။ လူဆင္းရဲ​ေတြက ေငြေၾကးစီ​မံခန့္ခြဲမႈ ညံ့ဖ်င္း ၾကပါတယ္။

(၁၅) လူခ်မ္းသာ​ေတြက ​ေငြကို ခိုင္းထားတတ္ၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ​ေငြ​ရဲ႕ခိုင္းတာကို ​ခံ​ေနရပါတယ္။

(၁၆) လူခ်မ္းသာ​ေတြဟာ ေၾကာက္႐ြံ႕​ေနလည္း ​လုပ္စရာ ရွိတာ ဆက္လုပ္ပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ ​အေၾကာက္တရားေတြၾကား ဘာမွ ဆက္မလုပ္နိုင္​​ေတာ့ပါ ဘူး။

(၁၇) လူခ်မ္းသာ​ေတြဟာ ​​အၿမဲ​​ေလ့လာသင္ယူတိုးတက္​ေနၾကပါတယ္။ လူဆင္းရဲ​ေတြက​​ေတာ့ သူတို႔ ​အကုန္သိ​အကုန္တတ္​ေနၿပီလို႔ ​အထင္ေရာက္ၾကပါတယ္။

​(​အခ်ိဳ႕​အခ်က္​ေတြက​​ ​ျပည့္​ျပည့္ဝဝ ​မွန္​ကန္တယ္လို႔ မဆိုနိုင္ပဲ ႁခြင္းခ်က္​ေတြ​​ေတာ့ ရွိပါတယ္။ ကိုယ္တိုင္ပဲ ခ်င့္ခ်ိန္သုံးသပ္ၾကပါခင္ဗ်ာ။)
“အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ”

Credit: Original Writer
Sharing By: #One Daily Media

Leave a Comment